Another 3 Points

မနေ့က EPL week 23 ၏ ပွဲစဉ် 4 ပွဲ ကစား၏။ Week 23 မှာ 9 ပွဲ ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ နက်ဖြန် မြန်မာစံတော်ချိန် မနက် 2 နာရီခွဲမှာ ကစားမည့် ဘန်းဖို့နှင့် မန်စီးတီးတို့၏ ပွဲစဉ်ကတော့ Week 23 ၏ နောက်ဆုံး ပွဲစဉ် ဖြစ်ပေလိမ့်မည်။ ဒီတပတ် ပွဲစဉ်တွေက အကြိတ်အနယ်လည်း ရှိသလို သွင်းဂိုးတွေလည်း များ၏။ လောလောဆယ် ကန်ပြီးသွားသည့် 9 ပွဲထဲမှာ ဂိုးနည်းသည့်ပွဲဆိုလို့ တပွဲသာ ရှိ၏။ ဘုန်းမောက်နှင့် နော်တင်ဟန်ဖောရက်တို့၏ ပွဲစဉ် ဖြစ်၏။ တဖက်ကို တဂိုးစီဖြင့် သရေကျခဲ့၏။ ထိုပွဲကလွဲလို့ ကျန်ပွဲတွေက နှစ်သင်းပေါင်း သွင်းဂိုး 3 ဂိုးနှင့် အထက်တွေချည်း ဖြစ်၏။

မနေ့က ကစားသွားသည့် ကိုယ်တွေ၏ အသည်းကျော် ယူနိုက်တက်က အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို 3 ဂိုးပြတ်ဖြင့် အနိုင်ရသွားခဲ့၏။ ခြေစွမ်းပိုင်းအရ အကောင်းကြီးရယ်လို့ မဟုတ်ပေမယ့် တိုးတော့ တိုးတက်လာသည်ဟု ဆိုရပေလိမ့်မည်။ တပွဲပြီး တပွဲ ပုံစံကောင်းတွေ ပြလာနိုင်ဖို့ မျှော်လင့်မိပါ၏။ ကြီးကြီးကျယ်ကျယ် ပြောရရင် 2024 ထဲမှာ ခုထိ ရှုံးပွဲ မတွေ့သေးဟု ပြောရပေလိမ့်မည်။

ဒီတပတ်၏ အကောင်းဆုံး ပွဲစဉ်ဟု ဆိုရမည့် အာဆင်နယ်နှင့် လီပါပူးတို့၏ ပွဲစဉ်မှာတော့ အာဆင်နယ်က 3-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ နှစ်သင်းလုံး ခြေရည်တူ ကစားကြ၏။ လီပါပူး နောက်တန်းက ဒီနေ့ ပွဲမှာ အမှားပိုလုပ်မိသွားတယ်ဟု ပြောလို့ရမည်။ 1-1 ဂိုး သရေကျ နေသည့် အနေအထားကနေ နောက်ထပ် ရသွားသည့် နှစ်ဂိုးက လီပါပူး နောက်တန်း၏ အမှားတွေဟု ဆိုရပေလိမ့်မည်။

ယခုပွဲ အရှုံးကြောင့် လီပါပူးတို့ အမှတ်ဖြတ်ပြီး ဦးဆောင်လိုသည့် ခြေလှမ်းတို့ ရပ်သွားခဲ့ရ၏။ အာဆင်နယ် အတွက်တော့ အမှတ်ကွာဟချက် နည်းအောင် လုပ်နိုင်သွားခဲ့သည့် အတွက် ယခု နိုင်ပွဲက အားရစရာပင်။ 23 ပွဲ ကစားပြီး လီပါပူးက 51 မှတ်၊ အာဆင်နယ်က 49 မှတ်၊ မန်စီးတီးက 46 မှတ် (နှစ်ပွဲ‌လျော့)၊ အက်စတုန်ဗီလာက 46 မှတ်ဖြင့် အသီးသီး ရပ်တည်နေကြ၏။ မန်ယူနိုက်တက်ကတော့ 38 မှတ်ဖြင့် အဆင့် 6 နေရာမှာ ရပ်တည်နေ၏။

နက်ဖြန် မြန်မာစံတော်ချိန် ည 9 နာရီခွဲမှာ ဂျော်ဒန်နှင့် ကိုရီးယားတို့၏ အာရှဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ကစားသွားဖို့လည်း ရှိနေ၏။

(Photos from Manchester United and Liverpool Facebook page)



0
0
0.000
12 comments
avatar

အရှုံးဆိုတာ လောလောဆယ် မသိသေးဘူး

0
0
0.000
avatar

ဒါပေါ့
😅
!pizza

0
0
0.000
avatar

နောက်ပွဲတွေတော့ ဘယ်လိုလာမလဲမသိဘူးနော်
အခုတော့ ပျော်စရာတွေပေးနေတုန်းဗျာ
!Pizza

0
0
0.000