ပြောပါအုံးမည် NFTs

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ယခုတစ်လော သိုင်းလောသားများအနေနဲ့ လေပြုတ်ကျကို မလိုက်ကြတော့ပဲ အရင်နေ့က ကျွန်တော်တင်ခဲ့ NFTs နောက်ကို အသည်းအသန်လိုက်နေကြတာတွေ့ရပါတယ်... အဲဒီ NFTs ဆိုတာကြီးကို ခက်ခက်ခဲခဲမြင်နေကြတဲ့အတွက် ဘာမှမလုပ်ဖြစ်ခဲ့တာ အတော်ကြာခဲ့ပါပြီ... ခုလည်း စိတ်ဝင်စားလို့ လိုက်လေ့လာတော့လည်း မျက်စိတွေနောက်လို့ ခေါင်းတွေရှုပ်နေဆဲပဲဖြစ်ပါတယ်... NFTs ဆိုတာ ဘာဆိုတာတော့ နည်းနည်း ပိစိညှောင်တောက်လေးလောက်တော့ နားလည်လာသလိုပဲ 😄 ဘယ်အရာမှ အလကကားမရနိုင်တာကိုလည်း သိနေပါတယ်... ကြိုးစားမှုအတိုင်းအတာတစ်ခုထိတော့ အားစိုက်ထုတ်ရမယ်ဆိုတာကိုလည်း နားလည်ထားပါတယ်...


img_20180505_105553.png


NFTs ဆိုတာက ဓာတ်ပုံတစ်ပုံ ဒီဇိုင်းတစ်ခု ပန်းချီတစ်ချပ် ဂီတတစ်ခု ဂိမ်း Item စသဖြင့် အမျိုးမျိုးဖြစ်နေနိုင်ပါတယ်... အဲလိုဆိုရင် ကျွန်တော်တို့အနေနဲ့ အခြားအရာတွေကို မလုပ်နိုင်ပေမယ့် ကိုယ့်ဖုန်းလေးတွေနဲ့တော့ ဓာတ်ပုံတစ်ပုံရအောင် ရိုက်နိုင်တာကတော့ သေချာနေပါပြီ... ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံကို စိတ်ကြိုက်လုပ်နိုင်ပေမယ့် Facebook လိုနေရာမျိုးမှာ သွားတင်ထားမိတဲ့အခါ မူရင်းပိုင်ရှင်ပျောက်သွားတတ်‌ပါတယ်... ခု NFTs လို Block Chain အခြေခံထားတဲ့ ကွန်ယက်တွေမှာတော့ ID တွေရှိနေတာကြောင့် မူရင်းပိုင်ရှင်ကို သိနိုင်ပါတယ်တဲ့... Facbook မှာတော့ မူရင်းပိုင်ရှင်ဘယ်သူမှန်းသိနိုင်ဖို့ Logo တွေထိုးပြီးတင်နေကြရပေမယ့် Block Chain ကွန်ယက်မှာတော့ ဘာလိုဂိုမှ မလိုပဲ ရှိနေနိုင်ပါသတဲ့....

ဒီလိုဆိုရင် ကျွန်တော်တို့ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံမှာ ဘာလိုဂိုမှမပါပဲ Facebook မှာတင်ရင် မူရင်းပိုင်ရှင်ပျောက်သွားနိုင်ပေမယ့် Block Chain ကွန်ယက်မှာတင်ရင် မူရင်းပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်တို့က ပျောက်မသွားနိုင်တဲ့သဘောပါပဲ... ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှု(Digital Asset)လို့ ခေါ်ကြပါတယ်... ကိုယ်ပိုင်ဆိုင်တဲ့ ဓာတ်ပုံတစ်ပုံကို အခြားသူတစ်ယောက်က ဝယ်ယူသွားခဲ့ပေမယ့်လည်း ပိုင်ရှင်ကတော့ ကိုယ်ပဲဖြစ်ပါတယ်... အလကားသက်သက်မဲ့ Facebook ပေါ်သွားပြီး ကိုယ့်ဓာတ်ပုံတင်မယ့်အစား အခုလို Block Chain ကွန်ယက်မှာ တင်ခဲ့မယ်ဆိုရင် နောင်သားစဉ်မြေးဆက် အကျိုးခံစားခွင့်ရနေမှာပဲ... ဒါဆိုရင် ကျွန်တော်တို့တစ်တွေ NFTs ကို စိတ်ဝင်စားသင့်သလား စိတ်မဝင်စားသင့်ဘူးလားဆိုတာကို ဆုံးဖြတ်နိုင်ကြမှာပါ...

အဲဒီ NFTs တွေရဲ့ ဈေးနှုန်း တနည်းအားဖြင့် တန်ဖိုးဆိုတာကလည်း ဖန်တီးသူရဲ့ လက်ရာကောင်းမှုကြောင့် လူကြိုက်များတာနဲ့ ရှားပါးတဲ့အပေါ်မှာမူတည်နေတတ်ပါတယ်တဲ့... နောက် ဖန်တီးသူရဲ့ ပုံရိပ်ကောင်းရင် ကောင်းသလို ယုံကြည်မှုကြောင့် အဆမတန် ဈေးရတတ်ပါသတဲ့... ကိုယ့်ဖန်တီးထားတဲ့ လက်ရာတစ်ခုကို ဘယ်လောက်ပဲ ဈေးတင်ထားထား ဝယ်သူတစ်ယောက်မှ မရှိရင်တော့ အဲဒီလက်ရာဟာ သုညပဲဖြစ်ပါတယ်...

