About LOA I expect

avatar

uyhhhmzuxp.jpg

တနေ့က screen time အကြောင်း ရေးမိ၏။ screen time များရခြင်း အကြောင်း အရင်းကို ရှာကြည့်မိနေ၏။ မယ်မယ်ရရ အ​ဖြေတော့ မထွက်လာပေ။ ဒါဖြင့် ဘာမှန်း မသိတာတွေနဲ့ အချိန်ကုန်နေတာလား ဆိုပြန်တော့လည်း မဟုတ်ပေ။ သေချာတာက LOA ကို စပြီး စိတ်ဝင်စား မိသည့် နောက်ပိုင်းမှာ screen time ယခင်ထက် ပိုလာခြင်း ဖြစ်တော့၏။ LOA ဖက်ကနေ official Myanmar channel လည်း ဖွင့်ပေးလိုက်ရော၊ ပိုဆိုးတော့၏။ မျက်နှာ နဲ့ screen က အချိန်တိုင်း နီးပါး ကပ်နေတော့၏။

အစက community အခွဲတွေ ထဲမှာ Myanmar မပါသေး။ ဘာလို့ မပါသေးတာလဲပေါ့။ သို့နှင့် main channel ထဲ သွားစပ်စု၏။ ဟိုက ​ဖြေပေးပါ၏။ Moderator လိုတယ် တဲ့ အဲ့ community ကို ကိုယ်စား ပြုပေးမယ့်သူတဲ့။ သို့နှင် လှမ်းပြော မေးမြန်း ပြောဆိုကြပြီး လုပ် ဖြစ်သွားတော့၏။ သို့နှင် Myanmar Channel လေး ဖြစ်လာတော့၏။ လောလောဆယ်တော့ Moderators တွေကို လစာ မပေးနိုင်သေးပေ။ ဒါပေမယ့် information တခုခုဆို အရင် သိရမယ်၊ ပြီးနောက်ပိုင်း ကြရင်လည်း တခုခုတော့ ထူးလာနိုင်မည်ဟု မျှော်လင့်ကာ Myanmar Moderator လုပ် ဖြစ်သွား ခဲ့၏။

ကြီးကြီးကျယ်ကျယ် ပြောခြင်းတော့ မဟုတ်။ ကျနော်တို့ ထပ်ပြီး နောက် မကျလိုတော့ပေ။ crypto, blockchain တွေတုန်းကလည်း တုန်းကမလို့။ ခုလို Moba game ကိုမှ blockchain နည်းပညာတွဲထားသည်ဆိုတော့ ဘာပြောကောင်းမလဲ။ တော်တော်လေး သဘောကျ၊ တော်တော်လေးလည်း မျှော်လင့်ထားမိ၏။ ထို့ကြောင့် နောက်မကျခင် လိုက်နိုင်သလောက်၊ မှီသလောက် လိုက်ထားလို၏။

img_0.8293986105313191.jpg
skin types of LOA

ကျနော် တို့ဆီမှာ Mobile legends ကို အတော်လေး ကစားကြ၏။ မြန်မာမှ မဟုတ် အရှေ့တောင် အာရှ နိုင်ငံ တော်တော်များများ မှာ ကစားကြ၏၊ နာမည်ကြီး၏။ ထို့ကြောင့်ပင် ML နှင့် ပတ်သက်သည့် esport ပြိုင်ပွဲတွေ ကျင်းပ နိုင်နေခြင်းလည်း ဖြစ်၏။

ML ကစားခြင်းကနေ pro players, casters, Streamers တွေကတော့ rewards တွေ ရကြ၏။ ကျနော်တို့လို သာမန် ကစားသမားတွေကတော့ ပျော်ရွှင်ခြင်း ကိုသာ ရ၏။ ဒါတောင် ပွဲရှုံးတာ များက မပျော်ရတော့ဘဲ စိတ်တို ဒေါသထွက်ကာ အချိန်သာ အလကား ကုန်သွားသလို ဖြစ်ချေတော့၏။

ML ကို စွဲစွဲလန်းလန်း ကြီး မဟုတ် ပေမယ့် မကြာခဏတော့ ဆော့ကစား ဖြစ်၏။ အပျော်တမ်း သက်သက်ရယ်ပါ။ ဘာဖြစ်ဖို့ ညာဖြစ်ဖို့၊ ဘာအတွက် ညာအတွက် ရယ် မရည်ရွယ်ပေ။ ဒီအတိုင်းလေးသာ ဆော့ကစားခြင်း ဖြစ်၏။

