Airdrop is Everywhere

avatar

Telegram bot တွေ တခေတ် ပြန်ထလာတော့ Airdrop ကောက်သူတွေနဲ့ တဖန် ပြန်လို့ စည်ကား လာခဲ့၏။ တချို့ Trading လုပ်နေသူတွေတောင် ခဏနားပြီး Airdrop ကောက်နေကြ၏။ တခြား နေရာတွေမှာလည်း Airdrop တွေ ရယူနိုင်ပေမယ့် Telegram မှာတော့ ပိုများမည် ထင်၏။ Airdrop တွေ Bot တွေနဲ့ ပတ်သက်ရင် Telegram က အရင်ကတည်းက ပိုပြီး ရေပန်းစားသည် မဟုတ်လား။ ယခင် ပိုစ့်မှာ ပြောခဲ့သည့်အတိုင်း ကျနော်လည်း bot တွေကနေ တဆင့် Airdrop တွေ လိုက် ကောက်နေခဲ့၏။ ရ၊ မရကတော့ မပြောတတ်သေးပေ။

လက်ရှိ ကောက်နေသည့် ဟာတွေက Wallet ချိတ်လို့ ရနေတော့ အနည်းနဲ့အများတော့ မျှော်လင့်လို့ ရမယ် ထင်ပါ၏။ Airdrop တွေက ပုံစံ အမျိုးမျိုးနဲ့ ပေးကြ၏။ တချို့က Telegram account သက်တမ်းပေါ် မူတည်ပြီး tokens ချထားပေး၏။ ဥပမာ dogs coin လိုမျိုးပေါ့။ နောက်ပိုင်းတော့ task လေးတွေ လုပ်ခိုင်းပြီး tokens ထပ်ချပေးပြန်၏။ refer ကနေလည်း ပေး၏။ ဒါကတော့ Airdrop တိုင်းပင်။

တချို့ကကြ Telegram Group တွေ Channel တွေ ပြီး Twitter (X) မှာ follow လုပ်ခိုင်းတာမျိုးတွေ လုပ်ခိုင်းပြီး Airdrop ချပေး၏။ တချို့ကကြ refer သက်သက်သာ။ refer ဘယ်နှယ်ယောက် ရရင် ဘယ်လောက် ဆိုပြီး tokens တွေ ပေး၏။ ဒါကတော့ refer မရှာတတ်၊ မရှာချင်သူတို့ အတွက်တော့ နည်းနည်း အခက်တွေ့စေ၏။

နောက်တမျိူးကတော့ tap လုပ်ခြင်းကနေ Airdrop ပေး၏။ screen ကို တတောက်တောက် နှိပ်ပေးနေရတာမျိုး ဖြစ်၏။ နည်းနည်းတော့ အလုပ်ရှုပ်ရ၏။ သေချာ ရတယ်ဆိုရင်တော့ ဘယ်လောက် ရှုပ်ရှုပ်ပါလေ။ အလကားရသည် မဟုတ်လား။ တချို့တွေများ စက် အသေးစားလေးတွေ ထွင်သုံးပြီး သူ့သူ တတောက်တောက်ခေါက်ပေးနေအောင် လုပ်ထားကြ၏။

Telegram မှာ Airdrop bot တွေကတော့ မျိုးစုံပင်။ တကယ်ရတာက နည်းနည်း၊ မရတာကတော့ များများပေါ့။ ဒီလိုပဲ ရှာကြံပြီး စီစစ်ကြည့်ရတာပေါ့။ သေချာရင် တီးသာတီး။ မသေချာတော့လည်း မလုပ်ရုံပင်။ အချိန်တော့ ကုန်သည်ပေါ့။ အချိန်ကုန် သလို ပြန်ရခဲ့ရင်လည်း ပျော်ရပြီး။ ပြန်မရခဲ့ရလည်း တခုခုတော့ ရပါ၏။ ဘာဆိုရင်တော့ ဘယ်လို ဖြစ်တတ်တယ်။ အမှန်အကန်လား၊ အကြံအဖန်လား ဆိုတာကို ခွဲခြား နိုင်သွား၏။

မိတ်ဆွေတို့ကော ဘယ်လို Airdrop တွေ ကောက်နေကြလဲ။ မျှဝေသွားပါဦးလား။



0
0
0.000
10 comments
avatar

အဲ့ အဲဒေါ့တွေ တော့ နားမလည်ဘူးဗျို့။
!LOLZ
!MEME

0
0
0.000
avatar

ကျနော်လည်း အများကြီးတော့ မသိပါဘူး။ ဒီအတိုင်း လိုက်လျှောက်လုပ်။
😂

0
0
0.000
avatar

blum, time farm, tap swap, seed စသဖြင့် နဲ့ ၁၀ ခုကျော်လောက်တော့ ရှိမယ်။ ခုက not ကလဲဲပြီး ကျန်တာ က ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မပေးတော့ လုပ်ရတာတောင် စိတ်ပျက် လာပြီ။ hamster တောင် game တွေ ထပ်ဆော့ခိုင်းနေလို့ လက်လျှော့ ဖို့ စဥ်းစားနေတာ။ facebook မှာ နားလည်သူဆရာ တစ်ယောက်က ပြောတာတော့ telegram ပေါ်က hamster တို့ memefi, catizen တို့က web3 game တွေတဲ့။ ရေရှည် ကစားပြီး ဂိမ်းတွေ လည်းအောင်မြင်လာရင် coinတွေ nft ကဒ်တွေ က စျေးတက်ပြီး ပိုက်ဆံရနိုင်တယ်လို့ပြောတယ်။ ဒါပေမဲ့ အဲ့ဒါ တွေက အချိန်အရမ်းပေးနေရပြီး အနာဂတ်မှာ ဘယ်ဟာ အောင်မြင် မယ်မှန်း မသိတော့ ကစားရမလို မကစားရမလိုနဲ့ မမဆောင်း ဖြစ်နေပြီ။
!PGM
!LUV

0
0
0.000
avatar

ဟုတ်တယ်။
သေချာတာ လုပ်ရအောင်ကလည်း ဆရာတွေတောင် ဘာကတော့ သေချာတယ် ယတိပြတ် မပြောနိုင်။ အားလုံးက မြေစမ်းခရမ်းပျိုးတွေ ချည်းပဲ။ တကယ်ရမှပဲ ရတယ်လို့ ဆိုရမယ့်ပုံ။

0
0
0.000
avatar

တ​တောက်​တောက်နဲ့​ခေါက်လိုက်​သေးတယ် အခု​တော့ ပျင်းလို့ ပစ်ထားလိုက်ပြီ

0
0
0.000
avatar

ခုက အခေါက်တွေပဲ လာလာနေတာ။
😅

0
0
0.000