Come on United

avatar

မနေ့က Wolves vs Coventry City တို့၏ ပွဲစဉ်က အတော်လေး ကြည့်လို့ကောင်းခဲ့၏။ 53 မိနစ်မှာ Coventry City တို့ ဦးဆောင်ဂိုး သွင်းထား၏။ မိနစ် 80 ကျော် အထိ ဧည့်သည် အသင်းက ဦးဆောင်ထားခဲ့၏။ 83 မိနစ် ရောက်မှ အိမ်ရှင် Wolves တို့ ခြေပဂိုး ပြန်သွင်းနိုင်ခဲ့၏။ ခြေပဂိုး သွင်းပြီးနောက် 88 မိနစ်မှာ အိမ်ရှင် Wolves တို့ ဦးဆောင်ဂိုး သွင်း၏။ ကိုယ်တွေလည်း Wolves နိုင်သွားပြီပဲ တွက်လိုက်၏။

နာကျင် အချိန်ပို 9 မိနစ် ပေး၏။ 90 +7 မိနစ်မှာ Coventry City က သရေဂိုး ပြန်သွင်း၏။ အင်း သရေပွဲ ဖြစ်ပြီပေါ့။ ဘယ်ဟုတ်မလဲ 90+ 10 မိနစ်မှာ Coventry City က အနိုင်ဂိုး ထသွင်းလေ၏။ ပွဲ၏ အလှည့်အပြောင်းက တကယ့်ကို အံ့ဩစရာပင်။

Coventry City နိုင်ပြီ ထင်ထားခဲ့ပြီးမှ Wolves က သရေဂိုး၊ အနိုင်ဂိုးတွေ သွင်းတော့ Wolves နိုင်ပြီပေါ့။ Coventry ဂိုးပြန်သွင်းတော့ အော် သရေကျပြီပေါ့။ နောက်ဆုံး မိနစ် နောက်ဆုံး အချိန်မှာမှ Coventry City က အနိုင်ဂိုး သွင်းပစ်ကာ ကျနော်တို့၏ လူးလားဆန်ခတ် ဖြစ်နေသည့် ကျနော်တို့၏ စိတ်တွေကို ငြိမ်သွားစေခဲ့၏။ ပွဲကတော့ တကယ့်ကို ပွဲကောင်း တပွဲပင်။ Coventry တို့ Wolves ကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး နောက်တဆင့်သို့ တက်လှမ်းသွားခဲ့၏။

Man City vs New Castle ကတော့ ထုံးစံအတိုင်း City ကပဲ 2-0 ဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ် သို့ တက်လှမ်း သွားခဲ့၏။

ဒီနေ့မှာ Chelsea vs Leicester City, Man United vs Liverpool တို့၏ ပွဲစဉ်တွေ ကစားဖို့ ရှိနေ၏။ ဘယ်အသင်းတွေ နောက်တဆင့် တက်သွားမလဲ ကတော့ တကယ့်ကို စိတ်ဝင်စား စရာပင်။ အသည်းကျော် United တို့ အနေဖြင့် Liverpool ကို ဖြတ်ကျော်နိုင်ဖို့ ခက်ခဲ လှပေ၏။ သို့ပေမယ့် မဖြစ်နိုင်ဘူး ဆိုတာ မရှိပေ။ ဘောလုံးက အလုံးကြီး မလား။ အိမ်ကွင်း အားသာချက်ကို United တို့ ကောင်းကောင်း အသုံးချနိုင်မလား ကတော့ စောင့်ကြည့်အားပေးကြရုံပေါ့။

(Photos from Manchester United and Coventry City Facebook pages)



0
0
0.000
6 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000