Pilgrimage Along Sagaing Mountain_1

avatar
(Edited)

Hello everyone, have a good day 😊

အားလုံးပဲ မင်္ဂလာပါ။ ကောင်းသောနေ့လေးပါ။


It has been a long time since I wrote. I didn't travel anywhere, so I hardly took any photos. Isn't it more convenient to be able to describe it with pictures when writing?

စာမရေးဖြစ်ခဲ့တာ ရက်အတော်ကြာသွားခဲ့ပါပြီ။ ဘယ်ကိုမှလည်းခရီးမသွားဖြစ်တော့ ဓာတ်ပုံရိုက်ထားတာတွေကလည်း မရှိသလောက်ဖြစ်နေပါပြီ။ စာရေးတဲ့အခါ ဓာတ်ပုံတွေနဲ့ ဖော်ပြနိုင်မှ ပိုပြီးအဆင်ပြေတယ်မဟုတ်လား?

About a week ago, Sagaing City, I visited some of the pagodas in Sagaing Mountain and took a lot of photos. I live in Sagaing, Myanmar. But there are too many pagodas in Sagaing Mountain, so I have never visited all of them. So I visited some pagodas that I had not been to before. It is writing about the pilgrimage.

လွန်ခဲ့တဲ့ တစ်‌ပတ်ကျော်လောက်ကတော့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ဘုရားစေတီအချို့ကို သွားရောက်ဖူးမျှော်ကြည်ညိုရင်း ဓာတ်ပုံတွေ အများကြီးရိုက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံ စစ်ကိုင်းမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ဘုရားစေတီတွေက များလွန်းတဲ့အတွက် စေတီအကုန်လုံးကိုတော့ မရောက်ဖူးပါဘူး။ ဒါကြောင့် မရောက်ဖူးသေးတဲ့ ဘုရားစေတီအချို့ကို သွားရောက်ဘုရားဖူးခဲ့ပါတယ်။ အဲဒီဘုရားဖူး‌ရောက်ခဲ့တာကို ရေးသားခြင်းဖြစ်ပါတယ်။

First of all, we visited the unfinished pagodas and temples in Sagaing Mountain, which are still being built by Thai people and donated. Since it was donated by Thai people, I saw the most Thai art works. The artworks of Myanmar and Thailand are not very different. but they are significantly different.

The photos shown below show the 3 pagodas built using a mix of Thai and Burmese works of art. 3 temples You will see 6 different lion statues.

ပထမဆုံးအနေနဲ့ စစ်ကိုင်းတောင်မှာ ထိုင်းလူမျိုးတွေဆောက်လုပ်လှူဒါန်းနေဆဲဖြစ်ပြီး လုပ်ငန်းမပြီးသေးတဲ့ စေတီတော်နဲ့ ဘုရားကျောင်းဆောင်တွေ သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပါတယ်။ ထိုင်းလူမျိုးများလှူဒါန်းတာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ အနုပညာလက်ရာတွေကို အများဆုံးမြင်တွေ့ခဲ့ရပါတယ်။ မြန်မာ နဲ့ ထိုင်းရဲ့ အနုပညာလက်ရာတွေက အများကြီး မကွာခြားပေမယ့် သိသိသာသာကွဲပြားနေပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေက အဲဒီ ထိုင်းအနုပညာလက်ရာတွေနဲ့ မြန်မာ့မှုအနုပညာလက်ရာတွေကို ရောစပ်အသုံးပြုတည်ဆောက်‌ထားတဲ့ စေတီတော် ၃ ဆူ၊ ဘုရားကျောင်းဆောင် ၃ ဆောင်၊ မတူညီတဲ့ ခြင်္သေ့ရုပ်ထု ၆ ရုပ်တွေကို မြင်ကြရမှာပါ။





When I arrived, it was past 1:00 in the afternoon, so the sun was quite hot. It's also not good for photography. But the photos were taken for the best.

ကျွန်တော်ရောက်သွားတဲ့အချိန်က နေ့ခင်း ၁ နာရီကျော်ပြီဖြစ်တဲ့အတွက် နေရောင်က အတော်ပူပြင်းနေပါတယ်။ ဓာတ်ပုံရိုက်ရတာလည်း မကောင်းပါဘူး။ ဒါပေမယ့် ဓာတ်ပုံတွေကိုတော့ အကောင်းဆုံးဖြစ်အောင် ရိုက်ယူခဲ့ပါတယ်။

We stayed there for about 25 minutes, and at about 1:25 in the afternoon, we came out of the road between the monasteries of Sagaing Mountain to Yadanarhtutkhaung Monastery.

အဲဒီမှာ ၂၅ မိနစ်လောက်ကြာခဲ့ပြီး နေ့ခင်း ၁ နာရီ ၂၅ လောက်မှာတော့ စစ်ကိုင်းတောင်ရိုးရဲ့ ဘုန်းတော်ကြီးကျောင်းတွေကြားလမ်းကနေ ရတနာထွဋ်‌ခေါင်ဘုန်းကြီးကျောင်းကို ထွက်လာခဲ့ပါတယ်။




Summer is not yet here, but some of the trees growing in Sagaing Mountain are already showing a glimpse of the summer beauty of Sagaing Mountain.

နွေရာသီကာလကိုမရောက်သေးပေမယ့် စစ်ကိုက်းတောင်မှာပေါက်နေကြတဲ့ သစ်ပင်အချို့ကတော့ သစ်ရွက်တွေခြောက်တချို့ ကြွေကျတချို့နဲ့ စစ်ကိုင်းတောင်ရဲ့နွေအလှကို တစွန်းတစ ဖော်ပြနေကြပါပြီ။



By the time we arrived at Yadanarhtutkhaung Monastery, it was almost 2 o'clock in the afternoon. There are wild animals like chickens in the monastery. Wild chickens are not raised by humans. They are chickens that live according to their nature. Upon arriving at the monastery, I bowed down to the monk and asked for permission to take a photo.