ခု LOA ကို အများကြီး မဟုတ်တောင် တော်တော်တော့ မျှော်လင့်ထားမိ၏။ ML လိုမျိုး Moba game ဆော့ရင်း rewards ရမည့် အခွင့်အရေး မလား။ သာမန် ကစားသမား တယောက်တောင် rewards ရနိုင်သည့် အခွင့်အလမ်း ဖြစ်၏။ ပျော်လည်း ပျော်ရ၊ rewards လည်းရ ဘယ်လောက် ကောင်းသနည်း။ ထို့ကြောင့်ပင် LOA နှင့် ပတ်သက်ပြီး ကျနော်တို့ နောက်မကျရလေအောင် လိုက်နိုင်သလောက် လိုက်နေရခြင်း ဖြစ်ချေ၏။ ကိုဟင် ပြောခဲ့သလို ဂိမ်းကစားရင်း ဖြင့်လည်း ပိုက်ဆံ ရှာနိုင်တော့မည်ထင်၊ pro players မဟုတ်ခဲ့လျှင်တောင်ပေါ့။



0
0
0.000
21 comments
avatar

လင့်ပေးလေ ဆော့ကြည့်ရအောင်လို့... ကွန်ပျူတာနဲ့ရောဆော့လို့ရသလား? ဖုန်းနဲ့ပဲဆော့ရတာလား? ကတ်တွေဘာတွေညာတွေ ဝယ်မှ ဆော့လို့ရတာလား? ဘာလား? ညာလား? အကုန်သေချာရေးတင်ပေးဘာ ☺

0
0
0.000
avatar

ထွက်သေးဘူး
2022 နှစ်လယ်လောက် မှ ထွက်မယ်

0
0
0.000
avatar

Game ထွက်လာရင်တော့ လက်ဦးမှုယူရမယ် Game မထွက်လာခင် ကြိုတင်ပြင်ဆင်ရမှာတေါကိုပြောပြပေးပါဦး

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(9/9) tipped @donjaun (x1)
callmemaungthan tipped donjaun (x1)
golden.future tipped donjaun (x1)
nyinyiwin tipped donjaun (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

MIR4 ရော လေ့လာကြည့်သလား။

LOA က သီးသန့် Account ဖွင့်ထားလို့ ရပြီလား။

!PIZZA

0
0
0.000
avatar

အကောင့်တော့ ဖွင့်ဖို့ မလိုသေးဘူးဗျ။ လောလောဆယ် wallet ဖွင့်ထားရင်တော့ ရပြီ။ မိမိ ဝယ်ထားတဲ့ LOA တွေ သိမ်းထား ဖို့ပေါ့။
Metamask or Trust wallet နဲ့ ရတယ်။

0
0
0.000
avatar

Airdrop တွေ ရရင် ဘယ်ကို ပို့ပေးမှာလဲ။
Wallet address ထည့်ရတာ မပါတော့လေ။

0
0
0.000
avatar

နောက်မကျအောင်တော့ လိုက်ကြည့်နေရမှာပဲဗျ။ မြန်မာ ကွန်မြူနတီဖြစ်မြောက်ရေး အတွက်ကြိုးစားလာခဲ့တဲ့ ဆရာတွေကို အထူးကျေးဇူးတင်နေပါတယ်။ !PIZZA

0
0
0.000
avatar

လိုက် နိုင်သလောက်ပေါ့ဗျာ။

0
0
0.000
avatar

ကြိုးစားမှုအတွက် ကျေးဇူးတင်ပေမယ့်
ကလေးဂိမ်း‌ေလာက်ပဲဆော့တတ်တော့ခက်တယ်။

0
0
0.000
avatar

Game ကတော့ ကိုယ်တွေနဲ့ အလှမ်းဝေးပ ကိုဒွန်ရေ။
!LOLZ

0
0
0.000
avatar

People who are color blind have the highest rates of divorce.
They can't see the red flags.

@donjaun, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

0
0
0.000
avatar

skin mining လုပ်ထားလို့ရတယ်ဗျ။

0
0
0.000
avatar

LOA မှာ Streamer ဖြစ်လို့ကတော့ ... တောင်ကြီးထိလာပြီး .. ဘီယာ ဝယ်တိုက်ခိုင်းမာ.. !LOL. !PIZZA. !LUV

0
0
0.000
avatar

အို
ရန်ကုန် ဆင်းလာပြီးတော့ကို ဘီယာ တိုက်ဦးမှာ။

0
0
0.000
avatar

LOA တဲ့ ဘာမှမသိသေးပေမဲ့ သိနေတဲ့သူပြောပြတော့ စိတ်ဝင်စားစရာပါ...!PIZZA

0
0
0.000