Big Matches

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမကျော့ ပွဲစဉ်များ ယှဉ်ပြိုင် ကစားပြီး ဖြစ်၏။ ဒုတိယ ကျော့ အဆုံးအဖြတ် ပွဲစဉ်တွေကိုတော့ April 17 & 18 ရက်တွေမှာ ကစားသွားမည် ဖြစ်၏။ ပကျော့ ပထမရက် ကစားသည့် ၂ ပွဲလုံး သရေရလဒ်သာ ထွက်ပေါ်ခဲ့၏။ Arsenal 2-2 Bayern Munich, Real Madrid 3-3 Manchester City ဆိုပြီး အသီးသီး သရေကျခဲ့၏။ Arsenal က အဝေးကွင်း၊ City က အိမ်ကွင်း ဆိုတော့ Arsenal ထက်စာရင် City က နည်းနည်း ခံသာမည် ထင်။ နို့ပေမယ့် ဘောလုံးကလည်း အလုံး မလား။ ဘာ မဆို ဖြစ်သွားနိုင်၏။

နောက်ရက်မှာ ကန်သည့် ပွဲတွေထဲမှာတော့ အနိုင်အရှုံး ရလဒ် ထွက်ပေါ် ခဲ့၏။ Atletico Madrid 2-1 Dortmund, PSG 2-3 Barcelona ဆိုပြီး ရလဒ်တွေ ထွက်ပေါ်ခဲ့၏။ ဘယ်အသင်း နောက်တဆင့် တက်မယ်ဆိုတာကတော့ ပြောရခက်နေသေး၏။ ကွာတားဖိုင်နယ်သို့ တက်လာသည့် အသင်း ၈ သင်းလုံးက တကယ်ကောင်းသည့် အသင်းတွေချည်း ဖြစ်၏။

လောလောဆယ်မှာတော့ အဝေးကွင်း သွားကစားထားသည့် အသင်းတွေထဲမှာ City နှင့် Barcelona တို့ကတော့ အခြေအနေ ကောင်းသည်ဟု ဆိုလို့ရမည်။ ချန်ပီယံလိဂ် ပွဲစဉ်များ ပြီးနောက် ယူရိုပါလိဂ်နှင့် ယူရိုပါ ကွန့်ဖရန့်လိဂ် ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Liverpool နှင့် Leverkusen တို့၏ ပွဲစဉ်များ ရှိ၏။ Liverpool က Atalanta နှင့် အိမ်ကွင်း၊ Leverkusen ကလည်း West Ham နှင့် အိမ်ကွင်းမှာပဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

စီးရီးအေမှ နှစ်သင်း ထိပ်တိုက်တွေ့နေသည့် ပွဲစဉ်ကလည်း စိတ်ဝင်စားစရာပင်။ AC Milan vs Roma တို့ ပွဲစဉ် ဖြစ်၏။ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ အင်္ဂလန်က ၂ သင်း၊ အီတလီက ၃ သင်း၊ ပြင်သစ်က ၁ သင်း၊ ပေါ်တူဂီက ၁ သင်း နှင့် ဂျာမနီက ၁ သင်း စသည်ဖြင့် နိုင်ငံ အလိုက် တက်ရောက်ခွင့် ရထား၏။

ယူရိုပါလိဂ် ပွဲစဉ် ၄ ပွဲလုံးက နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ တပြိုင်နက်ထဲ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ဟိုပွဲပြောင်း ဒီပွဲချိန်းပြီး ဗြာတွေ များနေမှာ မြင်ယောင်နေမိ၏။ ကြည့်ဖြစ်ခဲ့ရင်တော့ Leverkusen ပွဲကို ပိုပြီး ကြည့် ဖြစ်မည်ထင်။



0
0
0.000
2 comments