Paper Pen Holder, How to Make it

avatar

ဒီနေ့အရမ်းလှတဲ့ paper pen holder တစ်ခုပြုလုပ်ထားပါတယ်။ဒါကခွက်ပုံစံနဲ့တူပါတယ်။ handle တစ်ခုလည်းပြုလုပ်ထားပါတယ်။ဒါကို pen box အဖြစ်အသုံးပြုနိုင်သလို၊ပန်းအိုးအဖြစ်ပန်းပွင့်များထည့်၍လည်းအသုံးပြုလို့ရပါတယ်။ဒီတစ်ခုကိုစက္ကူခေါက်၍ပြုလုပ်ထားတာပါ။ပြုလုပ်ရတာတကယ့်ကိုလွယ်ကူပြီး၊အလှဆင်ထားတဲ့ပန်းတွေကလည်းစက္ကူကိုဖြတ်၍ပြုလုပ်ရတာပါ။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလိုစာဖြင့်လည်းပြောပြထားပါတယ်။

ပထမအဆင့်မှာ ခရမ်းရောင်စက္ကူကို ပုံအတိုင်းခေါက်၍၊ကော်ကပ်ပါတယ်။ထိုစက္ကူပေါ် 1cm စီတိုင်း၍ မျဥ်းများဆွဲရမှာပါ။ထိုမျဥ်းများကိုခေါက်၍အနားတစ်ဘက်မှာစက္ကူအပိုင်းငယ်များဖြတ်ပါ့မယ်။ထိုစက္ကူအပိုင်းများကိုခေါက်၍ထိုအပေါ်မှာအခြားစက္ကူအပိုင်းတစ်ခုဖြင့်ကော်ကပ်ပါတယ်။

ဒီအဆင့်မှာ စက္ကူကိုခေါက်၍ကော်ကပ်ပြီးပုံအတိုင်းခေါက်ပါတယ်။ဒါကို box မှာ လက်ကိုင်အဖြစ်ကော်ကပ်ပါတယ်။အလှဆင်ရန်ပန်းပွင့်များပြုလုပ်ပါ့မယ်။အနီရောင်နဲ့အဝါရောင်စက္ကူပေါ်ပုံအတိုင်းပန်းပွင့်များဆွဲ၍ဖြတ်ပါ့မယ်။စက်ဝိုင်းပုံစံစက္ကူအပိုင်းငယ်များလည်းဖြတ်၍ထိုပန်းပွင့်များပေါ်ကော်ကပ်ပါတယ်။ ထို box မှာပန်းပွင့်များဖြင့်ပုံအတိုင်းကော်ကပ်အလှဆင်ပါတယ်။ဒါကတကယ့်ကိုရိုးရှင်းပြီးလှပတဲ့ box တစ်ခုပါ။ဒီတစ်ခုအတွက်အားလုံးပြုလုပ်ပြီးနောက်ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

September 20,2022
Written by @asterkame
By my photos & made by me



0
0
0.000
7 comments
avatar

တကယ့်ခွက်​လေးအတိုင်းပဲ
!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @suhlaing

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ဟုတ်ပါတယ်...
!PIZZA

0
0
0.000