ဆိုလိုတာက လူကြိုက်များအောင် ဖန်းတီးနိုင်ခဲ့ရင်တော့ ဈေးကောင်းကောင်းရမှာဖြစ်ပြီး လူမကြိုက်ခဲ့ရင်တော့ သုညပဲဖြစ်ပါလိမ့်မယ်... နာမည်ကျော်ကြားသူ တစ်ယောက် တစ်ယောက်က သူ့ရဲ့အသုံးအဆောင်ပစ္စည်းကို လေလံတင်ပြီး ရောင်းမယ်ဆိုရင် အတွင်းခံတောင် ဈေးကောင်းရနိုင်ပေမယ့် သာမန်လူတစ်ယောက်က ပစ္စည်းကောင်းကောင်းတစ်ခုရောင်းမယ်ဆိုရင် အဟောင်းဈေးကွက်တောင် အနိုင်နိုင်ရောင်းချရသလို ကွာခြားပါတယ်...

Digital ပစ္စည်းတစ်ခုကို ကိုယ်ကဖန်တီးပြီးတင်လိုက်ပြီဆိုတာနဲ့ မူလပိုင်ရှင်ဖန်တီးသူရဲ့ နာမည်တံဆိပ်က အဲဒီပစ္စည်းမှာ ကပ်ပါသွားခဲ့ပါပြီ... မူရင်းပိုင်ရှင်က အမြဲတမ်း ကော်မရှင်လည်း ရနေမှာပဲဖြစ်ပါတယ်... ဘယ်အရာကိုပဲ ဖန်တီး ဖန်တီး အဲဒီအရာကို ဖန်တီးရတဲ့ သူတွေ‌ရဲ့ အားစိုက်ထုတ်ရတာကတော့ အတူတူပဲဖြစ်ပါလိမ့်မယ်... ပြောရရင် ကျွန်တော်တို့တစ်တွေ Hive မှာစာရေးကြတာ အမြင်မတူကြသလို ရတဲ့ Hive ကမတူညီကြပေမယ့် အားထုတ်ကြရတာချင်းကတော့ အတူတူပဲမဟုတ်လား...

Hive, Steem, BTC, ETH စတဲ့အရာတွေကတော့ တူညီတဲ့တန်ဖိုးတစ်ခုနဲ့ အရောင်းအဝယ်လုပ်ကြရပါတယ်* ဒါပေမယ့် NFTs ပစ္စည်းများကတော့ မူလတန်ဖိုးသတ်မှတ်ချက် မရှိပါ ကြိုက်တဲ့သူက ပေးချင်သလောက်ပေးသွားမှာဖြစ်ပါတယ်... အဲသလိုပေးလိုက်လို့ နောက် NFT အတွက် ဈေးနှုန်းတစ်ခုသတ်မှတ်လိုက်ခြင်းမဟုတ်ပါ... Hive 1$ ကတော့ ဈေးနှုန်းသတ်မှတ်ချက်နဲ့ အလုပ်လုပ်နေမှာဖြစ်ပါတယ်... စာလည်းအတော်ရှည်နေပါပြီ... သိသမျှ နားလည်သမျှ ရေးသားခြင်းဖြစ်တဲ့အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်လို့ အမှားပြင်ဆင်ပေးကြပါရန်လည်း တောင်းဆိုပါတယ်...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
14 comments
avatar

NFT ထုတ်ရောင်းနိုင်သူကြီး ဖြစ်ပါစေ
!LOL

0
0
0.000
avatar

ရောင်းမှာ ရောင်းမှာ ဝယ်သူရှိရှိ မရှိရှိ ရောင်းမှာပဲ 😂

0
0
0.000
avatar

ပိစိ​ညှောက်​တောက်​လေးကို မသိတာ ကစိုးရဲ့ ပိုလ့်​ကြောင့် ပိစိ​ညှောက်​တောက်​​လေး သိသွားပါပြီ ​ကျေးဇူးပါ😁

0
0
0.000
avatar

ဝမ်းသာပါ၏

0
0
0.000
avatar

ဗဟုသုတ ရပါတယ်ဗျ
!PIZZA

0
0
0.000
avatar

ကောင်းပါပေ၏

0
0
0.000
avatar

NFT တွေ လုပ်ရောင်းကြမယ်... နာမည်ကြီးဖို့ အတွက်တော့... ကိုယ်လုပ်တဲ့ NFT ကို တဖက်လှည့်နဲ့ တခြား အကောင့်နဲ့ ဈေးကြီး ပေးဝယ်လိုက်...အာ့ဆို ... ဦးစိုး NFT တွေ ပေါက်ပြီပဲ 😁😁😁 !PIZZA

0
0
0.000
avatar

အဲ့အကြံ မဆိုးဘူးဆာဟင် 😄 ဆာဟင့်ဝယ်ခိုင်းရမှာဖဲ 😅

0
0
0.000
avatar

တွေ့သမျှ ဓာတ်ပုံရိုက်တင်ရင်ကောင်းမလားတွေးနေတာ !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

လက်ခံရင် အကုန်ချရမှာပဲ 😂ဘာမှန်းသေချာမသိသေးတော့ ခက်နေထာလေ

0
0
0.000