All Cup Semi Final Done

ဒီနေ့ မနက် အစောပိုင်းမှာ ယူရိုပါ နဲ့ ယူရိုပါ ကွန်ဖရင့် ဆီမီးဖိုင်နယ် ပွဲစဥ်များယှဥ်ပြိုင်ကစားကြ၏။ လန်ဒန် မြို့က ဝက်စ်ဟမ်း အသင်းကတော့ ဖရန်းဖက်ကို ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာ သွားခဲ့ရပြီ ဖြစ်၏။ ရိန်းဂျား အသင်းကတော့ လိုက်ဇစ်ကို အနိုင်ယူပြီး ဖိုင်နယ်သို့ တက်လှမ်းသွားခဲ့၏။ ဖိုင်နယ်မှာ ရိန်းဂျားနှင့် ဖရန်းဖက်တို့ တွေ့ဆုံ ယှဥ်ပြိုင်ကြတော့မည် ဖြစ်၏။
ဒီနှစ်မှ စတင်ကျင်းပ ဖြစ်သည့် ယူရိုပါ ကွန်ဖရင့် ပြိုင်ပွဲမှာတော့ ရိုးမား အသင်းက လက်စတာ အသင်းကို နှစ်ကျော့ပေါင်း ရလဒ် 2-1 ဖြင့် အနိုင် ယူပြီး ဗိုလ်လုပွဲ သို့ တက်ရောက် သွားပြီ ဖြစ်၏။ ဗိုလ်လုပွဲမှာ ဖီရင်နုအသင်းနှင့် ယှဥ်ပြိုင် ကစားရမည် ဖြစ်၏။ ရိုးမား နည်းပြ အနေဖြင့် လိဂ်ဖလားပြိုင်ပွဲအစုံ ဗိုလ်လုပွဲ ရောက်ဖူးသည့် စံချိန်ကို တင်ထားခဲ့ပြီ ဖြစ်၏။ မနေ့က သူ၏ ဝမ်းသာ မျက်ရည်တွေကို မြင်တော့ ကြည်နူး ပီတိ ဖြစ်ရ၏။
မကြာမီ လိဂ်ပြိုင်ပွဲတွေ ပြီးဆုံးတော့မည် ဖြစ်၏။ ထို့အတူ ဖလားပြိုင်ပွဲတွေလည်း ပြီးဆုံး မည် ဖြစ်၏။ ပြီးလျှင်တော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးက ဆိုင်ရာ ဖလားပြိုင်ပွဲတွေမှာ ဘယ်အသင်းတွေ ဗိုလ်စွဲမလဲကတော့ ရင်ခုန်စွာနဲ့ စောင့်မျှော် ကြည့်ရှုရပေလိမ့်ဦးမည်။ လိဂ်ပြိုင်ပွဲတွေ ပြီးဆုံးခါ နီးလာသည် နှင့်အမျှ မပြောင်းအရွှေ့ သတင်းတွေကလည်း လှုပ်လှုပ် နဲ့ ပိုပြီး အသံကျယ် အသက်ဝင်လာတော့၏။
ဘယ်သူက ဘယ်အသင်း ပြောင်းမယ်၊ ဘယ်သူ့ကိုတော့ ဝယ်တော့မယ်၊ ဘယ်သူကတော့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခါတော့မယ် အစရှိသဖြင့် မပြောင်းအရွှေ့ နှင့် ပတ်သက်သည့် ထင်ကြေးတွေ၊ ကောလဟာလတွေလည်း အမျိုးမျိုး ထွက်ပေါ်လို့ လာနေခဲ့ပြီ ဖြစ်၏။ တချို့ သတင်း၊ ထင်ကြေးတွေကတော့ အတည် ဖြစ်သွားတတ်၏။ ဘယ်သူတွေ ဘယ်အသင်းကို ပြောင်းကြမလဲကတော့ ဆက်လက် စောင့်ကြည့် ရပေလိမ့်ဦးမည်။
ရာသီ သိမ်းခါနီး ပွဲတွေကတော့ ပရိတ်သတ် အကြိုက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပွဲစဉ်တွေ ဖြစ်လို့နေတော့၏။
