Another Hat-trick Player

မနေ့ မနက် ၈ နာရီခွဲ Uzbekistan vs Colombia ပွဲစဉ်မှာတော့ Colombia အသင်းက ၁-၃ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးကို မိနစ် ၄၀ မှာ Colombia က အရင် သွင်းယူခဲ့တာ ဖြစ်ပြီး ၆၀ မိနစ်မှာ Uzbekistan က ချေပဂိုး ပြန်လည် သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ၆၅ မိနစ်နှင့် ၉၀+၉ မိနစ်တို့မှာ Colombia က ဦးဆောင်ဂိုးတွေ ထပ်မံ သွင်းယူပြီး ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

အဖွင့် ပွဲစဉ်မှာ ကိုယ်စီ ရှုံးနိမ့်ထားကြတဲ့ Czechia vs South Africa ပွဲစဉ်မှာတော့ တဖက် တဂိုးစီ သရေနဲ့သာ ပွဲပြီး သွားခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်မှာတင် Czechia တို့ ဦးဆောင်ဂိုး ရခဲ့တာပါ။ ဒီ ဦးဆောင်ဂိုးက အနိုင်ရရှိအောင်တော့ မစွမ်းနိုင်ခဲ့ပါဘူး။ ၈၃ မိနစ်မှာ South Africa အသင်းက ပင်နယ်တီကနေ တဆင့် ချေပဂိုး ပြန်လည် သွင်းယူ သွားခဲ့ပါတယ်။

မနက် ၁ နာရီခွဲမှာ ကစားခဲ့တဲ့ Switzerland vs Bosnia and Herzegovina ပွဲစဉ်မှာတော့ Switzerland က ၄-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ပထမပိုင်း တပိုင်းလုံး သွင်းဂိုးတွေ မတွေ့မမြင်ရဘဲ မိနစ် ၇၀ နောက်ပိုင်းမှာမှ ဂိုးတွေ တွေ့မြင်ခဲ့ရပါတယ်။ ၇၄၊ ၈၄ နှင့် ၉၀ မိနစ်တွေမှာ ၃ ဂိုးဆက် ရယူနိုင်ခဲ့တာပါ။ ၉၀+၃ မိနစ်မှာတော့ Bosnia and Herzegovina တို့ ချေပဂိုး ၁ ဂိုး ပြန် သွင်းယူနိုင်ခဲ့ပါတယ်။ ၉၀+၇ မိနစ်မှာတော့ Switzerland က ၄ ဂိုးမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

အဖွင့်ပွဲမှာ သရေကျခဲ့တဲ့ Canada အသင်း အနေဖြင့် Qatar နဲ့ ဒုတိယပွဲစဉ်မှာ ဂိုး ဒါဇင်ဝက် သွင်းပြီး ၆-၀ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ၃၃ မိနစ်နှင့် ၅၁ မိနစ်တို့မှာ Qatar ကစားသမား ၂ ယောက် အနီကဒ်နဲ့ ထုတ်ပယ် ခံလိုက်ရပါတယ်။ ပထမ အနီကဒ် မတိုင်ခင် ကတည်းက Canada က ၂-၀ ဖြင့် ဦးဆောင် နေခဲ့ပါပြီ။ ပထမပိုင်းမှာ ၃ ဂိုး၊ ဒုတိယပိုင်းမှာ ၃ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယခု ပွဲစဉ်မှာ ကမ္ဘာ့ဖလားရဲ့ ဒုတိယမြောက် Hat-trick ကစားသမား ထွက်ပေါ်လာခဲ့ပါတယ်။ Canada အသင်းက Jonathan David ဖြစ်ပါတယ်။ မနက် ၇ နာရီခွဲမှာတော့ Mexico vs South Korea တို့ ပွဲစဉ် ကစားသွားဖို့ ရှိနေပါတယ်။

(photos from FIFA World Cup page)



0
0
0.000
0 comments