ပျက်လိုက် ပျက်လိုက်မို့

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ကနေ့ကတော့ တင်ချင်ရာတင်အစီအစဉ်အရ (ဟာ ကတောက်စ် မီးကပျက်သွားပြန်ပါပြီ 😓 မီးလာမှ ဆက်‌ရေးတော့မယ်)............ အဲ မီးမီး ပြန်လာပါပြီခင်ဗျ ☺️ ဆက်လက်ရေးချင်တဲ့အကြောင်းအရာက ဦးတည်ချက်မဲ့နေတဲ့ (ဟာ ကတောက်စ်မီးကပျက်ပြန်ပြီ 😐).......................... လာဘီ လာဘီ... အဲ ဘာရေးမလို့ဆိုတာတောင်မေ့သွားပြီ 😥 ဒီမီးကလည်း အရူးမလင်လုပ်နေရတာကျနေတာပဲ(အဲ စကားအရပြောလို့ပြောကြည့်တာ အရူးမလင် တစ်ခါမှ မဖြစ်သေးပါဘူး 😆) တော်ပါပြီ ဒီနေ့တော့ မီးမီးနှိပ်စက်လို့ ရေးစရာတောင်စဉ်းစားလို့လည်း မရတော့ဘူး... ဒီတော့ကာ မနေ့က ကစားခဲ့တဲ့ Splinterlands Game တိုက်ပွဲလေးပဲတင်ပေးလိုက်ပါတယ်...

မနေ့က ကျွန်တော့်အတွက် မဲကျတာကတော့ Death Quest ပဲဖြစ်ပါသဗျ... Death Quest ကျရင် တိုက်ပွဲနည်းနည်းပဲတိုက်ပြီး အောင်တာကများသဗျ... ဘာ့ကြောင့်ဆို ကျွန်တော့်ရဲ့ ဈေးကြီးတဲ့ Summonsterကြီးနဲ့ တိုက်တာကိုး 😝 Death Questကတော့ ပျင်းတောင် ပျင်းသေးတယ်ပေါ့... အရင်နေ့ကလည်း Death Questပဲ... အရင်နေ့က Death Quest ကိုတော့ တိုက်ပွဲ(၅)ပွဲ ပဲတိုက်လိုက်ရတယ်... ပျင်းလိုက်ထာဗျာ 😆 မနေ့ကတော့ အဲဒီDeath Quest ကိုတော့ တိုက်ပွဲ(၉)ပွဲတိုက်လိုက်ရသပေါ့ဗျာ... အောက်ကိုရှု😝


screenshot_391.png


screenshot_381.png


ဒါက အရင်နေ့ကတိုက်ခဲ့တဲ့ တိုက်ပွဲ(၅)ပွဲပါ... အောက်ကပုံတွေကတော့ မနေ့က တိုက်ပွဲ(၉)ပွဲပေါ့ဗျာ...


screenshot_388.png


screenshot_389.png


screenshot_394.png
screenshot_393.png
screenshot_392.png


ကဲတော်လောက်ပါပြီ... မီးကလေ ပျက်လိုက် ပျက်လိုက်ဖြစ်နေတော့ အာရုံနောက်ပြီး မူရင်းရေးချင်တဲ့စာ ပျောက်ပြီး ခုလို Game ရောက်လာတာခွင့်လွှတ်ကြပါလို့...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
14 comments
avatar

လာလိုက် မလာလိုက်လေ !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ပျက်လိုက် ပျက်လိုက်ပဲ 😂

0
0
0.000
avatar

Death Summoner အကောင်ကြီးရထားတော့ ကြွားနိုင်တာပေါ့
!LOL

!LUV

0
0
0.000
avatar

ဟယ် ကြွားတာဟုပါဘူး မျှတုပါ 😂

0
0
0.000
avatar

မီးခနခနလာတယ်ပေါ့

0
0
0.000
avatar

ဟုပ မီးခဏတိုင်းလာလာနေဒါ 😁

0
0
0.000
avatar

ဘာလုပ်ရမှန်းမသိလို့ ပြန်ထွက်ခဲ့ပါသည်😁😁😁

0
0
0.000
avatar

ပျက်လိုက် ပျက်လိုက်ပါဆို 😂

0
0
0.000
avatar

တိုက်ပွဲပြီးတော့ ဘယ်လောက်ရသလဲ..? ပြောပြအုံးလေ...!LOL

0
0
0.000
avatar

ခရက်ဒစ်ပဲရနေတာပဲ ဆာဟင်ရေ 😀

0
0
0.000