အပျင်းရပ်ချိန် တန်ပြီ

avatar

ဒီနေ့တော့ စာပြန်ရေးမှ ရတော့မည်။ အပျင်းထူနေခဲ့တာ အတော်ကြာခဲ့ပြီ။ ကြိုရေးထားသည့် စာတွေ ရှိတယ်၊ ရှိတယ်နဲ့ ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့ လာခဲ့တာ ကြိုတင်ရေးထားသည့် စာတွေတောင် အတော်လေး နည်းလာခဲ့ပြီ။ ဒီနေ့တော့ ပြန်ရေးမှ ဖြစ်တော့မည်။

ပျင်းရိခြင်းက ကုလားအုတ်ပုံပြင်ထဲက ကုလားအုတ် အတိုင်းပင် ဖြစ်၏။ ဝင်ခွင့်လေးလည်း ပေးလိုက်ရော ခေါင်းလေးကနေ တကိုယ်လုံး ဝင်ရောက် နေရာယူလေတော့၏။ တရက်စ နှစ်ရက်စလေး ကနေ အစပြုမိလိုက်တာ ရက်တွေ ဆက်သွားတော့၏။ ကြိုတင်ရေးထားသည့် စာလေးတွေကလည်း ရှိနေတော့ အပျင်းထူလို့ ပိုကောင်းသွားခဲ့၏။ ဒီကြားထဲ ကမ္ဘာ့ ဖလားပွဲ စတင်ကျင်းပတော့ အကြောင်းပြချက်က တခု ထပ်တိုး သွားတော့၏။ ညနေ ၄ နာရီ ခွဲကနေစလို့ ဘောလုံးပွဲ ကြည့်လိုက်တာ နောက်နေ့ မနက် ၂ နာရီ ကျော် အထိပင်။

အမှန်တော့ နေ့လည် နေ့ခင်း ရေးထားလို့ ရပေမယ့် နေ့လည်ပိုင်းမှာက MFF Futsal Championship ပွဲတွေ ​ကြည့်နေရသေး၏။ သူကလည်း မနက် ၉ နာရီက စလို့ တပွဲပြီး တပွဲ ကန်၏။ နို့ပေမယ့် တကယ်ရေးချင်သပဆို ရေးလို့ရပါ၏။ Futsal ပွဲစဥ် တခုအပြီး နောက်တပွဲ မလာချိန်မျိုးပေါ့။ ယုတ်စွအဆုံး နေ့ခင်း မရေးဖြစ်လျှင်တောင် ညဖက်မှာလည်း ရေးလို့ရပါသေး၏။ ကျနော် ကိုယ်၌က အပျင်းထူနေခြင်း ဖြစ်၏။

ကမ္ဘာ့ဖလားက တရက်ကို ၄ ပွဲ ဖြစ်၏။ မြန်မာ စံတော်ချိန် ညနေ ၄ နာရီခွဲ၊ ည ၇ နာရီခွဲ၊ ည ၁၀ နာရီခွဲ၊ မနက် ၁ နာရီခွဲ တွေ ဖြစ်၏။ ၁ နာရီခွဲ ပွဲစဥ်တွေတော့ သိပ်မကြည့် ဖြစ်သေးပေ။ ပထမပိုင်း တပိုင်းလောက်သာ ကြည့်ပြီး အိပ်လိုက်၏။ ရှုံးထွက် ပွဲစဥ်တွေ ရောက်မှပဲ ညနက် နောက်ကျပွဲတွေကို အားပေးတော့မည်။ ခုတော့ အားမွေးထား လိုက်ပါဦးမည်။

၂၀၂၂ ကမ္ဘာ့ဖလားက ပြောစရာတွေမှ တကယ်ကို အများကြီး ဖြစ်၏။ မကျင်းပခင်ကော ကျင်းပခါနီးကော ပြောစရာတွေမှ ပေါပေါပုံလို့ရယ်။ ကျင်းပ ပြီးသွားလျှင်လည်း ပြောစရာတွေတော့ ရှိနေဦးမှာပင်။ ဒါလည်း တမျိုး ကောင်း၏။ ကျနော်တို့ ရေးစရာ ရတာပေါ့။



0
0
0.000
11 comments
avatar

အပျင်းလေးတွေ ညီလည်း ရပ်သင့်ပြီ 😅ပျင်းနေတာ လက်ကုန်ပါပဲ !lolz !meme

0
0
0.000
avatar

ဘောပွဲတွေလည်း အရင်ကလောက် မကြည့်ဖြစ်ဘူးဖြစ်နေတယ်...!LOLZ !PGM !MEME

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @uthantzin

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ဘောလုံးပွဲ Review ရေးရင်တောင် post မနည်းဘူးရနေပြီ။ !PIZZA

0
0
0.000