ကြက်ကောက် ငှက်ကောက် စုဗူး

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

ဒီနေ့ ကျွန်တော့မိတ်ဆွေများကို သူဌေးမဖြစ်စေနိုင်ပေမယ့်လို့ ပုံမှန်ဝင်ငွေလေးတစ်ခုရနိုင်တဲ့ ဆော့ဝဲလ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်မိပါတယ်။ ပြောရမယ်ဆိုရင်တော့ ကြက်ကောက် ငှက်ကောက် ကောက်ပြီးစုထားရမယ့် ဆော့ဝဲလ်လေးပဲဖြစ်ပါတယ်။

ခရစ်တိုသိုင်းလောကကြီးမှာ ကြီးပွားချမ်းသာချင်တဲ့ စိတ်ကူးနဲ့ ဝင်တိုးခဲ့တာကလည်း နှစ်အတော်ကြာသွားပြီဖြစ်ပါတယ်။ ‌ကြီးပွားဖို့ ချမ်းသာဖို့ ကံဇာတာမပါလေရော့သလားလို့ အောက်မေ့ရလောက်အောင်ပဲ ခုချိန်ထိ ဘာပွပေါက်မှ မတိုးခဲ့သေး မရခဲ့သေးပါဘူး။ တောင်ခုန် မြောက်ခုန် တောင်လုပ် မြောက်လုပ်နဲ့ ဟိုဟာ မဟုတ် ဒီဟာမဟုတ် မျောက်သစ်ကိုင်းလွတ်သလို ယောင်လယ်လယ်ဖြစ်နေဆဲပါပဲ။

အဲလေ အပိုတွေပြောလို့ အပြောတွေပိုနေပါပြီ။ အခုပြောမယ့် ဆော့ဝဲလ်လေးက အပေါ်မှာပြောခဲ့သလို ချမ်းသာဖို့တော့ သိပ်မလွယ်ကူပါဘူး။ ကျွန်တော့်အတွက်ပြောတာပါ။ လုပ်တတ် ကိုင်တတ်သူတွေကတော့ ချမ်းသာကောင်းချမ်းသာနိုင်ပါလိမ့်မယ်။ လုပ်ရတာက အချိန်လည်းမကုန် ငွေလည်းမကုန်ပါဘူး။ တစ်ရက် တစ်ကြိမ် ဝင်ပြီးတော့ Tap ဆိုတဲ့ ခလုတ်ကလေးနှိပ်ပေးရုံပဲဖြစ်ပါတယ်။ ဆော့ဝဲလ်က ဖုန်းနဲ့သုံးရတာဖြစ်ပြီး နာမည်က Wild Cashဆိုတာပဲဖြစ်ပါတယ်။




အဲဒီလို နှိပ်ပေးလိုက်ရင် စစချင်းမှာ တစ်နေ့ပွိုင့် တစ်သောင်းရပါတယ်။ ရလာတဲ့ပွိုင့်တွေနဲ့ အပ်ဒိတ်လုပ်ပေးသွားမယ်ဆိုရင် တစ်နေ့ကို ပွိုင့် သုံးသောင်းသုံးထောင်ထိ ရလာမှာဖြစ်ပါတယ်။ အဲဒီထက်လည်း ပိုရနိုင်အုံးမှာဖြစ်ပါတယ်။ လူရှာနိုင်ရင် ပွိုင့်တွေများများရလာမှာဖြစ်သလို နေ့စဉ်မေးခွန်းတွေကို မှားမှားမှန်မှန်ဖြေမယ်ဆိုရင်လည်း အဖြေမှန်အတွက် ပွိုင့်တွေတိုးလာပါတယ်။



အစကတော့ ပွိုင့် ရှစ်သိန်းရရင် ဘီယူအက်စ်ဒီ(ဘိုင့်နမ့် ယူအက်ဒီ)နဲ့ လဲပြီးထုတ်ယူနိုင်ပါတယ်။ တစ်ရက်ကို ပွိုင့် တစ်သောင်းနဲ့ ပွိုင့် ရှစ်သိန်းပြည့်အောင် ရက်ပေါင်းရှစ်ဆယ် ဝင်နှိပ်ရပါလိမ့်မယ်။ တစ်ရက် ပွိုင့် သုံးသောင်း သုံးထောင်နဲ့ဆိုရင် နှစ်ဆယ့်ငါးရက်နှိပ်ရမှာပါ။ ပွိုင့်ရှစ်သိန်းကို ဘီယူအက်စဒီနဲ့လဲရင် ၁.၅ ဘီယူအက်ဒီလောက်ရပါတယ်။ ဘယ်လောက်အချိန်ထိပေးနေမှာလဲဆိုတာတော့ ကျွန်တော်လည်ူ မသိပါ။ ရသလောက်တော့ ထုတ်ယူထားကြပေါ့။




ဒီတော့ အပေါ်မှာရေးခဲ့သလိုပဲ သူဌေးဖြစ်ဖို့တော့ မမှန်းပဲ နေ့စဉ် စုဗူးတစ်ခုအနေနဲ့ လုပ်ချင်ကြသူတွေ စုဆောင်းထားချင်သူတွေ ကြက်ကောက် ငှက်ကောက် ကောက်ချင်သူတွေ လုပ်နိုင်အောင်လို့ မျှဝေခြင်းပဲဖြစ်ပါတယ်။ စုဗူးဆိုတာ ဖြည်းဖြည်းချင်း စုယူရတာပဲမဟုတ်လား။ သိပြီးသူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ လိုအပ်နေတာခလးတွေရှိရင် ဖြည့်စွက်ပြောကြားပေးကြပါအုံး။ စုဗူးကို စိတ်ဝင်စားသူတွေအတွက်ကွန်မန့်မှာ လင့်ချပေးထားပါမယ်။ အဆင်ပြေကြပါစေ။


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
18 comments
avatar

စိတ်ဝင်စားပါ၏
!PGM
!LOLZ

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @suhlaing

remaining commands 3

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

Point 8 သိန်း 1.5 BUSD ဆိုတော့ နည်းလွန်းတာ။
!LOL

0
0
0.000
avatar

ခလုတ်တစ်ချက်နှိပ်ပြီးပစ်ထားရုံပဲဆိုတော့ မဆိုးပါဘူး နောက်တော့တက်ချင်တက်လာမှာပေါ့ !LOLZ

0
0
0.000
avatar

Congratulations @ansoe! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You got more than 12000 replies.
Your next target is to reach 12500 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

LEO Power Up Day - January 15, 2023
HiveBuzz supports meetups of the Hive Austrian Community in Graz
The Hive Gamification Proposal Renewal
0
0
0.000