ရောက်အောင်တော့သွားရမှာပဲ

avatar
(Edited)

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီကနေ့‌တော့ ရေးချင်ရာရေး အစီအစဉ်မှာ စိတ်ကူးပေါက်လို့ ရေးတင်ချင်တာကတော့ ဘာရေးရမှန်းမသိဘူး ပေါ့ဗျာ... ဘာ့ကြောင့် ဘာရေးရမှန်းမသိဘူး ဖြစ်နေသလဲဆိုတာကို စဉ်းစားကြည့်တော့ ကိုယ်တွေက စာရေးဆရာလည်းမဟုတ်... စာရေးဖို့ပါရမီရှိနေကြသူတွေလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့... ဒါပေမယ့်လည်း နေ့စဉ်နေ့တိုင်း ပို့စ်တစ်ခုခု တင်ဖို့အတွက် အကြောင်းအရာ ရှာကြံပြီး ရေးတင်နေကြတယ်... စာရေးဆရာတွေတောင် နေ့စဉ်ရေးဖို့ အကြောင်းအရာ ကုန်ကြမ်းမရှိနိုင်ဘူးလို့ ထင်တယ်... ဒီတော့ ကျွန်တော်တို့က ဘာမို့လို့ နေ့စဉ် ကုန်ကြမ်းရှာရလိမ့်မတုံး... ဒီတော့ နေ့စဉ်စာရေးဖို့ ခက်ခက်လာရတာပေါ့...


ways.png


ခက်လဲခက်ပေါ့... ရေးတင်ရမှာကတော့ ကိုယ့်အလုပ်ပဲ... နောက်တစ်ခုကျွန်တော်တို့ အားသာတာက စာရေးဆရာတွေက သူတို့ရေးလိုက်တဲ့စာကို တာဝန်ခံရတယ် တာဝန်ယူရတယ်‌ပေါ့... ကျွန်တော်တို့အနေနဲ့ကတော့ အဲသလောက်တော့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက် ရေးချင်ရာရေးအစီအစဉ်နဲ့ပဲ ရေးကြတာပေါ့ 😄 ဒီတော့ကာ ရေးချင်ရာသာ ရေးကြပါဗျို့ လို့ ပြောရမှာပဲနော...

ကျွန်တော့်အမြင်ကို ပြောရရင် စာရေးတယ်ဆိုတာက ကိုယ်သိထားတဲ့အကြောင်းအရာ ကိုယ်တတ်ထားတဲ့ပညာရပ် ကိုယ့်ရဲ့စိတ်ခံစားချက် ကိုယ့်ရဲ့အထင်အမြင် ကိုယ့်ရဲ့အတွေ့အကြုံ ကိုယ့်ရဲ့ မြင်တွေ့ရတဲ့အကြောင်းတစ်ခုခု စတာတွေကို အ‌ခြေခံပြီးတော့ ရေးကြတာပဲမဟုတ်လား... မသိပဲရမ်းသမ်းရေးဖို့ကလည်း အဆင်မပြေတတ်ဘူးလေ... ရေမကူးတတ်တဲ့သူတစ်ယောက်က ရေကူးတဲ့အကြောင်း ဘယ်လိုသွားရေးမတုံး... မမြင်မတွေ့ မတတ်မသိပဲ ရမ်းသမ်းရေးလို့က ဘာမှအဆင်မပြေဘူး...

ခုလည်းကျွန်တော်ရေးနေတာ ဘာအကြောင်းမှန်း ကိုယ်တိုင်မသိပါဘူးဗျာ 😄 စာဖြစ်အောင်ရေးနေတာဖြစ်လေတော့ ပစ်မှတ်တစ်ခု ပန်းတိုင်တစ်ခုတော့ ဖြစ်မယ်မဟုတ်ဘူးပေါ့... ပစ်မှတ်မရှိတော့ ထိချင်ရာထိသလို ပန်းတိုင်မရှိတော့ ရောက်ချင်ရာရောက်တော့မပေါ့... ပစ်မှတ်တစ်ခုထားရင် ပစ်မှတ်ကို ထိတယ် မထိဘူး သိနိုင်မယ်... ပန်းတိုင်တစ်ခုရှိရင် ကိုယ်ရောက်နေတာ ကိုယ့်ရဲ့ ပန်းတိုင် ဟုတ်မဟုတ်သိနိုင်မှာပေါ့... နို့မို့ကတော့ ဘာမှန်းမသိ ဘယ်‌နေရာရောက်နေမှန်းမသိပဲ ကျွန်တော့်လို ဖြစ်နေမှာပေါ့😅

