ပြေးတော့ပြေးနေတာပဲ

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

အခုတလော ကျွန်တော်အနေနဲ့ Vote များများရနိုင်အောင်ဆိုပြီး ရသမျှ အကုန်လိုက်တင်ကြည့်နေခဲ့မိပါတယ်... hive-myanmar community ကိုလည်း ပို့စ်တစ်ခုရအောင်ရေးတင်ပါတယ်... ဘာ့ကြောင့်လဲဆိုတာကိုတော့ မေးနေစရာမလိုလောက်ဘူးထင်ပါတယ်... Power မြန်မြန်တက်ချင်လို့ပဲပေါ့... ဘယ်လောက်ပဲ ပို့စ်တွေများအောင်တင်တင် အကုန်လုံးပေါင်းလို့မှ 1$ မပြည့်တာက များနေတဲ့ရက်တွေပါပဲ...

အချို့သူများမှာတော့ အလွယ်တကူနဲ့ $ များများရကြတာကိုတွေ့တော့လည်း အားတောင်ကျမိသေးတယ်... ကိုယ့်မှာသာ ရွာရိုးကိုးပေါက်လျှောက်လယ်နေပေမယ့် တစ်နေကုန်လို့စာရင်းတွက်ကြည့်ရင် ပြားဂဏန်းကကိုမတက်ဘူးဖြစ်နေတယ် 😅 တော်ချက်က အားကျလောက်တယ်မဟုတ်လား... မည်သို့ပင်ဖြစ်စေကာမူ ပို့စ်ကတော့ အားရင် အားသလို ရရင်‌ရသ‌လောက် တင်နေမှာပဲ... မလျော့သော ဇွဲလုံ့လနဲ့ပေါ့လေ 😝



ဦးနှောက်ခြောက်စရာတွေကို မရေးချင်သေးတော့လည်း ရေးချင်ရာရေးအစီအစဉ်အတိုင်း ရေးနေရတော့တာပါပဲ... ဦးတည်ရာမရှိ ပြစ်မှတ်မရှိ ထိချင်ရာထိ ဆိုပြီးတော့ ပြစ်နေတာတောင် ဘယ်ပြစ်မှတ်မှကိုမထိပဲနဲ့ မြေကြီးပေါ်ပဲရောက်ရောက်နေတော့တာပဲ... အကြံကောင်း ဉာဏ်ကောင်းလေးများရှိရင်လည်း မစကြပါအုံးလို့ 😁

ပါဝါကလည်းလိုချင် အခြားပေါက်နိုင်တယ်ထင်တဲ့ Token တွေကိုလည်းလိုချင်ဆိုတော့ကာ မျောက်မီးခဲကိုင်မိသလို တောင်ခုန်မြောက်ခုန်နဲ့ ဘယ်မှမရောက်ဖြစ်နေတယ်... ဘယ်မှမရောက်ဆို ဘာမှမှ မရှိတာပဲ ဘယ်ရောက်လိမ့်မတုံးနော... စုလိုက် ဝယ်လိုက်နဲ့ ခုလောလောဆယ်မှာတော့ လယ်နေတယ်... လယ်တာမှ မူးနောက်နေအောင်ကို လယ်နေတာဆိုတော့ လယ်နေတာရပ်မှ အမူးပြေတော့မှာပဲ... ဒါတောင်အတော်နှာနှပ်ယူရမယ် 😅

နေ့စဉ်ရက်ဆက် စာတွေရေးနေတော့ တခါတခါ ဘာရေးရမယ်မှန်းမသိဘူးဆိုတဲ့စကားလုံးကို ထပ်ခါ ထပ်ခါမရေးချင်တော့ပါဘူး... ဂိမ်းအကြောင်းရေးချင်ပေမယ့် ကစားနေတဲ့ Splinterlands က ဝင်မရဖြစ်နေတာ ဗွီပီအန် ခံမှရမယ်မှန်းမသိခဲ့ဘူး... တနေ့ကမှ မေးကြည့်မိလို့ သိတာ... ခုတော့ ဝင်လို့ရနေပေမယ့် ဘာတိုက်ပွဲမှ မတိုက်ဖြစ်သေးတော့လည်း ဘာမှတင်လို့မဖြစ်သေးဘူး...

ကဲ-ရေးချင်ရာရေးအစီအစဉ်အတိုင်း ရေးချင်ရာတွေတော့ ရေးပြီးသွားပြီ... အကြံကောင်း ဉာဏ်ကောင်းလေးများရှိရင်လည်း မျှဝေပေးခဲ့ကြပါအုံး... ပါဝါ‌မြန်မြန်တက်ချင်လို့ပါ 😁 ပို့စ်များများတင်တိုင်းလည်း ဘာမှမဟုတ်ဘူးဆိုတာတော့ သိနေတာကြာခဲ့ပေမယ့်လည်း ကံလေးများကောင်းလာမလားရယ်လို့ ဆက်တင်နေတုံးပါပဲ...


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
15 comments
avatar

ကြိုးစား​နေသ​ရွေ့​တော့ ပန်းတိုင်ဆိုတာ ​မျှော်လင့်နိုင်ပါ​သေးတယ် ဖိုက်တင်း
!PGM

0
0
0.000
avatar

ကြိုးစားရတာပ။
!hiqvote

0
0
0.000
avatar

ကြိုးစားနေရတာပဲ ကျောင်းသားတုံးက ဒါလောက်ကြိုးစားခဲ့ရင် ခုလောက်ဆို ထူးချွန်အဆင့်တောင်ကျော်နေလောက်ပြီ 😂 !PIZZA

0
0
0.000
avatar



@htwegyi you !PIMP, the HiQ Smart Bot has recognized your request and will start the trail now. !PIZZA


Delegate HP to @hiq.hive, BEE to @hiq.bee,
PHOTO to @hiq.photo, FUN to @hiq.fun,
ONEUP to @hiq.oneup or PIMP to @hiq.pimp
to support the HiQ Smart Bot and its trails,
and grab "massive" rewards!

If you have at least 10 HIQS staked
and your daily limit is not exceeded,
then juicy votes will follow!

Check out HiQ - The Hivestyle Magazine,
fomo into HiQs - The Support Token
& vote our fucking Witness!

This is a semi automatically created manual curation. !LOL
Currently this sexy Smart Bot is in the testing phase though.
For further questions, feel free to contact @hiq.redaktion via comment or Discord.

0
0
0.000
avatar

ကျောင်းစာ ဘက်မှာသာ အဲသလောက် အားထုတ်ခဲ့ရင်ဖြင့် ခုချိန် ဆရာဝန် မဟုတ်ဘူး NASA လောက်မှာ အကြံပေး အရာရှိ ဖြစ်လောက်ပြီ။ ဒါပေသိ Hive Power ​က အရေးကြီးတယ် စုသာစု။ Cryptocurrency ဟာ ကျွန်တော်တို့ အတွက် ဘယ်တော့မှ နောက်မကျဘူး။ !PIZZA

0
0
0.000