Can Ronald Did


(photos from Al Nassr Facebook page)

ဒီနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့ ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြ၏။ Bayern Munich vs Real Madrid တို့၏ ပွဲစဉ် ဖြစ်၏။ တဖက် 2 ဂိုးစီဖြင့် သရေကျ သွားခဲ့၏။ Real တို့ ဦးဆောင်ဂိုး အရင် သွင်းယူခဲ့ပေမယ့် ချေပဂိုးနှင့် ဦးဆောင်ဂိုးတွေကို Bayern Munich တို့က ပြန်လည်ပြီး သွင်းယူသွားခဲ့၏။ 83 မိနစ်မှာတော့ Real တို့ ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့၏။ ဒုတိယအကျော့ Real Madrid အိမ်ကွင်းမှာတော့ Bayern Munich တို့ သေချာလေး အားစိုက် ကစားသွားဖို့ လိုမည် ဖြစ်၏။ ဒုတိယကျော့ ပွဲစဉ်ကတော့ ကြည့်ကောင်းမှာ အသေအချာပင်။

နက်ဖြန် မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာ နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ် တပွဲ အဖြစ် Dortmund vs PSG တို့ ယှဉ်ပြိုင်ကစား သွားမည် ဖြစ်၏။ အဆိုပါ ပွဲစဉ်ကလည်း ပွဲကောင်း တပွဲ ဖြစ်မှာ အမှန်ပင်။ Dortmund အသင်း၏ သစ္စာရှင် ကစားသမားကြီး Marco Reus တယောက် ဖိုင်နယ်ထိ တက်လှမ်းပြီး ဥရောပချန်ပီယံဆုကို သိမ်းပိုက် သွားလေ မလား။ ဒါမှ မဟုတ် ရာသီအကုန်မှာ PSG အသင်းကနေ ထွက်ခွာသွားမည့် Mbappe ကပဲ ဖိုင်နယ် အဆင့်ထိ တက်လှမ်းကာ ဥရောပ ချန်ပီယံများ ဖြစ်သွားလေ မလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။

နက်ဖြန် မြန်မာစံတော်ချိန် မနက် 12 နာရီခွဲမှာတော့ Al Nassr vs Al Khaleej တို့၏ King's Cup ဆီမီးဖိုင်နယ် ပွဲစဉ် ရှိ၏။ ဒီနေ့ မနက်ပိုင်းမှာတော့ အခြား ဆီမီးဖိုင်နယ် ပွဲစဉ် တပွဲ ယှဉ်ပြိုင်ကစားသွားခဲ့၏။ Al Ittihad vs Al Hilal တို့ ယှဉ်ပြိုင် ကစားကြ၏။ Al Ittihad ကို Al Hilal တို့ 1-2 ဂိုးဖြင့် အနိုင်ရသွားခဲ့လေ၏။ ဒီနှစ် King's Cup ဖလား ပွဲစဉ်မှာတော့ Ronald ၏ Al Nassr အသင်း ဆီမီးဖိုင်နယ် အဆင့်ကို ဖြတ်ကျော်ပြီး ဗိုလ်လုပွဲ ရောက်နိုင်မလားကတော့ စောင့်ကြည့်ရ ပေလိမ့်မည်။

Ronald ခမြာလည်း Saudi Pro League ချန်ပီယံဆုကို ခုထိ မရယူနိုင်သေးပေ။ ခု King's Cup ဖလားကို ဒီရာသီမှာ အရယူနိုင် သွားမလားကတော့ စိတ်ဝင်စားစရာပင်။ Al Nassr ကို စရောက်ပြီး ကတည်းက Arab Club Champions Cup တခုထဲကိုသာ 2023 နှစ်မှာ ရယူထားနိုင်ခဲ့၏။

Saudi Pro League ချန်ပီယံဆုကတော့ Al Nassr တို့ အတွက် အဖြစ် မဖြစ်နိုင်တော့ဟု ပြောလို့ရမယ်ထင်။ အဆင့် 2 နေရာမှာ တပွဲ ပို ကစားထားပြီး 71 မှတ်ဖြင့် Al Hilal ဖြင့် 9 မှတ် ကွာ အနေအထား ရောက်နေခဲ့၏။ သင်္ချာ နည်းအရ ကြည့်ရင်တော့ သိပ် မဖြစ်နိုင်တော့ပေ။ Al Hilal တို့ 3 ပွဲလုံး ခြေချော်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပေ။ 34 ပွဲ ကစားရမည်ကို ခုက 29 ပွဲကစားထား ပြီးခဲ့ပြီ မလား။ ထို့ကြောင့် ဒီနှစ်မှာ Ronald အတွက် King's Cup ဖလားလေးတော့ ရသွားစေချင်ပါ၏။



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Month Challenge - April 2024 Winners List
Hive Power Up Day - May 1st 2024
0
0
0.000