ဈေးအကြောင်း မပြောကြေး

avatar

Hive ဈေးက ကျနေတော့ သူများကို vote ပေးရတာကော၊ ကိုယ် vote ပြန်ရသည့် နေရာမှာကော သိပ်ပြီး အားရစရာ မကောင်းနေခဲ့ပေ။ ပြီး ဒီရက်ပိုင်း ပိုစ့်တွေ vote အရနည်းနေခဲ့၏။ ဘာကြောင့်ရယ်တော့ မသိပေ။ ဈေးက ကျနေရတဲ့အထဲ vote အရပါ နည်းနေတော့ ရေးရတာတောင် အားမရှိချင်လာတော့ပေ။ အားအားရှိ ငါ့ လာလာပြောနေတာကောဟု ကိုရွှေဟိုက်ကတော့ စိတ်ဆိုး နေမလားပဲ။

ဂိမ်းပိုစ့်လည်း မရေး ဖြစ်သေးပေ။ Upgrade လုပ်ဖို့ resources တွေ မလုံလောက်နေသေးတာရယ် တခုစ နှစ်ခုလောက်ပဲ upgrade လုပ်ဖြစ်နေသေးတာမို့ မရေး ဖြစ်နေသေးခြင်း ဖြစ်၏။ မျှော်မှန်းထားသလို အတွဲအဖက် အစုအပေါင်းလိုက် upgrade လုပ်ဖြစ်ရင်တော့ ဂိမ်းပိုစ့် ပြန်ရေး ပါဦးမည်။

MOON ဘက် ရောက်သွားတာနဲ့ Moon Karts ဘက် ‌မရောက် ဖြစ်သေးပေ။ Colony Token လည်း ထပ်ပြီး Staking မလုပ် ဖြစ်သေးပေ။ အင်း သူ့ဘက်လည်း လှည့်ပေးရပေလိမ့်ဦးမည်။ ဂိမ်းပိုစ့်က ရေးရခက်သလားဆိုတော့ မခက်ဟုသာ ဖြေရမည်။ ကိုယ်ရေးတဲ့စာ ကိုယ့်ကိုတော့ နားလည်နေတာပဲ၊ သူများတွေဖတ်ကြည့်လို့ နားမလည်တာ၊ Grammar တွေ မှားနေရင်တော့ မပြောတတ်ပေ။ (မှားနေရင်လည်း ပြောပေးကြပါဦးလို့)

ဘာပဲ ဖြစ်ဖြစ် ဒီကာလကြီးထဲ Hive ရှိနေသေးလို့သာပေါ့။ ကိုယ်ခံစားမိ၊ ကိုယ်ရေးချင်တာလေးတွေ ရေးခွင့်ရနေတဲ့ Online Diary လေး တခုနှယ်ပင်။ ကိုယ့်ဟာကို ဒိုင်ယာရီ ရေးသလို ရင်းနေတာက reward တခုခု ပြန်ရတယ် ဆိုတာက Hive မှာသာ ရနိုင်တဲ့ အရာပင်။

တနေ့ တနေ့ ရေးဖို့၊ ပိုစ့်တင်ဖို့ ပြီးရင် vote ရရာ ရကြောင်း၊ ပေးရာ ပေးကြောင်း ရှာဖွေ ကြံစီနေရတာလေးကလည်း ပျော်စရာပင်။ Hive က ကိုယ်တွေ သတိမထားမိလိုက်စဉ်မှာပင် နေ့စဉ်ဘဝထဲ တဖြည်းဖြည်း တိုးလို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။ လောလောဆယ် Hive က ရသည့် income က လောက်လောက်လားလား ပြစရာ မရှိနေသေးပေမယ့် အချိန်တခု ရောက်လာရင်တော့ အတိုင်းအတာ တခု ဖြစ်လာ ရှိလာမည်မှာ အသေအချာပင်။ ထို့ကြောင့် ဘာတွေ ဘယ်လိုပဲ ဖြစ်နေနေ ရေးစရာရှိရေး တင်စရာရှိ ‌တင်ကြရအောင်လား။



0
0
0.000
4 comments
avatar

ဟုတ်သပ ရေးစရာရှိတာ ရှာကြံ
ရေးနေရမှာပဲ။
!LOLZ!MEME

0
0
0.000
avatar

ရေးလိုက်ကြစို့

0
0
0.000