ထပ်တူကျပါစေ

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

နေ့စဉ်နဲ့အမျှ အလုပ်တွေကို ကျွန်တော်တို့လုပ်နေကြရတယ်... တိုးတက်လိုသော ကျွန်တော်တို့တစ်တွေ ပိုပြီးကြိုးစားပမ်းစားလုပ်တဲ့သူတွေလုပ်နေကြတယ်... ဒါကကျွန်တော်တို့တစ်တွေလုပ်ချင်လို့ လုပ်နေကြခြင်းဖြစ်ပါတယ်... အလုပ်တစ်ခုကို လုပ်ကြတဲ့အခါမှာ တစ်ပါးသူကခိုင်းလို့လုပ်ရတဲ့အလုပ်နဲ့ ကိုယ်လုပ်ချင်လို့ လုပ်ရတဲ့အလုပ် ဘယ်အလုပ်ကို ပိုပြီးလုပ်ချင်ကြမလဲ ဘယ်အလုပ်ကို ပိုပြီးစိတ်ဝင်စားကြမလဲဆိုတဲ့မေးခွန်းကတော့ မေးစရာမလိုဘူးလို့ ထင်ပါတယ်...


work.png


ကိုယ်လုပ်ချင်လို့ လုပ်ရတဲ့အလုပ် ကိုယ်စိတ်ဝင်စားလို့လုပ်ရတဲ့အလုပ် ကိုပဲလုပ်ချင်ကြမှာ သေချာပါတယ်... ငယ်ငယ်က သူငယ်တန်းကို စတက်တော့ မသွားချင်လို့ ငိုယိုအော်ဟစ်ခဲ့ကြတယ်... နောက်တော့ အသားကျသွားပြီး ငိုယိုမနေကြတော့ဘူး... ကျောင်းတက်ကို တက်ရမယ်ဆိုတဲ့အသိတစ်ခုတိုးသွားပေမယ့် မိဘတွေခိုင်းလို့ ကျောင်းတက်ရတဲ့စိတ်မျိုးပဲရှိတယ်... စာမတတ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတဲ့ ပြောစကားနဲ့ မကျက်ချင်ပဲနဲ့ စာတွေအော်ကျက်ခဲ့ကြရတာပဲမဟုတ်လား.... ဒါမိဘတွေကခိုင်းလို့ လုပ်တဲ့အလုပ်လေ...

ငယ်ငယ်တုံးက အဲ ငယ်ငယ်တုံးကဆိုတာထက် ငါးတန်းနှစ်လောက်ကပေါ့လေ... အမေက လမ်းထိပ်မှာ ဆီသွားဝယ်ခိုင်းတယ်... ဆီသွားဝယ်တဲ့လမ်းမှာ ရပ်ကွက်က ကလေးတွေစုပြီး ပိုက်ဆံပစ်နေကြတာတွေ့တော့ ဆီသွားမဝယ်ပဲ ပိုက်ဆံပစ်တဲ့ဝိုင်းထဲ ကိုယ်ပါဝင်ပစ်နေတာ ဆီသွားဝယ်တာ ပြန်မလာလို့ အမေလိုက်လာပြီး ဆော်ပလော်တီးတာ ကျောကော့အောင်ခံလိုက်ရတယ်... ခိုင်းတာက ဆီဝယ်ခိုင်းတာ လုပ်မှမလုပ်ချင်ပဲကိုး... အဲဒီအချိန်မှာ ကိုယ်လုပ်ချင်တဲ့အလုပ်က ပိုက်ဆံပစ်တဲ့အလုပ်ဖြစ်နေတော့ ကိုယ်လုပ်ချင်တာဝင်လုပ်မိတော့ ကျောကော့အောင်အရိုက်ခံလိုက်ရတာပေါ့😆 စိတ်မပါတဲ့အလုပ် မလုပ်ချင်တဲ့အလုပ်ဟာကျောင်းစာဖြစ်နေလေတော့ သိအောင် လောက်ပဲ လုပ်ခဲ့မိတယ်... တတ်အောင် တော်အောင် မလုပ်ခဲ့မိဘူး...

ကျောင်းတွေတက်တယ် စာတွေကျက်ရမှတ်ရတာ ကိုယ်လုပ်ချင်တဲ့အလုပ်မဟုတ်ဘူး... သူများ တနည်းအားဖြင့် မိဘတွေခိုင်းလို့ လုပ်နေရတာမဟုတ်လား... အဲဒီအချိန်တုံးက ကိုယ်လုပ်ချင်တဲ့အလုပ်က စာကျက် စာမှတ်တဲ့အလုပ်မဟုတ်ပဲ လမ်းပေါ်မှာ ပေဒိုးပစ် ပိုက်ဆံပစ်တဲ့အလုပ်... အဲဒီအလုပ်တွေလုပ်ရမလားဆို နေ့ရက်အချိန်နာရီမရွေးဘူး 😆 ဘဝတစ်လျောက်လုံးလည်း ကိုယ်လုပ်ချင်တာကတစ်ခြား လုပ်နေရတာကတစ်ခြားဖြစ်နေတဲ့အချိန်တွေက များနေမှာပဲ...

‌သူများခိုင်းလို့လုပ်ရတဲ့အလုပ်နဲ့ ကိုယ်လုပ်ချင်လို့ လုပ်ရတဲ့အလုပ်က အတော်‌ကွာခြားနေတတ်တယ်... စိတ်ခံစားချက်ခြင်းကလည်း မတူညီနိုင်ဘူး... လုပ်နေရတဲ့အလုပ်နဲ့ လုပ်ချင်တဲ့အလုပ်က ထပ်တူညီဖို့ဆိုတာကလည်း အတော်မလွယ်ကူတဲ့အရာပဲ... အချိန်ယူလုပ်ရင်တော့ ဖြစ်နိုင်ပါတယ်... ဆိုတော့ မိတ်ဆွေများအားလုံး လုပ်ချင်တဲ့အလုပ်နဲ့ လုပ်ရတဲ့အလုပ် ထပ်တူကြနိုင်ကြပါစေလို့ပဲ ဆုတောင်းလိုက်ရပါတယ်...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png



0
0
0.000
8 comments
avatar

စိတ်ပါလက်ပါ လုပ်နေတာလေး စိတ်လေးနေရတယ်ဗျာ
!LOL

0
0
0.000
avatar

ဆက်လက်ချီတက်ရမှာပဲ

0
0
0.000
avatar

အဲ့ဒီ ခံစားချက်က အ​တော်စိုးပါတယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း နည်း​​စေတယ်

0
0
0.000
avatar

ဟုတ်တယ် ကွကိုလုပ်မလို့စိတ်ကူးထားချိန် ခိုင်းခံလိုက်ရရင် လုပ်ချင်စိတ်တောင်ပျောက်သွားတတ်တယ်

0
0
0.000
avatar

အခုလည်း ပေဒိုးပစ် ချင်နေတုန်းပဲ မဟုတ်လားလို့ ...😁😁😁 !LUV

0
0
0.000
avatar

သေချာတာပေါ့... ပစ်ချင်တုံးပဲဆာဟင်ရေ 😆

0
0
0.000