ကျွတ်တော့မယ်

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

နေ့စဉ်စာတွေဖြစ်အောင်ရေးနေကြရတာ စာတွေလည်းအတော်ကြေညက်နေလောက်ပြီထင်ပါတယ်... တွေ့ကရာစာ ပေါက်ကရစာ လေလွင့်စာ မြင်ကရာစာ ဘာပဲဖြစ်ဖြစ် ဘာပဲတွေ့တွေ့ ဘာပဲ ကြုံကြုံ စာရေးဖို့လောက်ပဲတွေးနေကြတယ်မဟုတ်လား... ဟုတ်တယ် ဟုတ် 😝 မြင်ကွင်းလေးလှသလား ဖုန်းထုတ်ပြီး ဓာတ်ဖမ်းပြီးသားပဲ... ဘာပဲကြားကြား ဖုန်းထုတ်ပြီး မှတ်ပြီးသားပဲ... ရေးဖို့အဆင်သင့် ရိုက် တင်လုပ်ဖို့အဆင််သင့် နိုးနိုးကြားကြားရှိကြတယ်မဟုတ်လား 😅



ဒါလည်းတစ်ခုကောင်းတာပဲ သမာဓိတည်ထောင်တဲ့အဆင့်မ‌ဟုတ်ပေမယ့် ပျံ့လွင့်နေတဲ့စိတ်ကိုတော့ ဖမ်းချုပ်ထားနိုင်ကြတယ်မဟုတ်လား... နောင်တချိန် တရားတွေ ဘာတွေကျင့်ဖြစ်ခဲ့ကြမယ်ဆိုရင်ဖြင့် အဲဒီအကျိုးကျေးဇူးခံစားရမယ်ထင်တယ် 😅 တရားထိုင်ဖြစ်မယ်ထင်တာပဲ... ထိုင်ကြမယ်မဟုတ်လားဗျ... ကျွန်တော်ကတော့ မထိုင်နိုင်သေးဘူးရယ်... သတင်းကလည်း ကျွတ်ခါနီးနေပြီ... မကျွတ်သေးတဲ့ လူတွေရှိနေသေးတာ အတော်ရင်နာစရာကောင်းတယ်နော်... ကျွတ်အောင် ချွတ်ချလိုက်ကြပါတော့လားဗျာ...

အဖေအမြဲတမ်းပြောဖူးတဲ့စကားတစ်ခွန်းကို အမှတ်ရမိတယ်... "ဘကြီးနွား အလကားကျောင်းပေးနေတယ်"ဆိုတဲ့စကားလေးပါ... သီတင်းတွေ အခါခါ ကျွတ်ပေမယ့် မကျွတ်နိုင်တဲ့လူတွေကို သွားလေ့လာကြည့်လိုက်မယ်ဆိုရင် အဲဒီစကားကမှန်နေတာ တွေ့ရတယ်ဗျ... မောင်နှမသားချင်းတွေရဲ့ ကလေးတွေကို ထိန်းကျောင်းနေတာ အိမ်နီးနားချင်းရဲ့ ကလေးတွေကို ထိန်းကျောင်းပေးနေတာတွေကို တွေ့ရလိမ့်မယ်... မယုံရင် ဆာဒွန်(@donjaun) သွားမေးကြည့်လိုက်ကြပေတော့... ဖြေပေးလိမ့်မယ်...

သီးချိန်တန် သီး ပွင့်ချိန်တန် ပွင့် ဆိုတဲ့စကားကလည်း အလကားပေါ်လာတာမဟုတ်ဖူးရယ်... သူ့အချိန်အခါနဲ့သူ သီးမှ ပွင့် မှ တန်ဖိုးရှိတယ်... အရသာရှိတယ်... အချိန်သစ်သီးတွေ ပန်းတွေဟာ လျော့တိလျော့ရဲ မချိုမမြိန်ဖြစ်နေတတ်တယ်လေ... အချိန်လွန်နေတဲ့ ဆရာတွေ ဆရာမတွေ မြန်မြန်လေးလှုပ်ရှားကြအုံးနော်... စေတနာနဲ့ သတိပေးနေတာ 😝 ခေတ်ကာလကြီးကလည်း ကောင်းတာမဟုတ်ဘူး... ရောဂါဆိုးတွေကတစ်မျိုး လူတွေအချင်းချင်း သတ်ကြဖြတ်ကြတာကတစ်မျိုးဆိုတော့ တော်ကြာနေ ဘာမှ မဘာရသေးပဲနဲ့ သက်တမ်းကုန်သွားမှာစိုးလို့နော် 😅 ယာဉ်တွေလို သက်တမ်းတိုးလို့ရတာလည်းမဟုတ်... မျိုးဆက်မကျန်လိုက်ပဲနေမှာစိုး‌လို့ပါ...

ခုလည်း သီတင်းကျွတ်က မကြာခင်ရောက်လာတော့မယ်... ဘာမှ မဘာကြသေးသူတွေ ဘာလို့ရအောင် နှစ်တိုင်းလိုလို စေတနာနဲ့ သတိတွေပေးနေရတာလည်း မောလှပြီနော် 😂 ဘဝဆိုတာ နဂိုကတည်းကမှ ဒုက္ခတွေ များပြားလှရတဲ့ထဲက ဘေးအန္တရာယ်တွေကလည်း နှိပ်စက်နေတော့ ခဏတာမှ အမောအပန်းမှ ပြေပါစေတော့‌ရယ်လို့ ရည်ရွယ်ပြီး အပျိုဂျီး လပျိုဂျီးတွေကို စနေကျအတိုင်း ပြောမိတာပါ... အမိုက်အမဲလေးမို့ ဗွေမယူပဲ ခွင့်လွှတ်ပေးကြပါလို့...


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
4 comments
avatar

လက်ဖွဲ့စရိတ်ကုန်ချင်နေတာ ထင်တယ်
!lol

0
0
0.000
avatar

Hive Myanmarမှ လူပျိုသိုးကြီးများ🤣🤣🤣

0
0
0.000
avatar

အော် ပြောရှာသူ မောရှာပေရော့။
!LOL

0
0
0.000
avatar

Why was the resistor fired from his job of leading the orchestra?
He was a terrible conductor.

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @htwegyi

Use the !LOL or !LOLZ command to share a joke and an $LOLZ
(2/4)

0
0
0.000