အပင် စိုက်ပါ
အိမ်တွင် အပင်စိုက်ရတာ စိတ်ဝင်စားသူ၊ ဝါသနာပါသူကို ပြပါ ဆိုက အမေ့ကို ပြရပေလိမ့်မည်။ အမေ့၏ အပင်စိုက် ဝါသနာကို ဘယ်သားသမီးမှ အမွေ မရဘူး ထင်၏။ အဘယ်ကြောင့်ဆို ကျနော်တို့ မောင်နှမ ဘယ်သူမှ အပင် မစိုက်ကြလို့ ဖြစ်၏။ အမေ ရှိနေလို့ပဲ ကိုယ်တိုင် မလုပ်ဖြစ်ကြလေ သလားပေါ့။ ဒါပေမယ့် အမေ့ကိုတော့ ကူညီ လုပ်ကိုင်ပေးကြပါ၏။ အမေ့ကို ကူပြီး စိုက်ပေးသူကတော့ ကျနော်ပေါ့။
အမေက သီးပင် စားပင် အရိပ်ရပင် အစ ရှိသဖြင့် စိုက်လေ့ ရှိ၏။ မျိုးကောင်း၊ စားကောင်းသည့် အပင်မျိုးတွေ အမေ စိုက်လေ့ ရှိ၏။ ကျနော်တို့ နေနေသည့် ခြံဝန်းထဲမှာ ပိန္နဲပင်၊ သရက်ပင်၊ ထောပတ်သီးပင် နှင့် သံပုရာပင်တို့ ရှိ၏။ ဒါတောင် ဒညင်းသီးပင်က သေသွားလို့သာ။ ကျနော်တို့ ပြောင်းလာခါစတုန်းက ဒညင်းပင်က အသီး သီးသေး၏။ ဒါပေမယ့် နောက်ပိုင်း ဘာကြောင့်ရယ် မသိ အရွက်တွေ ကြွေ ပြီး အကိုင်းတွေ ခြောက်ကုန်တော့၏။ အပင်က ကြီးနေပြီးမှ နှမြောစရာ။
အမေကတော့ မြေ သိပ်မကောင်းဘူးဟု ပြော၏။ အမေက ခုအိမ်မှာ နေမှရယ် မဟုတ် ယခင် အိမ်ငှား နေစဥ် အချိန်တွေ ကတည်းကပင် အပင်တွေ စိုက်၏။ ပြောရလျှင် ကျနော် လူမှန်း သိတတ် စကတည်းက အမေ အပင်တွေ စိုက်နေပြီကို မှတ်မိပါ၏။ ယခုအိမ်မှာ မနေခင်တုန်းက အိမ်ငှား၊ ဝန်ထမ်းအိမ်ရာ ဘယ်နေရာမှာ နေနေ ဆူကာသီး၊ ဆူကာရွက်၊ ဖရုံသီး၊ ဖရုံရွက်၊ ပဲလိပ်ပြာ တို့ ဝယ်စားခဲ့ရသည်ကို မရှိပေ။ ခြံထွက် အိမ်ထွက်တွေနဲ့တင် အိုကေ စိုပြေ။ ဆူကာသီးဆို အနီးနားက အိမ်တွေကိုပါ ဝေငှ လိုက်သေး၏။
ခုအိမ်မှာလည်း ဆူကာသီး၊ ပဲလိပ်ပြာ အပင်တို့ စိုက်ထားပေမယ့် ယခင်နေရာတွေမှာတုန်းကလောက်တော့ အသီး အရွက် ပဲ သိပ်မရပေ။ အမေ ပြောသည့် မြေမကောင်းခြင်း ဖြစ်မည်။
ရှေ့ရက်တွေက ကျနော်ပြောပြခဲ့သည့် ပိန္နဲပင်၊ သံပုရာပင် တို့ဆို အမေ သေချာ ရွေးထားသည့် အပင်၊ မျိုးတွေ ဖြစ်၏။ ပိန္နဲသီးဆို ယခင် အိမ်ငှား နေခဲ့စဥ်တုန်းက အိမ်ရှင်၏ အပင်မှ အသီး (မျိုး) ဖြစ်၏။ အမာသီး (အကြွပ်သီး) ဖြစ်၏။ ချိုလည်း ချို၊ မွှေးလည်း မွှေး၏။ ထိုအပင်၏ အသီးထဲက ပိန္နဲသီးစေ့ကို မျိုးယူကာ ပျိုးထားခြင်း ဖြစ်၏။
သံပုရာသီး ဆိုလည်း ထို့အတူပင်။ တခါသား ကျနော့် အမကြီး ဝယ်လာဖူးသည့် အလုံးကြီး အရည်ရွှမ်းသည့် သံပုရာသီး၏ အစေ့ကို မျိုးယူကာ ပျိုးထားခြင်း ဖြစ်၏။ အမေကား ရေရှည် ပျော်ရမယ့်သူ ဖြစ်ချေ၏။ နောင် သားသမီး မြေး မြစ်တွေထိတိုင် အမေ့ ကျေးဇူးကို တသသ အောင့်မေ့ ကျေးဇူးတင်နေကြရမည်မှာ မလွဲပေ။ မျိုးစေ့ မှန်က အပင် သန်မည် ဆိုရိုး ရှိ၏။ သို့ပေမယ့် မြေမကောင်း ပြန်ကလည်း မဖြစ်သေး ပြန်ပေ။ ဒါပေမယ့် ပျိုးပင် တခုအတွက် မြေကို ပြုပြင် တည်ဆောက် ပေးလို့ရသည် မဟုတ်လား။ အပင်ကောင်း တပင် ဖြစ်ဖို့ မျိုးစေ့ ကတော့ အရေးကြီး သည် မဟုတ်ပါလား။
အားလုံးထဲမှာ ရုပ်အဆိုးဆုံးလူသားကိုပြပါဆိုရင်တော့ 😅 !LUV
@ansoe(1/1) gave you LUV. tools | wallet | discord | community | <>< daily
HiveBuzz.me NFT for Peace
မြေပြင်စိုက်ရင် ရလောက်မှာပါ ကိုဒွန်
!PGM
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444