စကားဝိုင်းလေး

မဂ်လာပါ HIVE-MYANMAR အဖွဲ့သားတို့ရေ.....
မနေ့ည က ကျနော်တို့ စကားဝိုင်း လေးအကြောင်းပြော ပြ ချင် ပါတယ်။ စကားဝိုင်း လေး က အမှတ်မထင် ဖြစ်ခဲ့ သာပေါ့။ ကျနော် က @callmemaungthan နဲ့ ညဘက် ဆုံမယ် ဆိုပြီး ချိန်း ပါတယ်။ သူလည်း သူ့အလုပ်ပြီး ချိန် ည ၈နောက်ပိုင်း ဆုံမယ် ထိုင်နေကြ ရာမာန် ဆိုင် ရှေ့က အသုပ် ဆိုင်လေးစီ ချိန်းလိုက်ပါတယ်။

@callmemaungthan က သူနဲ့ fb မှာ ခင် တဲ့ သူ့ သူငယ်ချင်း တစ်ယောက်ပါ ခေါ် ခဲ့ပါတယ်။ သူကတော့ mining လုပ်တဲ့ crytro ပိုင်းတွေ ကျွမ်းတဲ့ @mrheinminhtwe ဖြစ်ပါတယ်။ ကျနော်တို့ သုံးယောက်ဆုံနေရင် ကျနော်ငယ်သူငယ်ချင်း ပြည်စုံ‌ဆိုသူလည်းပါဝင်လာတယ်။ မောင်သန်း ၊ ဟိန်းမင်းထွေး ၊ ကျနော်၊ ပြည့်စုံ ဆိုပြီး ၄ယောက်ဆုံတဲ့စကားဝိုင်းလေးဖြစ်ပါတယ်။ မောင်သန်း က HIVE အကြောင်းကိုသေချာ ရှင်းပြ။ ဟိန်းမင်းထွေးက သူ့အတွေ့ကြုံရှိတဲ့ miningအကြောင်း airdropအကြောင်းရှင်းပြ ကြနဲ့ စကားဝိုင်း ကောင်း သာ ကိုယ့်ကြိုက်တဲ့ ဟင်းနဲ့ ထမင်းစားရသလိုပါပဲ ။ HIVE မှာ ဘယ်လိုတွေ ပိုစ်တင်မဲ့အကြောင်းတွေ ပြောဖြစ်ကြပါတယ်။ ကျနော်ကတော့ ဒီနယ်ပယ်ကို ရောက်သာ တစ်လကျော်လေးပဲရှိသေးတယ် ဆိုတော့ နားထောင်ရင် အများကြီး သိခဲ့ရပါတယ်။ ဘေးက ကျနော်သူငယ်ချင်း ပြည့်စုံ က စိတ်ပါဝင်စားလာပါတယ်။ စကား‌‌ေကာင်း‌ေနသာ ည၁၀နာရီ‌ေရာက်တော့ လူခွဲပြီး ကိုယ့်ကို အိမ်ကိုယ် ပြန်သွားကြပါတယ်။ နောက်အားရင်လည်း ဆုံဖြစ် ကြမယ်ထင်ပါတယ်။

ဒီလိုစကား ဝိုင်းက Crytoလိုင်း ပေါ်ရောက်နေသူတွေနဲ့ပြောမှသာ ပြောလို့ကောင်းသာပါ။ စိတ်မဝင်စားတဲ့ သူတွေ သွားပြော ပြပြန်ရင်လည်း ကိုယ့်စကားက အရာ မရောက်သလို၊ လေအာ နေသာပါဆိုပြီး ထင်ခံထိသေးပါတယ်။



0
0
0.000
8 comments
avatar

ကောင်းပါတယ်ဗျာ နောက်လည်းဆွေးနွေးနိုင်ရင်ပိုကောင်းပါတယ် 😊!PIZZA

0
0
0.000