19 th Times Blood Donation

မနေ့က သွေးလှူ ဖြစ်၏။ (၁၉) ကြိမ်မြောက် အနေနဲ့ပေါ့။ သူငယ်ချင်းက phone ဆက်လာခြင်း ဖြစ်၏။ သွေးလိုသူက သူ့ အသိ ဖြစ်၏။ ဒီနယ်က မဟုတ်တော့ မရှာတတ်၊ မဖွေတတ် ဖြစ်မှာစိုး သဖြင့် ကျနော့်ကို သူက လှမ်းပြောခြင်း ဖြစ်၏။ ကျနော်လည်း ပြန် လှူလို့ ရနေချိန် ဖြစ်သဖြင့် လှူပေးမည် ဖြစ်ကြောင်း၊ လှူနာရှင်၏ phone number ပေးပါ မနက်စာ စားပြီး သွားလိုက်ပါ့မယ် အကြောင်း တပါတည်း ပြောလိုက်၏။
ထမင်း စားပြီးနောက် အခြား သူငယ်ချင်း တယောက်ကို phone လှမ်း ဆက်ကြည့်၏။ တခြားတော့ မဟုတ် ဆိုင်ကယ် စိတ်မချသဖြင့် ဆိုင်ကယ်နဲ့သူ့ကို တဆိုင်ဆိုင်မှာ ဒါမှ မဟုတ် တနေရာရာမှာ စောင့်နေရန် ဖြစ်၏။ ကံကောင်းချင်တော့ အဆိုပါ သူငယ်ချင်း အားသည် ဆို၏။ ကွက်တိ ဖြစ်သွားတာပေါ့လေ။ ခုတလော ဆိုင်ကယ်တွေက အပျောက်များနေ၏။ ခေတ်ကောင်းတုန်းက နည်းနည်းတော်သေး၏။ ခုခေတ်ပျက်ချိန်မှာတော့ ပိုလို့ပင် ဆိုးနေ၏။ ကိုယ့်ပစ္စည်းကို ကိုယ်သာ ဂရုစိုက်နေရ၏။ ပျောက်ရင် ဘယ်သူမှ တာဝန်ယူ ရှာဖွေ ပေးတာမျိုး မရှိပေ။ ကူညီပါရစေကြီးကလည်း သူ့သူတောင် ပြန် မကူညီနိုင်သည့် အခြေအနေ မလား။
နောက်ဆုံး တကြိမ် လှူထားတာက ၅ လပိုင်းက ဖြစ်၏။ သတ်မှတ်လကို ကောင်းကောင်းကြီး ကျော်နေခဲ့ပြီ ဖြစ်၏။ သွေးပေါင်၊ သွေးစစ်ပြီး သွေးထုတ်ပေါ့။ ထုံးစံအတိုင်း သွေးကြောက ရှာရခက်နေပြန်၏။ (၁၀) ကြိမ်မြောက် နောက်ပိုင်းက စလို့ သွေးကြော ရှာရခက်လို့ နေခဲ့၏။ ခုလည်း အလယ်ကြောက ထုတ်မရလို့ ဘေးကြောကနေသာ ထုတ်ယူ ရပြန်၏။
သွေးလှူပြီး ညနေ ရောက်တော့ Futsal သွားကန် လိုက်သေး၏။ အမှန်တော့ နားရမှာ ဖြစ်၏။ သို့ပေမယ့် နားလည်း ပျင်းနေရမယ့် အတူဆိုပြီး သွားလိုက်ခြင်း ဖြစ်၏။ ကန်နေတုန်းက အကောင်းရယ်။ နောက်နေ့ အိပ်ရာလည်း ထရော လူလည်း အီစိမ့်နေရော။ လက်မောင်း နှစ်ဖက်လုံး နာနေ၏။
နောက်ရက်မှာတော့ ဆေးရုံက ပေးလိုက်သည့် အားဆေးသောက်ပေါ့။ နို့ကြက်ဥလေး ဘာလေးသောက်ပြီး အားလေး ဘာလေး ပြန်ဖြည့်တင်းရသေး၏။ သွေးလှူ ပေးရလို့ ပီတိလည်း ဖြစ်ရပါ၏။ လူနာလည်း အမြန်ဆုံး သက်သာစေဖို့ ဆုတောင်းပါ၏။ သွေးလှူသည့် အဖိုးပါကကို Hive မှ မိတ်ဆွေများ ထပ်တူရကြပါစေလို့ အမျှပေးဝေ ပါ၏။
သာဓု သာဓု သာဓုခေါ်ပါတယ်ဗျာ။
ကိုယ်တွေ တခါတည်းသာ လှူဖူးသည်။ သွေးအားနည်းလို့ လူကို နားတွေဘာတွေ အူသွားတယ်။
!LOLZ
!MEME
Credit: idmr500
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
Just follow the fresh prints.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
Credit: bitandi
Earn Crypto for your Memes @ HiveMe.me!
ဟုတ်ဗျ။
လုပ်နိုင်တာကလည်း ဒါလေးပဲ ရှိ။