Arsenal: The Finalist

ဆင်ပျံကြီး Arsenal ကတော့ UCL ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်း သွားခဲ့ပြီ ဖြစ်၏။ ပထမပိုင်း ၄၅ မိနစ်မှာ သွင်းယူခဲ့တဲ့ Saka ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ ၁-၀ ဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း ၂-၁ ဖြင့် Atletico Madrid ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ ရောက်သွားခဲ့ပြီ ဖြစ်၏။ Atletico Madrid အနေဖြင့် ဆီမီးဖိုင်နယ် အဆင့်နဲ့သာ ကျေနပ်ခဲ့ရလေတော့၏။ ဂုဏ်ယူပါတယ် Arsenal ရေ။
UCL မှာ ဗိုလ်လုပွဲ တက်သွားသည့်အပြင် EPL မှာလည်း အနီးကပ် ဖိအားပေးနေသည့် City က Everton ကို သရေကျသွားသဖြင့် ချန်ပီယံ အိပ်မက်တွေ အားကောင်းလို့ လာနေပြီ ဖြစ်၏။ နည်းပြ Arteta အနေဖြင့်လည်း ၂၀၂၅/၂၆ မှာတော့ ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်၏။ ၂၀၂၃/၂၄ မှာ ကွာတားဖိုင်နယ်၊ ၂၀၂၄/၂၅ မှာ ဆီမီးဖိုင်နယ်အဆင့်ထိသာ တက်လှမ်း နိုင်ခဲ့၏။ ဒီတကြိမ်မှာတော့ ဗိုလ်လုပွဲထိ တက်လှမ်းနိုင်ခဲ့ပြီ။ ဗိုလ်စွဲသွားမလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမည် ဖြစ်၏။

ဒီနှစ်သင်း ဆီမီးဖိုင်နယ် ပွဲစဉ်ကတော့ သိတဲ့အတိုင်းပင် ပထမကျော့မှာ ၁-၁၊ ဟော ခု ဒုတိယကျော့မှာလည်း ၁-၀ နဲ့သာ ပြီးသွားခဲ့၏။ သူတို့ နှစ်သင်း နှစ်ကျော့ပေါင်း သွင်းဂိုးက PSG vs Bayern Munchen တို့၏ ပကျော့ တသင်းထဲက သွင်းသည့် ဂိုးတွေလောက်ပင် မရှိပေ။ PSG vs Bayern Munich ပကျော့က ၅-၄ ဖြင့် ပြီးထားသည် မဟုတ်လား။ ပရိတ်သတ်ကတော့ ပရိတ်သတ်လိုပဲ တွေးမှာပေါ့။ ဂိုးများများ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ချင်ကြသည် မဟုတ်လား။
နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ Bayern Munchen vs PSG အသင်းတို့၏ ဒုတိယကျော့ ပွဲစဉ် ကစားမည် ဖြစ်၏။ PSG အနေဖြင့် ၁ ဂိုးအသာဖြင့်သာ အနိုင်ရထားသည်မို့ Bayern Munchen ၏ အိမ်ကွင်းပွဲစဉ်က သူတို့အတွက် အနည်းငယ် ခက်ခဲပေလိမ့်မည်။ Bayern Munchen အနေဖြင့်ကတော့ အိမ်ကွင်း အားသာချက်ကို အသုံးချပြီး PSG ကို အနိုင်ရဖို့ ကြိုးစားပေလိမ့်မည်။
(photos from UCL page)