အငွေ့ပျံ

avatar

fb_img_1638790212152

မနေ့ညက အကြောင်းအရာတခု နဲ့ ပတ်သက်ပြီး အတွေးတပိုင်းတစ ရ၏။ စာရေး မယ်ပေါ့။ ချက်ချင်း မရေးအားသေးလို့ ပြီးမှ ရေးမယ်ဆိုပြီး တေ့ထားလိုက်၏။ နောက်နေ့လည်း ရောက်ရော ပြန်စဥ်းစား အစဖော်လို့ မရတော့ပေ။ တခါတလေ အဲ့လို ဖြစ်လေ့ ဖြစ်ထ ရှိတတ်လို့ မရေးဖြစ်သေးလျှင်တောင် Note မှာ အကြောင်းအရာ အကြမ်းဖျဥ်း ရေးခြစ်ထားလေ့ ရှိ၏။ ဒါပေမယ့် မနေ့က မရေး ဖြစ်လိုက်ပေ။ ခုတော့ ဘာဆိုတာ မမှတ်မ်တော့ပေ။ ကောင်းရော။

ခုနောက်ပိုင်း နှစ်တွေမှာ တခုခုဆို ပြန်ပြန် အစဖော်ရ ခက်၏။ ဘာလုပ်မယ် ညာလုပ်မယ် တွေးထား ပြင်ထားပေမယ့် တကယ်လုပ်မယ်ဆိုတော့ မေ့သွားခဲ့ရပြန်၏။ ကိုယ့်ဟာနဲ့ကိုယ် လည်ထွက်လို့ နေ၏။ အမှန်တော့ နောက်ပိုင်းနှစ်တွေတင်မှ မဟုတ် ယခင်ကလည်း ဖြစ်ဖူးပါ၏။ စာတိုပေစလေးတွေ ရေးနေချိန်တုန်းကပေါ့။

img_0.5737643647969136

ထိုစဥ်က phone မဝယ်နိုင်သေးသဖြင့် စာရွက်ထဲမှသာ ချမှတ် အစပျိုးထားရလေ့ ရှိ၏။ Laptop တော့ ရှိ၏။ ကိုယ်ပိုင် laptop တော့ မဟုတ်၊ သူငယ်ချင်း၏ laptop တော့ ဖြစ်၏။ ကျောင်းသားဘဝ Nano ဆိုသည့် စာစဥ်လေး လုပ်စဥ်တုန်း စာရေးသား နိုင်ရန် သူငယ်ချင်းက သူ့ laptop ကို ပေးထားခြင်း ဖြစ်၏။

အိပ်ရာ ဘေး စာရွက်နဲ့ ဘောပင် ယူထား၏။ တခါတလေ တချို့ အတွေးတွေက အိပ်ခါနီးမှ ဝင်ဝင်လာ ရလာ တတ်၏။ ခုထိလည်း ထိုအတိုင်းပင်။ ခုကတော့ phone ထဲ ကောက်မှတ်ထားလိုက်ရုံပင်။ ထိုစဥ်တုန်းကတော့ စာရွက်နဲ့ ဘောပင်နဲ့ပေါ့။

အမှန်တော့ မနေ့က မှတ်ထား လိုက် မလို့ပင်။ ဒါပေမယ့် ဘယ်လိုကနေ ဘယ်လို မမှတ် ​ဖြစ်လိုက်မှန်း မသိပေ။ မမှတ်ဖြစ်တော့ ခု မမှတ်မိဘဲ ရေးစရာ မရှိ ဖြစ်ရ၏။ နောင် ထိုသို့ မဖြစ်အောင် မမေ့မလျော့နဲ့ ရေးမှတ်ရပေလိမ့်မည်။
တွေးမိတာနဲ့ ချသာမှတ်။



0
0
0.000
9 comments
avatar

မမှတ်မိလည်း စာတစ်ပုဒ်ဖြစ်😊
!PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @donjaun

remaining commands 2

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped donjaun (x1)
donjaun tipped suhlaing (x1)
@donjaun(3/5) tipped @uthantzin (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ဟုတ်တယ် တွေးမိတာနဲ့ ချရေးထားမှ ဖြစ်မယ်...!LOLZ !MEME

0
0
0.000