ဘာမှ မဖြစ်ချင်ဘူး

avatar

fb_img_1638790212152.jpg

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ကြားမှာ ကျနော်တို့ အမြဲ လွန်ဆွဲနေရလေ့ ရှိ၏။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ ထပ်တူ မကျတဲ့အခါ ဘဝဟာ နေပျော်စရာ သိပ်မကောင်းတော့ပေ။ ဖြစ်သင့်တာကို ဦးစားပေးရသဖြင့် ဖြစ်ချင်တာတွေက နောက်ရောက်သွားရ၏။ ထို့နောက် တဖြည်းဖြည်းနဲ့ အနှီ ဖြစ်ချင်တာတွေက ဘဝထဲကနေ ပျောက်ကွယ် သွားရ၏။ ဒါမှမဟုတ်လည်း ဂျောင် တနေရာရာမှာ ကပ်နေရင်း အခြေအနေ အချိန်အခါပေးလျှင် ခေါင်းပြူပြဖို့ စောင့်နေလေ့ ရှိ၏။

လူအများစုက ဖြစ်ချင်တာ ထက် ဖြစ်သင့်တာကို ဦးစားပေးလိုက်ရတာ များ၏။ လူနည်းစုသာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ထပ်တူ ညီကြမည် ထင်၏။ ထိုသူတို့ကား လောကမှာ အပျော်ဆုံး လူများ ဖြစ်မည်ထင်၏။

တခါတလေ ကိုယ့်ကို ပြန်မေးကြည့်မိ၏။ ဖြစ်ချင်တာ နဲ့ ဖြစ်နေတာ ထပ်တူကြရဲ့လား၊ ဒါမှမဟုတ် ဖြစ်ချင်တာ ထက် ဖြစ်သင့်တာကိုပဲ ပိုဦးစား ပေးနေရလေသလားပေါ့။ ဒီမေးခွန်းကို တွေးမိလိုက်လျှင် လူက ငိုင်ကျသွား၏။ ဘဝရဲ့ အားလုံး မဟုတ်တောင် တစိတ်တပိုင်းကိုတော့ ဖြစ်သင့်တာတွေ အတွက် ပေးလိုက်ရ၏။ ခုကား ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား လွန်ဆွဲ၊ လူးလားခေါက်ပြန် နေချိန် ဖြစ်၏။ ရယ်ရတာ တခုက ကျနော့်မှာ ဖြစ်ချင်တာ ဆိုပြီး မယ်မယ်ရရ ပြစရာ၊ ပြောစရာ မရှိနေပေ။

img_0.79792691324353.jpg

အသက် ၃၀ ကျော်လာပြီး နောက်မှတော့ ကိုယ့်အကြောင်းကို ကောင်းကောင်း နားလည်လာခဲ့၏။ ဒီနှစ်ပိုင်းခြား အတွင်းမှာ ဘာဖြစ်ချင်လဲ ကို ကောင်းကောင်းကြီး သိလို့ လာခဲ့၏။ ကျနော်ကား ဘာမှ မဖြစ်ချင်သူ ဖြစ်၏။ မှန်၏ ဘာမှ မဖြစ်ချင်၊ ကျနော်ဟာ ကျနော်ပဲ ဖြစ်လို၏။ ဟင် ဘယ်လိုကြီးလဲပေါ့။ ဟုတ်ပါ၏၊ ဒီလိုကြီးပါပဲ။

ငဗစ်နဲ့ ငစစ်၏ နှိပ်စက်မှုကြောင့် ဘဝမှာ ဖြစ်ချင်တယ် ဆိုတာမျိုးကြီး သိပ်မရှိတော့ပေ။ နဂို ကတည်းက မယ်မယ်ရရ မရှိနေသည့် ဖြစ်ချင်တာကြီးက ခုကာလကြီးမှာ ပိုခိုင်မာသွားတော့၏။ ဒီအတိုင်း ချစ်ရ၊ ခင်ရသူတွေ နှင့်အတူ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွင်ရွင်လေး နေရလျှင် တော်ပြီ။ ထိုမျှလောက်ဆို ကျေနပ်ပြီ။ ဤသည်ကပင် ကျနော်၏ ဖြစ်ချင်တာ ဖြစ်ပေလိမ့်မည်။



0
0
0.000
7 comments
avatar

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာထပ်တူကျဖို့ဆိုရင် ဆာဒွန် အနေနဲ့ ကတုံးတုံးပြီးတော့ ဘုန်ကြီးဝတ်သင့်နေဘီ 😂

0
0
0.000
avatar

နောက်ပိုင်းချစ်ခင် နွေးထွေးမှု ကိုပိုတန်ဖိုးထားလာမိတာတော့ အမှန်ပါပဲ။
!BEER

0
0
0.000
avatar

မချစ်တက်​တော့သူကြီး​ပေါ့🙂

0
0
0.000
avatar

အချစ်ဆိုသည့် အရာဟာ ဆန်ကျယ်တယ်.. ဘဝမှာ တကြိမ်သာ ကြုံ ခွင့် ရမယ်ဆို ရင်... ဘယ်လို အနေအထားတဲ့ ကြုံချင်သလဲ... Time and Tide are Wait for no men..😁😁😁

0
0
0.000
avatar

ကိုဒွန်လိုလူမျိုး ရှားတယ် ကိုယ်ပိုင်ခံစားချက်နဲ့ သီးသန့်နေလိုတတ်တဲ့လူမျိုး။ !LOL

0
0
0.000