Beautiful Paper Gift Bag,How to Make it

avatar

ဒီနေ့ ရောင်စုံစက္ကူများကိုအသုံးပြု၍ paper gift bag တစ်ခုပြုလုပ်ပါတယ်။ဒါကို A4size စက္ကူဖြင့်ပြုလုပ်တာပါ။အခြားစက္ကူကိုအသုံးပြု၍လည်းပြုလုပ်နိုင်ပါတယ်။ washi tape နဲ့ရောင်စုံစက္ကူအပိုင်းများဖြင့်အလှဆင်ထားသလို bow တစ်ခုပြုလုပ်၍လည်းအလှဆင်ထားပါတယ်။လက်ကိုင်တစ်ခုလည်းပါတယ်။ဘယ်လိုပြုလုပ်ရမလဲဆိုတာပုံများဖြင့်ဖော်ပြထားသလိုစာလည်းရေးထားပါတယ်။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံ၊ washi tape စသဖြင့်ပါ။

img_0.34778391426195493

img_0.14411931836713232

img_0.23880910392548757

img_0.4963839143183766

img_0.6159790095940788

img_0.3619561285216261

ပထမအဆင့်မှာ A4size စက္ကူကိုအနားတစ်ဘက်မှာကော်ကပ်ရန်အနည်းငယ်ခေါက်၍ကော်ကပ်ပါတယ်။ပြီးနောက်အနားတစ်ဘက်မှာပုံအတိုင်းအဆင့်ဆင့်ခေါက်၍ကော်ကပ်ရမှာပါ။ထိုစက္ကူရဲ့ဘေးနှစ်ဘက်မှာလည်းခေါက်၍ခေါက်ချိုးမျဥ်းများအတိုင်းအတွင်းသို့ခေါက်ပါတယ်။ကျန်အနားတစ်ဘက်ကိုလည်းခေါက်၍ဘေးနှစ်ဘက်ကိုအနည်းငယ်စီဖြတ်ပါတယ်။အိတ်အဖုံးပြုလုပ်ရန်ပုံအတိုင်းဖြတ်ရမှာပါ။ပြီးနောက်ရောင်စုံစက္ကူအပိုင်းများနဲ့ washi tape ဖြင့်အိတ်ရဲ့ရှေ့မှာအလှဆင်ပါတယ်။

img_0.4107071135231262

img_0.8550944319005143

img_0.906169328956609

img_0.820939297896458

img_0.37067398922845285

img_0.09811109583841214

img_0.5640961318504539

img_0.007656615925805125

img_0.46015190220498975

img_0.7859909909790496

img_0.46736644372706776

ဒီအဆင့်မှာ bow တစ်ခုပြုလုပ်ရန် ပန်းရောင်နဲ့အပြာရောင်စက္ကူကိုပုံအတိုင်းဖြတ်ပါ့မယ်။ပန်းရောင်စက္ကူရဲ့အနားနှစ်ဘက်ကိုအလယ်သို့ခေါက်၍ကော်ကပ်ပါတယ်။ထိုစက္ကူအရောင်နှစ်မျိုးကိုကော်ကပ်၍ bow ပြုလုပ်ပြီးအိတ်ရဲ့အဖုံးမှာအလှဆင်ပါတယ်။ လက်ကိုင်အတွက်လိမ္မော်ရောင်စက္ကူအပိုင်းတစ်ခုဖြတ်၍အလယ်မှခေါက်ပြီးကော်ကပ်တယ်။ထိုစက္ကူကိုပုံအတိုင်းခေါက်၍လက်ကိုင်အဖြစ်အိတ်မှာကော်ကပ်တယ်။ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။ဒီတစ်ခုအတွက်ပြုလုပ်ရတာစိတ်ရှည်ရန်လိုအပ်သလိုအဆင့်လည်းနည်းနည်းများပါတယ်။

img_0.27942435911069613

img_0.6458557111938997

img_0.9426045301306255

img_0.34504581208648843

img_0.10157731979206257

img_0.38847156872124367

img_0.18512938035687027
June 13,2022
Written by @asterkame
By my photos & made by me



0
0
0.000
14 comments
avatar

လွယ်အိတ်လေး လှတယ်...!LUV !MEME

0
0
0.000