မင်းပြီးမှ ငါလား __ ငါပြီးမှ မင်းလား

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီကနေ့ ခေါင်းထဲကို ရုတ်တရက် ဝင်လာတာက ဦးစားပေးဆိုတဲ့စကားလုံးလေး‌ဖြစ်နေပါတယ်... အဲဒီစကားလုံးကိုစဉ်းစားမိတဲ့အခါ ကျွန်တော်တို့နိုင်ငံမှာ အမှန်တကယ် လုပ်ဆောင်ခဲ့တာ အမှန်တကယ် ဦးစားပေး မဟုတ်တာကို မြင်တွေ့လာရပါသဗျ... အင် ဦးစားပေးသာဖြစ်နေတတ်တာက များနေတာကြောင့် ဦးစားပေးဆိုတဲ့စကားကို နားမလည်နိုင်လောက်အောင်ပါပဲ... ဦးစားပေးသင့်သူကို ဦးစားမပေးဘူးဆိုတာ ရုံးဌာနတွေကို သွားကြည့်ရင် သိနိုင်ပါလိမ့်မယ် 😄 မင်းပြီးမှ ငါ ဆိုတာထက် ငါပြီးမှ မင်း ဆိုတဲ့ ဦးစားပေးနဲ့ သွားနေကြတာမြင်နေရပါတယ်... ဦးစားပေးစနစ်က ငါ ဦးစားပေးစနစ် ဖြစ်နေတာ ဝမ်းနည်းစရာကောင်းလှပါတယ်...


priority.png


လူအများစု အသုံးပြုတတ်ကြတဲ့ ဘတ်စ်တို့ မီးရထား လေယာဉ် စတာတွေ စီးနင်းကြတဲ့အခါမှာ ကြည့်မယ်ဆိုရင် ကျုပ်တို့ မြန်မာလူမျိုးအများစုက တိုးတယ် ဝှေ့တယ် တွန်းတယ် ဖယ်တယ် တိုက်တယ်... အဲဒီမှာ ကျုပ်တို့လူမျိုးရဲ့ တိုးတတ် ဝှေ့တတ် တွန်းတတ် ဖယ်တတ် တိုက်တတ်တဲ့အကျင့်ကို သေသေချာချာကြီးကို မြင်လိုက်ရတယ်... ဘယ်တော့များမှ အဲသလို အကျင့်တွေ ပျောက်ပျက်နိုင်မလဲတော့မသိပါ... နိုင်ငံခြားသားတွေ ဘတ်စ် မီးရထား လေယာဉ် စတာတွေကို စီးနင်းကြပုံကို ကြည့်မိပြန်တော့ သူတို့လည်း ကိုယ်တွေလိုပဲလို့ ထင်မိတယ်... စနစ်တကျနဲ့ တန်းစီတက်သွားတတ်ကြတာမြင်ရတော့ ရှက်စရာတောင်ကောင်းသေးသဗျာ... တိုးတာ ဝှေ့တာ ဘာတွေရဲ့ အလုပ်လဲဆိုတာသိလောက်သင့်ပါပြီ... ငါပြီးမှ မင်းဆိုတဲ့ စိတ်ဓာတ်က ခေါက်ရိုးကျိုးနေတာကြာခဲ့ပါပြီ...


priority_copy.png


နိုင်ငံခြားသားများက ကိုယ့်အိမ် ကိုယ့်ယာလိုသဘောထားပြီး အေးအေးလူလူ အလှည့်ကျ ပေးတက်နေချိန် ကိုယ်တွေကတော့ အလုအယက်နဲ့တိုးကာ ဝှေ့ကာ တွန်းကာ ဖယ်ကာနဲ့ နေရာလုဖို့ပဲကြိုးစားနေတာ မြင်ရတော့ ရှက်မိပါတယ်... ဘယ်နေရာမှာပဲ ကြည့်မိကြည့်မိ သူများနိုင်ငံတွေလိုတော့ ဉီးစားပေးဆိုတဲ့စကားလုံးကို အတိအကျလိုက်နာနေတာမြင်ရပါလိမ့်မယ်... ကိုယ့်အလှည့်ရောက်မှ အေးအေးဆေးဆေး လုပ်ကိုင်ဆောင်ရွက်သွားကြတာ အားကျစရာ အတုယူစရာပါပဲ... အဲဒါတွေကို တွေ့ရ မြင်ရ ရင်ကိုပဲ ကိုယ့်လူမျိုးကို အားမလို အားမရဖြစ်မိတာ အမှန်ပါပဲ... ပြောရရင် သူများနိုင်ငံတွေက မင်းပြီးမှ ငါ ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ သူတို့နိုင်ငံတွေကိုတည်ဆောက်ထားကြတယ်ဆိုတာ သိလိုက်ရပါတယ်...

ပတ်ဝန်းကျင်နဲ့မိသားစုစရိုက်တွေကြောင့်ပဲလားတော့မသိပါ... ကိုယ့်အိမ်မှာထမင်းစားတဲ့အခါမှာတောင် ကိုယ့်အတွက် မကျန်မှာစိုးပြီး အလုအယက်ဝင်စားကြတဲ့သူတွေကိုတောင် မြင်ဖူးပါတယ်... မိသားစုကြောင့်လား ပတ်ဝန်းကျင်ကြောင့်လားတော့တကယ်မဝေခွဲနိုင်ပါဘူး... သူများနိုင်ငံတွေက ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ တိုးတက်နေသလဲဆိုတာကို သူတို့ရဲ့ အခြေခံစိတ်ဓာတ်ကိုကြည့်ရုံနဲ့ ဒီလိုစိတ်ဓာတ်မျိုးတွေနဲ့ သူတို့နိုင်ငံကို တည်ဆောက်ထားတယ်ဆိုတာ သိလိုက်ရပါပြီ... အဲဒီလို အခြားသူကို ဦးစားပေးနိုင်တဲ့ စိတ်ဓာတ်မျိုးရှိတဲ့ လူတွေနဲ့တည်ဆောက်ထားပြီး ကျုပ်တို့နိုင်ငံကလူတွေရဲ့ အခြေခံစိတ်ဓာတ်က ငါ့အတွက်ဖြစ်နေပြီး သူများနိုင်ငံတွေလို တိုးတက်ချင်နေတာ ဘယ်လိုနည်းနဲ့များ တည်ဆောက်နိုင်မလဲဆိုတာ သိချင်မိပါရဲ့... ကျုပ်တို့တစ်တွေကကော ငါပြီးမှ မင်းလား မင်းပြီးမှ ငါလား...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
6 comments
avatar

ကိုယ်ချင်းစာ အသိတရား ရှိရင် ဦးစားပေးတတ်တဲ့ အလေ့အထ ကောင်းမှာပါ
!LUV

0
0
0.000
avatar

မှန်တာပေါ့

0
0
0.000
avatar

ငါကိူယ်စားပြုကျတာ လူများစုပါ သူတပါးကို ဦးစား​ပေးတက်တဲ့သူ ရှားပါတယ် ပျိုး​ထောင်မှုစနစ်​တွေ ကွာလို့ထင်ပါရဲ့

0
0
0.000
avatar

အခြေခံစိတ်ဓာတ်ကိုပြုစုပျိုးထောင်ဖို့လိုမှာပါ

0
0
0.000
avatar

Congratulations @ansoe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 11000 upvotes.
Your next target is to reach 12000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 10
Support the HiveBuzz project. Vote for our proposal!
0
0
0.000