Paper Craft Photo Frame

avatar

ဒီတစ်ခုကပုံလေးတွေအတွက်အသုံးဝင်မဲ့စက္ကူနဲ့ပြုလုပ်ထားတဲ့ဓာတ်ပုံဘောင်တစ်ခုပါ။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြုထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုလွယ်ကူစေရန်ပုံများဖြင့်ဖော်ပြထားသလိုစာရေး၍လည်းပြောပြထားပါတယ်။ပထမအဆင့်မှာကတ်ထူကိုပုံအတိုင်းညှပ်၍အပြာရောင်စာရွက်ကော်ကပ်ပါတယ်။ပြီးနောက်အလှဆင်ရန်သစ်ရွက်လေးတွေ၊ပန်းပွင့်များပြုလုပ်မှာပါ။သစ်ရွက်များကိုညှပ်လိုက်ပါတယ်။ပန်းပွင့်ကိုအရွယ်တူစက္ကူလေးတွေညှပ်ပြီး၊ကော်ကပ်၍ပုံဖော်မှာပါ။ပန်းတစ်ပွင့်မှာစက္ကူခေါက်သုံးခုစီလိုအပ်ပါတယ်။ရောင်စုံစက္ကူပေါ်ပုံဆွဲ၍ညှပ်ပြီး၊ထိုစက္ကူအပိုင်းကိုကော်ကပ်၍နောက်ထပ်စက္ကူခေါက်နှစ်ခုကိုအလယ်မှခေါက်ချိုး၍ကော်ကပ်ပြီးပန်းပွင့်ပုံဖော်လိုက်ပါတယ်။အပြာရောင်ကတ်ထူဘောင်ပေါ်မှာသစ်ရွက်များ၊ပန်းပွင့်များဖြင့်လှပစွာအလှဆင်ပါတယ်။

img_0.5650243919158671.jpg

img_0.11934997808284364.jpg

img_0.7715865962035111.jpg

img_0.9892085870890828.jpg
Written by @asterkame
By my photos & made by me



0
0
0.000
7 comments
avatar

Nice photo frame လေးပါ။

0
0
0.000
avatar

ဟုတ်ပါတယ် ကျေးဇူးပါ

0
0
0.000
avatar

ဇွဲကောင်းပေစွ
!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်

0
0
0.000