How to Make Beautiful Card with Origami Rose

avatar

ဒီနေ့ တကယ့်ကိုလှတဲ့ card တစ်ခုပြုလုပ်ထားပါတယ်။ ထို card ကထူးခြားတဲ့ပုံစံရှိပြီး၊ ပန်းတစ်ပွင့်နဲ့ သစ်ရွက်နှစ်ရွက်ဖြင့် အလှဆင်ထားပါတယ်။ ထို card ကိုဘယ်လိုပြုလုပ်ရမလဲဆိုတာပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ အဖြူရောင်စက္ကူကို 21cm ဖြင့်အလျားအနံတူညီစွာဖြတ်၍ wavy shape ခေါက်ပါတယ်။ အစိမ်းရောင် စက္ကူအလိပ်တစ်ခုပြုလုပ်၍ အလယ်မှာ ပုံအတိုင်းကော်ကပ်ပါတယ်။

ဒီအဆင့်မှာ နှင်းဆီတစ်ပွင့်ခေါက်ပါတယ်။ စက္ကူကို 12cm ဖြင့်အလျားအနံတူညီစွာဖြတ်၍ ပုံအတိုင်းအဆင့်ဆင့်ခေါက်ရမှာပါ။ ထိုပန်းပွင့်ကိုပုံအတိုင်းကော်ကပ်၍ သစ်ရွက်နှစ်ရွက်ကိုလည်းဖြတ်၍ ကော်ကပ်ပါတယ်။

ပန်းရောင်စက္ကူကို 15cm ဖြင့်အလျားအနံတူညီစွာဖြတ်၍ ပုံအတိုင်းအဆင့်ဆင့်ခေါက်ပြီး ဖြတ်ပါတယ်။ နောက်ထပ်အဖြူရောင်တစ်ခုကိုလည်း 10cm ဖြင့်ထပ်မံပြုလုပ်၍ အတူတကွကော်ကပ်ပါတယ်။

ထို card ကထူးခြားတဲ့ပုံစံနဲ့အရမ်း နှစ်သက်စရာကောင်းပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

March 13, 2024
Written by @asterkame
By my photos & made by me



0
0
0.000
0 comments