3 Points

Man United Women အသင်း အနေဖြင့် ပထမဆုံး WSL နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပြီ ဖြစ်၏။ မနေ့က အိမ်ကွင်းမှာ West Ham ကို ၂-၁ ဖြင့် အနိုင်ရသွားခဲ့၏။ ပွဲ အစ ၉ မိနစ်မှာတင် United တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့၏။ ပထမပိုင်းမှာ ၁-၀ ဖြင့် United တို့ ဦးဆောင်ထားခဲ့၏။ ဒုတိယပိုင်း ၇၂ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံသွင်းယူပြီး ၂-၀ ဖြင့် ဦးဆောင်ထားခဲ့၏။ ၉၀+၂ မိနစ်မှာ West Ham တို့ ချေပဂိုး ၁ ဂိုး ပြန်လည် ရယူသွားနိုင်ခဲ့၏။ ယခု နိုင်ပွဲကြောင့် United အနေဖြင့် အဆင့် ၉ နေရာသို့ တက်လှမ်း လာနိုင်ခဲ့၏။
ဒီတပတ်ရဲ့ ပွဲစဉ်ကောင်းဟု ဆိုရမယ့် Chelsea vs Arsenal ပွဲစဉ်မှာတော့ အိမ်ရှင် Chelsea က Arsenal ကို ၁-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ယခုနိုင်ပွဲကြောင့် Chelsea အနေဖြင့် အမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၃ နေရာမှာ ရပ်တည်နေ၏။ အဆင့် ၂ နေရာမှာ ရပ်တည်နေတာကတော့ Tottenham Women အသင်း ဖြစ်လေ၏။ မနေ့က Aston Villa Women အသင်းကို ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ယူပြီး ဂိုးသွင်းအများဆုံး အသင်းအဖြစ် ရပ်တည်နေ၏။

Liverpool women အသင်း အနေဖြင့်လည်း Everton women အသင်းကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ယူပြီး ရမှတ် ၇ မှတ်ဖြင့် အဆင့် ၅ နေရာမှာ ရပ်တည်နေ၏။ Everton women အသင်းကတော့ ရမှတ် ၆ မှတ်ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေ၏။
Nations League ပွဲစဉ်တွေမှာတော့ ထင်မှတ်မထားသည့် ရလဒ်တွေ ထွက်ပေါ်ခဲ့၏။ Greece က Germany ကို ၀-၁ ဖြင့် အနိုင်ရသွားခဲ့၏။ Group 2 မှာ Netherlands က Serbia ကို ၁-၂ ဖြင့် အနိုင်ရသွားခဲ့၏။ Group 2 ကို Greece အသင်းက ဦးဆောင်ထား၏။
Group 4 မှာ Denmark အနေဖြင့် Wales ကို ၂-၀ ဖြင့် အနိုင်ရသွားခဲ့၏။ Norway အနေဖြင့် Ronaldo မပါသည့် Portugal ကို ၁-၂ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ Portugal နည်းပြသစ် Jorge Jesus က ကစားသမား ပွဲထုတ်ပုံ အပြောင်းအလဲတွေ လုပ်သွားခဲ့၏။
(photos from UEFA & WSL pages)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts: