Around The World- Challenge #48/4🌎

avatar

Hello everyone, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


Among my dear friends, there may be people who know the big bridge you see in this photo, and there may be people who don't. This bridge is a bridge in Myanmar. It is also a bridge that was built when Myanmar was ruled by the British. Since it is a bridge that connects the Inwa side and the Sagaing side, some call it the Inwa Bridge, while others call it the Sagaing Bridge. Most people call it Sagaing Bridge.

ချစ်သူငယ်ချင်းတို့ထဲမှာ အခုဓာတ်ပုံထဲမှာမြင်ရတဲ့ တံတားကြီးကို သိတဲ့သူတွေလည်းရှိနိုင်သလို မသိကြတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဒီတံတားက မြန်မာနိုင်ငံမှာရှိတဲ့တံတားဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့အုပ်ချုပ်ခဲ့စဉ်က တည်ဆောက်ခဲ့တဲ့တံတားလည်းဖြစ်ပါတယ်။ အင်းဝဘက်ကမ်းနဲ့ စစ်ကိုင်းဘက်ကမ်းကို ဆက်သွယ်ထားတဲ့ တံတားဖြစ်တဲ့အတွက် အချို့ကလည်း အင်းဝတံတားလို့ ခေါ်ကြသလို အချို့ကလည်း စစ်ကိုင်းတံတားလို့ခေါ်ကြပါတယ်။ လူအများစုကတော့ စစ်ကိုင်းတံတားလို့ပဲခေါ်ကြပါတယ်။

Since I live in Sagaing City, I have many photos of Sagaing Bridge. The Sagaing Bridge was the first bridge built across the Irrawaddy River. The Irrawaddy River is also an important river for Myanmar. Today, there are many bridges over the Irrawaddy River. Sagaing Bridge is old and old. That is why trucks are no longer allowed to pass over Sagaing Bridge. Sagaing Bridge, which served for many years, is now used only by those who want to learn knowledge. Friends, I have come to visit Myanmar, so if you happen to be near Sagaing city, I suggest that you should visit and study.

ကျွန်တော်က စစ်ကိုင်းမြို့မှာ နေထိုင်တာဖြစ်တဲ့အတွက် စစ်ကိုင်းတံတားရဲ့ ဓာတ်ပုံတွေ အများကြီးရှိပါတယ်။ စစ်ကိုင်းတံတားကြီးက ဧရာဝတီမြစ်ကို ဖြတ်ပြီးတည်ဆောက်ခဲ့တဲ့ ပထမဆုံးတံတားဖြစ်ပါတယ်။ ဧရာဝတီမြစ်ကလည်း မြန်မာနိုင်ငံအတွက်အရေးပါတဲ့မြစ်ပဲဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ ဧရာဝတီမြစ်ကူးတံတားပေါင်းများစွာ ရှိနေပြီဖြစ်ပါတယ်။ စစ်ကိုင်းတံတားကြီးကလည်း ဟောင်းနွမ်းအိုမင်းနေပါပြီ။ ဒါကြောင့်လည်း စစ်ကိုင်းတံတားကြီးပေါ်ကနေ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်မပေးတော့ပါဘူး။ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ကိုင်းတံတားကြီးကတော့ ဗဟုသုတလေ့လာချင်သူတွေအတွက်လောက်သာ အသုံးပြုကြပါတော့တယ်။ မိတ်ဆွေတို့အနေနဲ့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့လို့ စစ်ကိုင်းမြို့အနားရောက်ခဲ့ရင် ဝင်ရောက်လေ့လာသင့်ပါတယ်လို့ အကြံပြုလိုက်ရပါတယ်။


The photo below is the contestant photo for this week's around the world challenge #48/4.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် around the world challenge #48/4 အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
4 comments
avatar

@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @ansoe gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000