အဟောင်းလား အသစ်လား

Ecency က ခုတလော ဘာဖြစ်နေသည် မသိ။ ပိုစ့် တင်ပါက တင်လို့ မရ ဖြစ်နေ၏။ success ဟုလည်း မပြ။ ဒါပေမယ့် ပြန်စစ်ကြည့်ရင် ပိုစ့်က တင်ထားပြီးသား ဖြစ်နေတတ် ပြန်ရော။ App version ကော၊ Website version မှာကော ဖြစ်နေခြင်း ဖြစ်၏။ App ကို update လုပ်ကြည့်ရအောင်ကလည်း version update မလာသေးပေ။ App ကို clear data လုပ်တာမျိုး၊ ဒါမှ မဟုတ် uninstall လုပ်ပြီးမှ ပြန် download လုပ်ကာ သုံးကြည့်ရမလားပေါ့။
သို့ပေမယ့် ခုက App version မှာပဲ ဖြစ်တာ မဟုတ်ဘဲ website version မှာပါ ဖြစ်နေတာမို့ သူ့ရဲ့ main server ကကို ဖြစ်နေတာဟု ပြောလို့ရ၏။ ဒီအတိုင်းပဲ စောင့်ကြည့် လိုက်မယ် တွေးပြီး ထို error ကြီးကို သည်းခံကာ သုံးနေခဲ့ရ၏။ ကျနော့် အထင် ထိုသို့ ဖြစ်နေတာ ၃ ရက်၊ ၄ ရက် လောက် တော့ ရှိမလားပဲ။
မနေ့ကတော့ ပိုစ့်တင်တော့ ထို error ကို မတွေ့ရတော့ပေ။ ပြန်ပြီး အဆင်ပြေသွားခဲ့ပြီ ထင်ပါရဲ့။ ပြန်ကောင်း သွားလို့ တော်သေး၏။ နို့ဆို ပိုစ့်တင်ရတာ အတော် ဒုက္ခ ရောက်၏။ App version ကနေ ပိုစ့်တင်ရင် ပိုစ့် တက်သွားလား မတက်သွားဘူးလားကို website version ကနေ သွားသွား ပြန် စစ်နေရ၏။ ဒီနေ့ ပိုစ့်တင်ရင်တော့ လုံးဝ အိုကေ၊ မကေပြီကို ပိုပြီး သေချာ စေမည် ဖြစ်၏။
Ecency update version မှာ promote က မပြောင်းလဲ ပေမယ့် boost ကတော့ ပြောင်းသွားခဲ့၏။ အရင်လို ပိုစ့်တခုထဲ သီးသန့် boost တာမျိုး မဟုတ်တော့ပေ။ ပြီး ယခင်က boost လုပ်ထားတဲ့ ပိုစ့်ကို vote မပေး ဖြစ်ပါက မိမိ boost လုပ်ထားသည့် points တွေကို ပြန်ပေး၏။ ခုက တပတ်၊ တလ၊ သုံးလ ဆိုပြီး points အနည်းအများဖြင့် တလုံးတခဲထဲ boost လုပ်ရ၏။ ပြီး ယခင်လိုတော့ vote လာပေးတာမျိုး မရှိတော့ပေ။ ထိုအစား Hive power delegate လုပ်ပေး၏။
ပိုကောင်းလား မကောင်းဘူးလားကတော့ တဦးတယောက်ချင်းစီ၏ အကြိုက်ပေါ် မူတည်မည် ထင်ပါ၏။ နှစ်မျိုးလုံးကတော့ သူဟာနဲ့သူ အဆင်ပြေ ကောင်းမွန်ပါ၏။ ယခု version အသစ်မှာ boost နိုင်ဖို့ဆိုရင်တော့ Ecency points များများ ရှိဖို့ စုထားနိုင်ဖို့ လိုမည် ဖြစ်၏။
မိတ်ဆွေတို့ အနေနဲ့ကော version အဟောင်းကို ကြိုက်လား၊ ဒါမှ မဟုတ် version အသစ်ကို ပိုသဘောကျလား တချက် ပြောပေးကြပါဦး။

တပို့တခါဘုရတာ ကြိုက်တယ်။
ဒါပေမယ့် သူတို့ ပေးချင်သလိုပဲ ဆိုတော့ ကိုယ်က ဘာတတ်နိုင်မှာလဲ။
ခုတော့ သုံးလစာ တခါတည်း boost+ ထားလိုက်ပြီ။
!lolz
lolztoken.com
Because it was 2-tired
Credit: reddit
@donjaun, I sent you an $LOLZ on behalf of golden.future
(1/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
အဲ့တာလည်း တမျိုးကောင်းတာပါပဲဗျ။
နားအေးတာပေါ့။
postတင်တာerrorမျိုးစုံတက်နေတယ်
ဟုတ်ပ။
Ecency က တစ်ခါတစ်လေတော့ လာvote တယ်။ အခုတစ်လော မboost ဖြစ်တာတောင် လာvote တယ် တစ်ချို့ postတွေကို
Ecency က မမဆောင်းပါဗျာ
လာဗုတ်သလိုလို မဗုတ်သလိုလိုပါ
!LOLZ
!MEME
lolztoken.com
Chase it around the block.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: amigoponc
Earn Crypto for your Memes @ HiveMe.me!