Diary

avatar

uyhhhmzuxp.jpg

ဒီရက်ပိုင်း စာရေး ပျင်းနေပြန်၏။ ရေးစရာတွေက ရှိ၏။ ဒီအတိုင်း ဟိုလိုလို ဒီလိုလိုနှင့် ပျင်းနေခြင်း ဖြစ်၏။ ကြိုရေးထားတာလေးတွေ ရှိနေပေမယ့် ထိုစာတွေထက် အသစ်တွေပဲ ရေးတင်ဖြစ်နေ၏။ အဘယ်ကြောင့်ဆို ကြိုရေးထားတာတွေက အပိုင်း၊ အခန်း ဆက်တွေနှင့် ဖြစ်၏။ အဆုံးထိ မရေးရသေးဘဲ တဝက်တပျက်နှင့် အခြားဟာတွေ ထပ်ရေးနေမိခြင်း ဖြစ်၏။ ရယ်တော့ ရယ်ရသား။ တခါတလေ ကျနော်က အဲ့လိုပင်။

အတွေးက မတူးချင်ရင်လည်း အဲ့လိုပင်။ ရေးစရာတွေ များပြီး ဟိုဟာလည်း ရေးချင်၊ ဒီဟာလည်း ရေးချင်နှင့် မျောက် သစ်ကိုင်း လွတ်သလို ဖြစ်နေချေတော့၏။ မည်သို့ပင်ဆိုစေ နေ့စဥ် ပိုစ့်တင်မည်ဆိုသည့် ရည်မှန်းချက်လေး ခုထိ မပျက်မယွင်း မြဲနေသေးသဖြင့် ကိုယ့်ကိုတော့ ကျေးဇူး တင်မိ၏။

img_0.43212219235505567.jpg

img_0.7750114156548141.jpg

Steemit ကနေစလို့ Hive အထိ ဖြတ်သန်း ခဲ့မှုတွေကို ပြန်တွေးကြည့်မိတော့ မနေ့တနေ့က လိုပင်။ နေ့စဥ် ရေးသားထားတာလေးတွေကို ပြန်ဖတ်ကြည့်မိသည့် အခါ ပြုံးမိ ရယ်မိ ပီတိ ဖြစ်မိ အားမလိုအားမရ ဖြစ်မိ အစရှိသည့် ခံစားချက် များ ပေါင်းစုံ အောင် ခံစား မိ၏။

ဘာပဲ ဖြစ်ဖြစ် Hive က ကျနော့် အတွက် တော့ ဒိုင်ယာရီ တခု သဖွယ် ဖြစ်၏။ ထို့ပြင် မှတ်စု စာအုပ်လည်း ဖြစ်ချေ၏။ ထို့ပြင် စုဗူးလည်း ဖြစ်ချေ၏။ အနာဂတ် အိပ်မက် အတွက် မျိုးစေ့လည်း ဖြစ်ချေ၏။ ထို့ပြင် ကျနော့် အတွက် အပန်းပြေစရာ နောက်တခုလည်း ဖြစ်ချေတော့၏။



0
0
0.000
7 comments
avatar

အမလေး။ ကျနော်‌ေပြာချင်တာ၊ ဖြစ်နေတာတွေနဲ့ တစ်ထပ်တည်း ကွက်တိပဲ။ အကုန်အကုန်။

0
0
0.000
avatar

တူတူပါပဲ ကိုဒွန်ရယ်။ 😃

0
0
0.000
avatar

ရိုက်လိုက်ပါအုံး

0
0
0.000
avatar

ဖြစ်တတ်ပါတယ်။ ရေးစရာ အကြောင်းအရာ ပြောင်းလိုက်ပါ။ Movie သို့မဟုတ် traveling သို့မဟုတ် ကိုယ်စိတ်ဝင်စားတဲ့ တောတောင်တွေထဲ စက်ဘီးစီး တဲ့ အကြောင်းလေးတွေ.... ရှိပါတယ်အများကြီး။ !PIZZA

0
0
0.000
avatar

ကျနော် နှင့် မဖြစ်လိုက်သော ကောင်မလေးများ ဆိုပြီး ရေးရမယ်
ဟီးဟီး

0
0
0.000