Congratulations PSG

UEFA Super Cup ဗိုလ်လုပွဲကတော့ ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသွားခဲ့၏။ PSG က Aston Villa ကို ၂-၁ ဖြင့် အနိုင်ရပြီး back to back ချန်ပီယံ ဖြစ်သွားခဲ့၏။ UCL နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့သလို Super Cup မှာလည်း နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့လေတော့၏။ UEL ချန်ပီယံ Aston Villa အနေဖြင့် PSG ကို အကောင်းဆုံး တုန့်ပြန် ကစားခဲ့ပေမဲ့ အနိုင်ရယူနိုင်ဖို့ အတွက်တော့ လုံလောက်ခြင်း မရှိခဲ့ပေ။
ပထမပိုင်း ၂၀ မိနစ်မှာ PSG ဦးဆောင်ဂိုး သွင်းယူ၏။ ၄၅ မိနစ်မှာ Aston Villa က ချေပဂိုး သွင်းယူ၏။ ဒုတိယပိုင်း ၆၁ မိနစ်မှာ PSG တို့ ဦးဆောင်ဂိုး ထပ်ရသွား၏။ ဒီဂိုးကိုတော့ Aston Villa တို့ ချေပနိုင်ခြင်း မရှိတော့ပေ။ ဘောလုံး ပိုင်ဆိုင်မှုမှာ PSG က ပိုသာသည် ဆိုပေမဲ့ ဂိုးပေါက် ချိန်းခြောက်မှု အပိုင်းမှာတော့ ကွာဟချက် သိပ်မများပေ။ PSG က form ပိုကောင်းနေလို့သာ။

Man United vs Leeds ပွဲစဉ်မှာတော့ သာမန် ပွဲကစားချိန်ထိ ၁-၁ သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူကြ၏။ ပင်နယ်တီမှာ United က ၅-၄ ဖြင့် အနိုင်ရသွားခဲ့လေ၏။ United အတွက် ၁ လုံးထဲသော သွင်းဂိုးကို ၁၆ မိနစ်မှာ Zirkzee က သွင်းယူပေးသွားခဲ့၏။ Leeds အတွက် ချေပဂိုးကိုတော့ ၂၉ မိနစ်မှာ Aaronson က သွင်းယူပေးသွားခဲ့၏။
Arsenal vs Como တို့၏ ခြေစမ်းပွဲသည်လည်း တဖက် ၁ ဂိုးစီ သရေကျခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရပြန်၏။ ပင်နယ်တီမှာ Arsenal က ၄-၃ ဖြင့် အနိုင်ရသွားခဲ့၏။ Arsenal ကစားသမားဟောင်း လက်ရှိ Como အသင်း၏ နည်းပြ Fabregas အနေဖြင့် အသင်းဟောင်းနဲ့ ပြန်အတွေ့မှာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့၏။ ဒီနှစ် UCL ဝင်ခွင့်လည်း ရထား၏။ ထို့ကြောင့် အသင်းကောင်း ပြိုင်ဘက် ကောင်းတွေနဲ့ သူတို့ ခြေစမ်းနေကြခြင်း ဖြစ်မည်။ နောက်ထပ် ခြေစမ်းပွဲကိုတော့ Liverpool အသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေ၏။
EPL ကလပ် Nottm Forest အနေဖြင့် Leverkusen အသင်းကို ၂-၁ ဖြင့် အနိုင်ရသွားခဲ့၏။ နည်းပြ Xabi Alonso ထွက်ခွာသွားသည့် နောက်ပိုင်း Leverkusen အသင်း အနေဖြင့် ယခင် အနေအထား ရောက်ဖို့ အတော်လေး ရုန်းကန်နေရ၏။ Napoli နဲ့ Real Madrid တို့သည်လည်း ကိုယ်စီ ပြိုင်ဘက်များကို အသီးသီး အနိုင်ရသွားခဲ့လေ၏။
(photos from UEFA page)