မိုးရွာရင် ငါ့ကိုနှိုးကြစမ်း
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
တခါတုံးက ရွာတစ်ရွာမှာ အဖွားအိုတစ်ယောက်ရှိခဲ့ပါသတဲ့... အဲ-ပုံပြင်ပြောပြမလို့မဟုတ်ဘူးနော်... အဖြစ်အပျက်ကလေးတွေက တခါတခါ ကိုယ်ထင်သလို မဟုတ်ပဲနဲ့ မထင်မှတ်တာလေးတွေဖြစ်နေတတ်ကြလို့ အတွေ့အကြုံလေးတစ်ခုကို မျှဝေပေးချင်လို့ပါ... အဲဒီအဖွားရဲ့ နာမည်ကိုတော့ ဖွားမေလို့ပဲမှတ်လိုက်ကြတာပေါ့...
ဖွားမေဟာ အခြားအချိန်တွေမှာ အိမ်သူအိမ်သားတွေကို ဘာမှမမှာပဲ အိပ်တတ်ပေမယ့် မိုးရွာနိုင်တဲ့ ညအချိန်တွေမှာဆိုရင် အိမ်သူအိမ်သားတွေကို အမြဲတမ်းမှာတတ်တဲ့စကားတစ်ခွန်းရှိတယ်... အဲဒီစကားက "ဟဲ့-မိုးရွာရင် ငါ့ကိုနှိုးကြစမ်း"ဆိုတဲ့စကားပဲဖြစ်ပါတယ်... အိမ်သူ အိမ်သားတွေခမြာမှာလည်း ဖွားမေမှာတဲ့အတိုင်း ညအချိန် မိုးရွာပြီဆိုရင်ဖြင့် အိပ်ချင်မူးတူးနဲ့ ထထပြီး ဖွားမေကို နှိုးပြီး ပြန်အိပ်ကြတယ်...
ဒါပေမယ့် ဘယ်အိမ်သူအိမ်သားကမှ ညအချိန် မိုးရွာတိုင်း ဖွားမေ ဘာအလုပ်တွေ ထထလုပ်နေလို့ အမြဲတမ်း နှိုးခိုင်းရသလဲဆိုတာ မသိကြဘူး... ဘယ်သူကမှလည်း စိတ်မဝင်စားကြဘူး... အဲဒီလိုနဲ့နေလာခဲ့တာ တစ်နေ့တော့ ဖွားမေရဲ့သမီးကြီးဖြစ်သူက သူ့အမေ ညည မိုးရွာတိုင်းဘာကြောင့်နှိုးခိုင်းရသလဲဆိုတာကို မေးကြည့်ချင်စိတ်ပေါက်မိတာပေါ့...
မိုးရွာတုံး မိုးရေခံရမယ့်အနေအထားမျိုး ရေရှားတဲ့ဒေသလည်းမဟုတ်... မိုးရွာလို့ မိုးရေယိုနိုင်တဲ့ အိမ်မှာနေကြတာလဲမဟုတ်... ဘာ့ကြောင့်များ မိုးရွာမယ်ထင်တဲ့ညတိုင်း "မိုးရွာရင် ငါ့ကိုနှိုးကြစမ်း"လို့ မှာပြီး မိုးရွာတိုင်း အိပ်ရာကထထပြီး ဘာများထလုပ်သလဲဆိုတာ သိချင်လာတယ်... ဒီတော့ ဒီတစ်ခါတော့ သမီးကြီးဖြစ်သူက မေးကြည့်မယ်လို့ တေးထားလိုက်တာပေါ့... အကြောင်းမကြုံသေးတော့လည်း မမေးဖြစ်ခဲ့ဘူး... ဒါပေမယ့် သမီးကြီးဖြစ်သူကတော့ အဲဒီမေးခွန်းကိုမေးဖို့တော့ မမေ့ဘူး...
တရက် ညနေပိုင်းမှာ မိုးရိပ်တွေဆင်နေတာတွေ့ရတော့ သမီးကြီးက ဒီနေ့ညတော့ ငါ့အမေ မိုးရွာတဲ့ညတိုင်း ဘာတွေထထလုပ်နေသလဲဆိုတာ သိရတော့မယ်ဆိုပြီး ပျော်နေတာပေါ့... ညပိုင်းထမင်းး စားပြီးတဲ့အချိန် မိုးရိပ်တွေဆင်နေတာကို ကြည့်ပြီး ဖွားမေက ထုံးစံအတိုင်း "ဟဲ့-မိုးရွာရင် ငါ့ကို နှိုးကြစမ်း"လို့ပြောပြီး အိပ်ရာဝင်ဖို့ပြင်တော့တာပဲ... သမီးကြီးကလည်း အမိအရဖမ်းပြီးမေးတော့တာပေါ့...
"မိုးရွာတဲ့ညတိုင်း အမေဘာထထလုပ်တာလဲ"လို့မေးတာပေါ့... "ငါ့ကိုသာ နှိုးစမ်းပါ မေးခွန်းတွေမေးမနေနဲ့"ဆိုပြီး ဖွားမေကပြန်ပြောပေမယ့် သမီးကြီးသာမက မောင်နှမအားလုံးက အမေလုပ်သူကို ဇွတ်မေးကြတော့ ဖွားမေ ဖြေလိုက်တဲ့အဖြေကြောင့် သားသမီးအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်... ဖွားမေ ဖြေလိုက်တဲ့အဖြေကတော့ "ဟဲ့-နင်တို့ဘာသိလို့တုံး... မိုးရွာလို့ မိုးအေးအေးလေးမှာ ပြောင်းဖူးဖက်လိပ်ကို မီးညှိပြီး ဆေးလိပ်သောက်ရတာ ဘယ်အရာသာနဲ့မှမတူ အလွန်ကောင်းတယ် ဟဲ့"တဲ့ 😅... ဘဝအမောတွေပြေပါစေ...
အားလုံးကို လေးစားလျှက် -
ဆေးလိပ် မသောက်တတ်တော့ မသိပေါင်
!lol
lolztoken.com
It’s all fun and games until someone loses an I.
Credit: reddit
@ansoe, I sent you an $LOLZ on behalf of @golden.future
Use the !LOL or !LOLZ command to share a joke and an $LOLZ
(2/2)
အင်း ကိုယ် စိတ်ကူးနဲ့ ကိုယ်ပါလေ။
!PIZZA
အကြိုက်ချင်းတော့တူနိုင်ဘူး
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped ansoe (x1)
@kachinhenry(2/10) tipped @ansoe (x1)
Please vote for pizza.witness!
မိုးရွာတုန်း ဂရန်းပြာလေးနဲ့ ငြိမ့်ရင်လည်း မိုက်တယ် !PIZZA
ဟာ အဲဒါလဲမိုက်တယ် ဖွားမေမြှောက်ပေးအုံးမှပဲ 😂