Beautiful Paper Flower Vase, How to Make it

avatar

ဒီနေ့တကယ့်ကိုလှတဲ့ ပန်းအိုးတစ်လုံးပြုလုပ်ထားပါတယ်။ဒီတစ်ခုကလှပသလိုပြုလုပ်ရတာလည်းရိုးရှင်းပါတယ်။ပန်းပွင့်လေးတွေကိုတော့ရောင်စုံစက္ကူဖြင့်ပြုလုပ်ထားပြီး၊ပန်းအိုးကို flower paper ဖြင့်ပြုလုပ်ပါတယ်။ဒီပန်းအိုးအတွက်စက္ကူကိုစက်ဝိုင်းပုံစံခေါက်၍ပြုလုပ်ရတာပါ။ပန်းပွင့်တွေကစက္ကူပေါ်ပုံဆွဲပြီးသူတို့ကိုဖြတ်၍ပြုလုပ်ထားတာပါ။ဒီပန်းအိုးမှာအလှဆင်ရန်သစ်ရွက်တွေကိုတော့ပုံမှန်သစ်ရွက်ပုံစံလိုမျိုးမပြုလုပ်ပဲ၊အဝါရောင်စက္ကူကိုဖြတ်၍ခေါက်ပြီး၊ထိုအပေါ်မှာပန်းပွင့်တွေကိုကော်ကပ်၍ပြုလုပ်ထားတာပါ။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလိုစာလည်းရေးထားပါတယ်။

ပထမအဆင့်မှာ ပန်းအိုးပြုလုပ်ရန် flower paper ကိုပုံအတိုင်းခေါက်ချိုး၍ အနားတစ်ဘက်မှာစက္ကူစကိုချန်ထားပါတယ်။ထိုနေရာကိုစက္ကူအပိုင်းငယ်များဖြတ်၍ခေါက်ချိုးရမှာပါ။ကျန်အနားတစ်ဘက်မှာတော့ အဝါရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ထိုစက္ကူကိုစက်ဝိုင်းပုံခေါက်၍ကော်ကပ်ပါတယ်။ထို box ရဲ့မျက်နှာပြင်တစ်ဘက်မှာတော့အခြားစက္ကူဖြင့်ကော်ကပ်ပါတယ်။

A4 size အဝါရောင်စက္ကူပေါ်ပုံအတိုင်းမျဥ်းများဆွဲရမှာပါ။ထိုမျဥ်းများကိုဖြတ်၍စက္ကူအပိုင်းတစ်ခုစီခြား၍ခေါက်ချိုးပြီးကော်ကပ်ပါတယ်။ကျန်တဲ့စက္ကူအပိုင်းများကိုအချွန်ပုံစံဖြတ်ပါ့မယ်။ထိုစက္ကူခေါက်ကိုပုံအတိုင်းခေါက်၍ကော်ကပ်ပါ့မယ်။ဆက်လက်ပြီးအရွယ်တူအနီရောင်ပန်းများကိုလည်းစက္ကူပေါ်ပုံဆွဲ၍ဖြတ်ပြီးပြုလုပ်ပါတယ်။ထိုပန်းပွင့်များဖြင့်အလှဆင်ပါတယ်။ဒီပန်းအိုးပြုလုပ်ပြီးနောက်ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။


October 6,2022
Written by @asterkame
By my photo & made by me



0
0
0.000
9 comments
avatar

Her handicrafts turned out to be very elegant. The strange thing about her publication is that without having practically nothing written (you can't see the reading), the images "speak" by themselves, they explain each step of the manual work that is very easily done. The pictures are very sharp and show your beautiful handwork. Congratulations!
Greetings @asterkame


Muy elegante resultó ser sus manualidades. Lo extraño de su publicación es que sin tener practicamente nada escrito (no se observa la lectura), las imágenes "hablan" por sí solas, ellas explican cada paso del trabajo manual que se realiza muy fácilmente. Las fotografías están muy nítidas y muestran su hermoso trabajo manual. Felicitaciones!
Saludos @asterkame

0
0
0.000
avatar

Yes. Thank you so much for your visiting and interesting my post.

0
0
0.000
avatar

Beautiful Paper Flower Vase! !PGM !MEME

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @uthantzin

remaining commands 2

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

တကယ်ကိုလှပသေသပ်ပြီး အရမ်းလက်ရာ
မြောက်ပါတယ်!MEME

0
0
0.000