ငှက်ကလေးလို

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

တခါတုံးက အစာရှာဖို့ ပျံသန်းနေတဲ့ ငှက်တစ်ကောင်ဟာ ပျံသန်းရင်းနဲ့ အတောင်တွေညောင်းလာပါတယ်။ အဲဒီလို အတောင်တွေညောင်းလာတဲ့အခါမှာ ငှက်ကလေးက ညီးညူပါတယ်။ ဘယ်လိုများ ညီးညူသလဲဆို‌တော့ "လေမရှိရင် သိပ်ကောင်းမှာပဲ၊ လေရှိလို့ သူ့အတောင်တွေခတ်ပြီးပျံသန်းရတဲ့အတွက် အတောင်တွေညောင်းရတာ"လို့ ညီးညူသလိုလို အပြစ်တင်သလိုလိုနဲ့ပေါ့။ အတောင်ညောင်းလာတိုင်း ညီးညူနေတာကို အမြဲကြားနေရတဲ့အခါ တစ်နေ့မှာတော့ "ငှက်ကလေးရယ် စဉ်းစားကြည့်ပါအုံး၊ လေရှိနေလို့သာ သင်လိုရာခရီးကိုရောက်တယ်၊ အိမ်ကိုပြန်ရောက်အောင်သွားနိုင်တယ်"လို့ ပြောလိုက်ပါတယ်။ လေဟာနယ်မှာ လိုရာရောက်ဖို့မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိပြီးဖြစ်ပါတယ်။ အဲဒီ ငှက်ကလေးက ဖတ်ဖူးတဲ့စာလေးတစ်ပုဒ်ထဲကပါ။



ကျွန်တော်တို့တစ်တွေလည်း အတောင်ညောင်းလာတဲ့ငှက်ကလေးလိုပဲ အဆင်မပြေမှုတွေများပြားလာတဲ့အခါမှာ ဟိုဟာကို အပြစ်တင်ချင်သလိုလို ဒီဟာကိုအပြစ်တင်ချင်သလိုလို ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အတွေးချော်နေသလား၊ ကိုယ်ကပဲမှားနေသလားလို့ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ် အပြစ်တင်ဖို့ နဲနဲလေးတောင် စိတ်မကူးခဲ့ကြပါဘူး။ မိတ်ဆွေတွေကို အပြစ်တင်ချင် အလုပ်ရှင်ကိုအပြစ်တင်ချင် စက်ကရိယာတွေကို အပြစ်တင်ချင် ကိုယ်ကလွဲပြီး အားလုံးရဲ့ အပြစ်လို့ သတ်မှတ်ချင်သလို ဖြစ်နေတတ်ပါတယ်။ ဒါက အမှန်မဟုတ်ပါဘူး။

လူသားတွေဟာ တစ်ယောက်‌တည်း သီးသန့်နေထိုင်နိုင်တဲ့ သတ္တဝါမဟုတ်ပါဘူး။ တစ်ယောက်တည်းနေနိုင်ဖို့ဆိုတာကလည်း လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ဒီတော့ လူတွေဟာ လူနဲ့လူချင်း ပေါင်းသင်းဆက်ဆံကြရပါတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံမှုတွေ ပြုလုပ်ကြရပါတယ်။ အဲဒီလို မိမိနဲ့ ပေါင်းသင်းဆက်ဆံတဲ့လူတိုင်းက လူကောင်း လူတော်တွေ ဟုတ်ချင်မှ ဟုတ်မှာပါပဲ။ လူကောင်းတွေ လူတော်တွေပါနိုင်သလို လူဆိုးတွေ လူညစ်ပတ်တွေ လူဖျင်းတွေ လူညံ့တွေလည်း ပါနိုင်ပါတယ်။ အကောင်းသက်သက်တော့ လူတွေဆီကနေ မရနိုင်ပါဘူး။

ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတိုင်းက လူတော်တွေ လူကောင်းတွေ လူချမ်းသာတွေပဲဆိုရင်တော့ အကောင်းဆုံးပေါ့။ အဲဒီထက်ပိုကောင်းဖို့ဆိုရင်တော့ ကိုယ့်အပေါ်မှာ စစ်မှန်တဲ့ မိတ်ဆွေတွေဖြစ်မယ်ဆိုရင် အကောင်းတကာ့ အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်ဖို့ဆိုတာအတော်ကို မလွယ်ကူတဲ့အရာတစ်ခုလို့ မြင်ပါတယ်။ လူတွေရဲ့ စိတ်ရင်းအမှန်ကို သိရဖို့ဆိုတာက မလွယ်ကူလေတော့ မိတ်ဆွေစစ်လား မိတ်ဆွေတုလားဆိုတာကို ခွဲခြားသိနိုင်ဖို့ဆိုတာ တကယ့်ကိုမလွယ်ကူနိုင်ပါဘူး။ မိမိ အမှန်တကယ် ဒုက္ခရောက်နေတဲ့အချိန်မှာဆိုရင်တော့ မိတ်ဆွေတုလား မိတ်ဆွေစစ်လားဆိုတာကို သိနိုင်ပါတယ်။

ဒီတော့ အတုလား အစစ်လားဆိုတာသိဖို့မလွယ်ကူနိုင်ပေမယ့် အတု အစစ် ကွဲပြားနေပြီဆိုရင်တော့ ရှောင်သင့်ရင် ရှောင် တိမ်းသင့်ရင် တိမ်းကြရမှာပါပဲ။ ကိုယ့်အပေါ်မှာသာမက အခြားသူတွေအပေါ်ကို ဆက်ဆံပုံကိုလေ့လာကြည့်မယ်ဆိုရင်လည်း မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြားနိုင်ပါလိမ့်မယ်။ သူတစ်ပါးကို မတရားသဖြင့်လုပ်ကိုင်နေတာကို မြင်ရရင် ကိုယ့်ကိုလည်း တချိန်ချိန် အဲဒီလို မတရားဆက်ဆံခံရနိုင်တယ်ဆိုတာကို တွေးနိုင်ပါလိမ့်မယ်။ စိတ်ကူးပေါက်လို့ မိတ်ဆွေအတု မိတ်ဆွေအစစ် အောင်မြင်ရေးရဲ့ရန်သူ မိတ်ဆွေ ဆိုတာတွေကို ရေးမိသလိုပဲ။ မိတ်ဆွေစစ်မရှိရင် စီးပွားရေးမှာလည်း အောင်မြင်ဖို့ ခက်ခဲမှာပဲဖြစ်ပါတယ်။


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
6 comments
avatar

ရွေးချယ်သင့်တဲ့ အရာပဲ
!PIZZA

0
0
0.000
avatar
(Edited)

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped ansoe (x1)
@htwegyi(1/5) tipped @ansoe (x1)

Join us in Discord!

0
0
0.000