ကျွန်တော်တို့ ရတနာထွဋ်ခေါင်ဘုန်းကြီးကျောင်းကိုရောက်တဲ့အချိန်မှာ နေ့ ၂ နာရီထိုးခါနီးပါပြီ။ ဘုန်းကြီးကျောင်းထဲမှာ တောတိရစ္ဆာန်ဖြစ်တဲ့ ကြက်တွေကိုလည်း တွေ့ရပါတယ်။ တောကြက်ဆိုတာကလည်း လူတို့ကမွေးမြူထားတာမဟုတ်ပါ။ သူတို့ရဲ့သဘာဝအလျှောက် နေထိုင်ကြတဲ့ကြက်တွေဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းကိုရောက်တာနဲ့ ဘုန်းတော်ကြီးကို ရှိခိုးဦးချ ဓာတ်ပုံရိုက်ခွင့်ပြုဖို့ ခွင့်တောင်းပါတယ်။








Allow me to take a photo of the monk. There are 3 pagodas in the area of ​​Yadanarhtutkhaung Monastery. We climbed the stairs in the middle of a huge Plumerias, or Frangipan trees to the mountain where Boeshan Pagoda, which is the most beautiful to take pictures and the most visible temple. At the beginning of the stone stairs going up the mountain, there are two lion statues. I couldn't help but take a photo when I saw the stone stairs going up the mountain with the big Plumerias, or Frangipan trees that have been around for years. At the beginning of the stone stairs going up the mountain, there are two lion statues. I couldn't wait but take a photo when I saw the stone stairs going up the mountain with the Plumerias, or Frangipan trees that have been around for years.

ကျောင်းထိုင်ဆရာတော်ရဲ့ ဓာတ်ပုံရိုက်ဖို့ခွင့်ပြုပေးလိုက်ပါတယ်။ ရတနာထွဋ်ခေါင်ဘုန်းကြီးကျောင်းရဲ့ ဝန်းထဲမှာ ဘုရား ၃ ဆူတည်ထားပါတယ်။ ဓာတ်ပုံရိုက်ဖို့အလှဆုံးဖြစ်တဲ့အပြင် အမြင့်ဆုံးဘုရားဖြစ်တဲ့ ဘိုးရှမ်းစေတီတော်ရှိရာ တောင်ပေါ်ကို အလွန်ကြီးမားတဲ့တရုတ်စကားပင်တန်းကြီးရဲ့အလယ် လှေကားကနေတက်ခဲ့ကြပါတယ်။ တောင်ပေါ်တက်တဲ့ကျောက်လှေကားရဲ့အစမှာ ခြင်္သေ့ရုပ်ထုနှစ်ခုကို တွေ့ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ တရုတ်စံကားပင်တွေနဲ့အတူ တောင်ပေါ်တက်တဲ့ကျောက်လှေကားကိုမြင်တွေ့လိုက်တာနဲ့ ဓာတ်ပုံမရိုက်ပဲမနေနိုင်လောက်အောင်ပါပဲ။



I tried to get the best photos under the strong sun, but I couldn't get satisfactory pictures. During the rainy season, it is beautiful with green leaves, but at this time, you can only see large trees without leaves. Anyway, I feel a kind of beauty. I was unable to attend another (2) pagodas. It was about 2:45 a.m. when I came back from Yadanarhtutkhaung Monastery. I will continue to write about the pagodas I have visited the next day.

နေရောင်ပြင်းပြင်းအောက်မှာ ဓာတ်ပုံတွေကို အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပေမယ့် ကျေနပ်တဲ့ပုံတွေတော့မရပါဘူး။ မိုးရာသီကာလမှာတော့ အစိမ်းရောင်သစ်ရွက်တွေနဲ့လှပတတ်ပေမယ့် ခုလိုအချိန်မှာတော့ သစ်ရွက်မရှိတော့တဲ့ အပင်ကြီးတွေကိုပဲမြင်ကြရပါတယ်။ ဘာပဲဖြစ်ဖြစ် အလှတစ်မျိုးကိုတော့ခံစားမိပါတယ်။ နောက်ထပ် စေတီ (၂)ဆူကိုမတက်ရောက်နိုင်ခဲ့ပါဘူး။ ရတနာထွဋ်ခေါင်ဘုန်ကြီးကျောင်းကနေပြန်ထွက်လာတော့ နေ့ ၂ နာရီ ၄၅ မိနစ်လောက်ရှိပါပြီ။ နောက်ထပ် သွားရောက်ဖူးမျှော်ခဲ့တဲ့စေတီတွေကို နောက်ရက်မှဆက်ရေးပါအုံးမယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
12 comments
avatar

1


This post has been selected for upvote from our token accounts by @ansoe! Based on your tags you received upvotes from the following account(s):

- @dhedge.bonus
- @dhedge.pob
- @dhedge.neoxag
- @dhedge.waiv

@ansoe has 0 vote calls left today.

Hold 10 or more DHEDGE to unlock daily dividends. Hold 100 or more DHEDGE to unlock thread votes. Calling in our curation accounts currently has a minimum holding requirement of 100 DHEDGE. The more DHEDGE you hold, the higher upvote you can call in. Buy DHEDGE on Tribaldex or earn some daily by joining one of our many delegation pools at app.dhedge.cc.

0
0
0.000
avatar

@ansoe, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @ansoe gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

This post is simply fantastic!
How many pictures!. You really showed us every corner of that place!

0
0
0.000
avatar

Thank you for your comment 😊

0
0
0.000