Boost+

Ecency version အသစ်မှာ အရင်လို boost ဆိုပြီး မပါလာတော့ပေ။ အဲ့အစား boost+ ဆိုပြီး ဖြစ်သွား၏။ ယခင် version တုန်းက မိမိ boost လုပ်လိုသည့် post ကို ရွေးပြီး points ဘယ်လောက်သုံးပြီး boost မယ်။ သူ့ လက်ကျန် voting power နဲ့ ချိန်ပြီး လာ vote ပေးရင်လည်း ပေး၏။ vote မပေးရင်လည်း မိမိ boost လုပ်ထားသည့် points တွေကို ပြန်ပို့ ပေးလေ့ ရှိ၏။

တရက် တပိုစ့် boost လုပ်လို့ရ၏။ တကယ်တမ်းကတော့ နှစ်ပိုစ့် ရ၏။ မိမိ ပိုစ့် တခုနှင့် တခြားသူရဲ့ ပိုစ့် တခု ဆိုပြီးပေါ့။ points 150 ကနေ စပြီး boost လုပ်နိုင်၏။ Ecency team က1$ ပတ်ခြာလည်လောက် vote လာပေး၏။ points တိုးရင် တိုးသွားသလို voting value လည်း များသွား၏။

ဒီပုံစံလေးနှင့် အသားကျနေပြီးခါမှ Ecency version အသစ်မှာ ပုံစံ ပြောင်းသွားခဲ့၏။ boost အစား boost+ ဖြစ်သွား၏။ ထို့ပြင် ယခင် version အဟောင်းမှာလို့ မိမိပိုစ့်၏ setting မှာ boost မပါလာတော့ပေ။ App ဝင်ဝင်ချင်း page မိမိ၏ အကောင့်နာမည်နှင့် (အကောင့်နာမည်က ဘယ်ဘက်ထောင့်) တတန်းထဲ ညာဘက်ထောင့်မှာ မီးတောက် ပုံလေးနှင့် boost+ ကို သီးသန့် ထုတ်ထား လိုက်၏။

ယခင်လို points 150 ကနေ စပြီး boost လို့ မရတော့ပေ။ points 1500 ကနေ စပြီး boost လို့ရ၏။ vote လာ ပေး မပေးကတော့ မသိပေ။ ပြီးခဲ့သော တပတ်က boost+ လုပ်ခဲ့တာကတော့ vote မလာပေ။ သို့ပေမယ့် ecency team က hive power 200 တပတ်တိတိ delegate လုပ်ပေး၏။ ခုလည်း ဒုတိယ အကြိမ်မြောက် အဖြစ် boost+ ထပ် လုပ်ထား၏။ 7 ရက်စာ၊ ရက် 30 စာ၊ ရက် 90 စာ အစရှိသဖြင့် boost+ လုပ်နိုင်၏။

ဆိုတော့ အဟောင်းနှင့် အသစ် ဘယ်ဟာ ပိုကောင်းလဲ ‌ဆိုတာထက် ဘယ်ဟာ ပိုကြိုက်လဲ ပြောရမယ်ထင်။ ကျနော့် တယောက်ထဲ အမြင်ကတော့ နှစ်ခုလုံး သဘောကျပါ၏။ အဟောင်းက မိမိ တယောက်ထဲ အတွက် ပိုအကျိုးရှိပြီး အသစ်ကတော့ မိမိအပြင် အခြားသူတွေ အတွက်ပါ ပိုကောင်းသည်ဟု ထင်မိ၏။ Hive power 200 ကို 7 ရက် အငှားရထားတော့ ထို 7 ရက် အတွင်း မိမိ vote ပေးဖြစ်သည့် ပိုစ့် တွေ အတွက်လည်း ယခင်ထက် voting value ပိုရတာပေါ့။

ကျနော်တို့နှင့် အတူရှိနေပြီး update တွေ၊ feature အသစ်တွေ ထပ်ဖြည့် ပေးလို့လည်း Ecency team ကို ကျေးဇူးတင်ရပါ၏။

"Keep Walking Ecency"



0
0
0.000
15 comments
avatar

Ecency က သူvoteချင်ရင်တော့ တစ်ပုဒ်တစ်လေ လာvote တယ်။ boostတဲ့ရက် ပြီးသွားရင်တောင်မှ
!PIZZA
!HUG

0
0
0.000
avatar

အဲ့လိုပါဆို 😂
!pizza

0
0
0.000
avatar

ခုထိတော့ လာ မvote သေးဘူး

!MEME !PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO - 0.005 SCRAP - 0.001 INK tokens

remaining commands 8

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

တူတူပဲဗျ။ ခု ထပ်စမ်းထား။
!pizza

0
0
0.000
avatar

ခုနှစ်ရက်ပြည့် နောက်ဆုံးရက်မှာ လာဗုတ်သွားတယ်။
သူ့သဘောတရားကို နားမလည်သေးဘူး ကိုဒွန်
ရေးပြမှ နည်းနည်းသိသလိုလို။
!LOLZ
!MEME

0
0
0.000
avatar

ကျနော့်တုန်းက လာတော့ vote တယ် ၆ ရက်မြောက်က ပိုစ့်ကြီး။ လူအများကြီး လာ vote ပေမယ့် voting value က မပါလာ။
!pizza

0
0
0.000
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !COFFEE from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

You just received 0.05 COFFEE! Good coffee my friend

number of commands left: 0

If you also want to send COFFEE buy them here on hive-engine

0
0
0.000