Origami Baskets with Paper Flowers, How to Make them

avatar

ဒီနေ့ paper basket တွေကိုခေါက်ထားပါတယ်။ သူတို့ကို ပြုလုပ်ရတာအဆင့်အရမ်းမများပါဘူး။ လွယ်ကူပါတယ်။ သူတို့ရဲ့ handle တွေပေါ်မှာ ပန်းများဖြင့် အလှဆင်ထားပါတယ်။ ထို basket တစ်ခုလုံးကို စက္ကူတစ်ရွက်တည်းဖြင့်ခေါက်ရတာပါ။ ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့် ဖော်ပြထားပြီး စာလည်းရေးပြထားပါတယ်။

ပထမအဆင့်မှာ စက္ကူရဲ့ အလျားနဲ့အနံကို 21cm ဖြင့်ဖြတ်၍ တစ်ဝက်ခေါက်ရမှာပါ။ မျက်နှာချင်းဆိုင်ထောင့်နှစ်ခုကို အလယ်သို့ခေါက်၍ ထိုစက္ကူကို တစ်ဘက်သို့လှည့်ပြီး ခေါက်ချိုးမျဥ်းနှစ်ခုကို အလယ်မျဥ်းသို့ ခေါက်ပါတယ်။ အပြင်ဘက်မှ အစွန်းနှစ်ခုကို အလယ်သို့ခေါက်ပြီး ဒါကို ပြန်ဖြည်ပါတယ်။ ထိုစက္ကူကို အခြားတစ်ဘက်သို့ လှည့်ပြီးနောက် ခေါက်ချိုးမျဥ်းနှစ်ခုကို အလယ်မျဥ်းသို့ ထပ်မံခေါက်၍ တစ်ဘက်စီမှစက္ကူအစွန်းတွေကို အတွင်းဘက်သို့အဆင့်ဆင့် ခေါက်ပါတယ်။ စက္ကူအစွန်းလေးခုကိုလည်း ခေါက်ချိုးမျဥ်းများအထိ ပုံအတိုင်းခေါက်ရမှာပါ။ basket ပုံစံရစေရန် ထောင့်လေးခုကို ခေါက်ချိုးမျဥ်းများအတိုင်းခေါက်၍ သူတို့ကိုအတွင်းဘက်သို့ ထပ်မံခေါက်ရမှာပါ။ handle အတွက်အစွန်းနှစ်ခုမှ အနားနှစ်ခုစီကို ပုံအတိုင်းခေါက်ပြီး သူတို့ကိုအပေါ်သို့ခေါက်၍ ကော်ကပ်ပါတယ်။ လိမ္မော်ရောင် basket တစ်ခုကိုလည်းထိုနည်းအတိုင်းခေါက်ပါတယ်။

ပန်းအတွက် အပြာရောင်စက္ကူရဲ့ အလျားနဲ့အနံကို 7cmဖြင့်ဖြတ်ပါတယ်။ ထိုစက္ကူကိုတစ်ဝက်စီအဆင့်ဆင့်ခေါက်၍ ထိုအပေါ်မှာ ပုံအတိုင်းဆွဲ၍ဖြတ်ပါတယ်။ ပွင့်ဖတ်တစ်ခုစီကို အလယ်သို့ခေါက်ပါတယ်။ နောက်တစ်ဆင့်မှာ အဖြူရောင်စက္ကူကို 5cmဖြင့်ဖြတ်၍ ပထမပန်းကဲ့သို့ပြုလုပ်ပါတယ်။ ဒီတစ်ခုမှာတော့ ပွင့်ဖတ်တစ်ခုစီရဲ့အစွန်းတွေကို အနည်းငယ်စီဖြတ်ရမှာပါ။ ထိုအပေါ်မှာ အပြာရောင် ပန်းပွင့်ကိုထား၍ကော်ကပ်ပါတယ်။ နောက်ထပ်ပန်းတစ်ပွင့်ကိုလည်းထိုအတိုင်းပြုလုပ်ပြီးနောက် သူတို့ကို handle တွေပေါ်မှာ အလှဆင်ပါတယ်။

ထိုbasketတွေက သာမန်ပုံစံဖြစ်ပေမဲ့ ပန်းများဖြင့်အလှဆင်ထားတာကြောင့် အရမ်းလှပြီး နှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

August 18, 2024
Written by @asterkame
By my photo & made by me



0
0
0.000
2 comments