အညာဒေသ အလှူ ဓလေ့
Hive myanmar အဖွဲ့သားများ အားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ။
ဒီနေ့တော့ ကျေးလက် သဘာ၀ အညာဒေသက အလှူလေးတစ်ခုအကြောင်းကို မျှဝေ ချင်ပါတယ်။ အလှူဆိုလို့ ဘာအလှူ လည်း မေးရင် တော့ ရှင်ပြု အလှူလေးပဲ ဖြစ်ပါတယ်။
အညာဒေသ ဆိုတဲ့အတိုင်း ကျေးလက်သဘာ၀ကို အပြည့်အ၀ ခံစားရမယ့် အလှူလေးဖြစ်ပါတယ်။
အလှူရှင်ကတော့ အမ၀မ်းကွဲရဲ့ သားနှစ်ယောက်ကို ရှင်ပြုပေးတဲ့အလှူဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်ထဲက ရွာတစ်ရွာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကျနော့်ကို အလှူပြန်လာဖို့ ဖိတ်ကြားပေမယ့်လည်း အလုပ်မအားလပ်တာနဲ့ ပြန်ရမယ့် ခရီးကွာဝေးလွန်းတာကြောင့် မပြန်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ကြိမ် မပြန်ဖြစ်တဲ့အတွက်ကြောင့် ရွာနဲ့ဝေး အိမ်နဲ့ဝေးနေခဲ့တာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။
အလှူအကြောင်းပဲ ဆက်ပါဦးမည်။ အညာဒေသအလှူမို့ ရိုးရိုးရှင်းပဲ ဖြစ်ပါတယ်။ ရှင်လောင်းလှည့် နတ်ပြပြီး ဘုန်းကြီးကျောင်းသွားကာ ဆံချ သင်္ကန်းတောင်း သင်္ကန်းစည်း ခြင်းကိစ္စပြုလုပ်ရမည်ဖြစ်ပါတယ်။
ရှင်ပြုကို မနက်ပိုင်းတွင်ကျင်းပပြီး ရှင်လောင်းကို ရှင်ပြုခြင်းအား ညနေပိုင်းတွင်ပြုလုပ်ကြပါသည်။ နောက်နေ့တွင်တော့ သံဃာ တော်များအား ဆွမ်းကျွေးခြင်း ၊ ဧည့်ပရိတ်သတ်များအား ကျွေးမွေးခြင်း ပြုလုပ်ကြပါသည်။
လူကိုယ်တိုင် မရောက်ဖြစ်ပေမယ့် ပုံလေးတွေကို facebook messenger မှတစ်ဆင့် ရရှိခဲ့လို့ hive myanmar တွင် ပြန်လည်မျှဝေလိုက်ရပါတယ်ခင်ဗျာ။
Plz !hiqvote
@callmemaungthan, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @callmemaungthan gets !WEED from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
@callmemaungthan!
@hiq.smartbot passed you the virtual joint!If you do not want to receive these comments, please reply with !STOP
!Nice sharing...! !LUV !PIZZA
@callmemaungthan, @uthantzin(6/10) sent you LUV. | tools | discord | community | HiveWiki |
NFT | <>< daily
I gifted $PIZZA slices here:
@htwegyi(1/5) tipped @callmemaungthan (x1)
uthantzin tipped callmemaungthan (x1)
kachinhenry tipped callmemaungthan (x1)
Send $PIZZA tips in Discord via tip.cc!
အညာက အလှူ ထမင်းဟင်း မစားရတာတောင် ကြာပေါ့...!PIZZA
ချစ်စရာ ရိုးရာ ဓလေ့ပါ။
!PIZZA