Big Match

avatar

နိုင်ငံတကာ ပွဲစဉ်များ ကစားပြီးနောက် ဒီတပတ်မှာ ကလပ်အသင်း (လိဂ်) ပွဲစဉ်များ ပြန်လည် စတင် ကစား၏။ ဒီတပတ်မှာလည်း ပွဲကောင်းတွေ အများကြီး ရှိ၏။ ဒီနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီမှာ Manchester City vs Arsenal တို့၏ ပွဲစဉ် ရှိ၏။ အမှတ်ပေး ဇယားထိပ်မှာ ဦးဆောင် နေသည့် အသင်း နှစ်သင်း တွေ့ဆုံနေမှုကြောင့် ယခု ပွဲက စိတ်ဝင်စားဖို့ ကောင်းလှ၏။ Man City ၏ အိမ်ကွင်းပေမယ့် Arsenal အနေဖြင့်လည်း ချန်ပီယံ အိပ်မက် အတွက် အစွမ်းကုန် ကြိုးစားမှာ အသေအချာပင်။

လက်ရှိမှာ Arsenal က Liverpool နဲ့ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထား၏။ Liverpool က ဒီနေ့ မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ Brighton အသင်းနှင့် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစား ရမည် ဖြစ်၏။ Liverpool အနေဖြင့် နှစ်သင်းလုံး ရှုံးရင် အကောင်းဆုံး ဖြစ်၏။ နှစ်သင်းလုံး ရှုံးဖို့က မဖြစ်နိုင်သဖြင့် သရေကျခဲ့ရင် Liverpool အတွက် မခါးပေ။ သရေကျရင်ပဲ ဖြစ်ဖြစ် တသင်းသင်းက ရှုံးရင်ပဲ ဖြစ်ဖြစ် Liverpool တို့ အဆင့် ၁ နေရာကို ရောက်မည် ဖြစ်၏။ Brighton ကိုတော့ နိုင်အောင် ကစားဖို့ လိုမည်။

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီမှာ ကစားသည့် Man United ကတော့ Brentford နှင့် အဝေးကွင်းမှာ တဖက်ကို ၁ ဂိုးစီဖြင့် သရေကျသွားခဲ့၏။ ၉၀+၆ မိနစ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ၉၀+၉ မိနစ်မှာ Brentford က ချေပဂိုး ပြန်သွင်းယူ သွားခဲ့ခြင်း ဖြစ်၏။ သရေရလဒ်ကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်က ပိုလို့ မှေးမှိုန်သွားခဲ့ရ၏။ United နှင့် အဖော်မွန် ပီသစွာ တသားထဲ ရှိနေတာကတော့ Chelsea ဖြစ်၏။ ဒုတိယပိုင်း တပိုင်းလုံး တယောက်အသာဖြင့် ကစားခဲ့ရပေမယ့် အိမ်ကွင်းမှာ Burnley အသင်းကို ၂-၂ ဂိုးဖြင့် သရေကျခဲ့၏။

United ပွဲက မနက်ခင်း ၂ နာရီခွဲ ဖြစ်နေတော့ မကြည့် ဖြစ်လိုက်ပေ။ မကြည့် ဖြစ်တာလည်း ကောင်းပါတယ်လေ။ နို့ဆို အလကား အိပ်ရေး ပျက်တာပဲ အဖက်တင်မည်။ မနေ့က မရည်ရွယ်ဘဲ ဂျာမန် ဘွန်ဒက်လီဂါ ပွဲ ကြည့်ဖြစ်၏။ Leverkusen vs Hoffenheim တို့၏ ပွဲဖြစ်၏။ ၃၃ မိနစ်မှာ သွင်းယူခဲ့သည့် ဂိုးဖြင့် ဧည့်သည် အသင်းက ဦးဆောင်နေခဲ့၏။ Leverkusen တို့တော့ စံချိန်တွေ ချိုးဖျက်ခံရပြီ ထင်ပါရဲ့ဆိုပြီး စိတ်ပူမိ၏။ မကြည့်စဖူး ငါများ ကြည့်မိလို့လားပေါ့။

၈၈ မိနစ်နှင့် ၉၀+၁ မိနစ်တို့မှာ ချေပဂိုးနှင့် ဦးဆောင်ဂိုး ပြန်သွင်းယူပြီး အဆိုပါ စိတ်ပူမှုတို့ကို ဖြေဖျောက်ပေးလိုက်လေတော့၏။ Leverkusen ၏ ကစားအား၊ နိုင်လို စိတ်ကြီးကတော့ တကယ့်ကို ဩချ လောက်စရာပင်။

ဒီနေ့ မနက် ၁၂ နာရီမှာ ကစားသည့် Bayern Munich vs Dortmund တို့ ပွဲမှာ Bayern တို့ အိမ်ကွင်းမှာ Dortmund ကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ ပွဲစဉ် ၂၇ ပွဲ ကစားပြီးနောက် Bayern တို့ အဆင့် ၁ က Leverkusen နှင့် ၁၃ မှတ်အထိ ပြတ်သွားခဲ့ပြီ ဖြစ်၏။ ၃၄ ပွဲသာ ကစားရမှာမို့ ရာသီသိမ်းဖို့က ၇ ပွဲသာ လိုတော့၏။ Bayern တို့ လိုက်လေ ဝေးလေများ ဖြစ်လာခဲ့လေပြီလား မသိပေ။ ဒီနှစ် ဘွန်ဒက်လာဂီဂါကတော့ Leverkusen အတွက် ဖြစ်ဖို့ သေချာ သလောက် ရှိသွားခဲ့လေပြီ။

ဒီနေ့ည ၁၀ နာရီမှာ ကစားမယ့် Man City vs Arsenal ပွဲကို အားပေးရင်း နက်ဖြန်မှ ပြန်ဆုံကြတာပေါ့။

(photos from Respective Team Facebook pages)



0
0
0.000
3 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.
You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - April 1st 2024
0
0
0.000