ဆိုလိုချင်တာကတော့ ကျွန်တော်တို့တစ်တွေ Online ပေါ်ကို အခု Hive Platform ပေါ်ကို ဘာရည်ရွယ်ချက်နဲ့တက်လာပြီး ဘာပန်းတိုင် ဘာပစ်မှတ်ထားပြီး လုပ်နေကြသလဲဆိုတာကို စဉ်းစားသင့်တယ်လို့ ပြောချင်ပါသဗျ... ပစ်မှတ်ကို ထိအောင်ပစ်ဖို့က ဘယ်လမ်းကနေပဲသွားသွား မှန်ဖို့လိုတာပေါ့... ဘယ်ပန်းတိုင်ကို ချမှတ်ထားသလဲ... ပန်းတိုင်ရောက်ဖို့ ဘယ်လမ်းကနေပဲဖြစ်ဖြစ်ရောက်အောင်တော့သွားကြပါလို့... အားလုံးအဆင်ပြေ‌ကြပါစေ...

အားလုံးကို လေးစားလျှက် -


ansoe_logo_leo.png



0
0
0.000
17 comments
avatar

တစ်​နေ့တစ်ပုဒ် ​ရေးကျရမှာမို့ကို ​ရေးရပါသည် 😆😆

0
0
0.000
avatar

ရေးလည်းရေး တွေးလည်းတွေး မေးလည်းမေးနေရတုံးပဲ 😅

0
0
0.000
avatar

တနေ့တစ်ပုဒ်နဲ့ အလုပ်ဖြစ်အောင် ခရီးဆက်ရပါမည်

0
0
0.000
avatar

တစ်နေ့တစ်ပုဒ် hive ဘယ်ပြေးမလဲ😊

0
0
0.000
avatar

ခရီးရောက်ဖို့ ပုံစံအမျိုးမျိုး လျှောက်လှမ်းနေရတာပဲ။
ရေးချင်တာ ရေးနိုင်ရင် တော်လှပြီ။
!LOL

!LUV

0
0
0.000
avatar

ခရီးရောက်ချင်ပေမယ့် တောတိုးနေရတော့ ခရီးမပေါက်ဘူးဖြစ်နေတယ်

0
0
0.000
avatar

ရေးချင်တာရေး ပန်းတိုင်ရောက်ဖို့ ပြေး
!LUV

0
0
0.000
avatar

ပြေးလည်းပြေး အသံလေးလည်းနားစွင့် အတိုဆုံးလမ်းကိုလည်းတွေ့အောင်ရှာမှ ပန်းတိုင် မြန်မြန်ရောက်မယ်

0
0
0.000
avatar

ပုံမှန်လေး တင်သွားမှ ရမယ်ဆိုတော့
မရှိ ရှိတာကို ရှာကြံပြီး တင်နေပါတယ် !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

တချို့က လမ်းလျှောက်မယ်.. တချို့က ဆိုက်ကား စီးမယ်... တချို့က ကားစီးမယ်.... ပန်းတိုင်တူ နေဖို့က အရေးကြီးတယ်...အချိန်တန်ရင် ဒီပန်းတိုင်ကို ရောက်လာဖို့ တော့လိုတယ် !PIZZA

0
0
0.000
avatar

ပန်းတိုင်တူရင် အဆင်ပြေတာပေါ့ ဆာဟင် !LOL

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@ansoe, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000