FA Cup Quarter Final

avatar

EPL week 29 မှာတော့ ပွဲစဉ် အချို့သာ ကစားမည် ဖြစ်၏။ အချို့ အသင်းတွေ FA Cup ကွာတားဖိုင်နယ် ကစားကြရမည် ဖြစ်သောကြောင့် EPL ပွဲစဉ် အချို့ ပိတ်သိမ်းခြင်း ဖြစ်၏။ ကွာတားဖိုင်နယ် အဆင့်မှာ Championship က အသင်း 2 သင်း ပါနေခဲ့၏။ Coventry City နှင့် Leicester City အသင်းတို့ ဖြစ်၏။

Coventry City က လက်ရှိ Championship အမှတ်ပေး ဇယားမှာအဆင့် ၈ နေရာမှာ ရပ်တည်နေသည့် အသင်းလည်း ဖြစ်၏။ ဒီနေ့ည မြန်မာစံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် Wolves အသင်း၏ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစား သွားဖို့ ရှိနေ၏။ Leicester City အသင်းကတော့ Championship မှာ အဆင့် 1 နေရာကနေ ဦးဆောင်ထား၏။ နက်ဖြန် မြန်မာစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် Chelsea အသင်း၏ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

ဒီနေ့မှာ ၁ ပွဲ၊ နက်ဖြန် မှာ ကျန်သည့် ကွာတား ဖိုင်နယ် ပွဲစဉ်များ ကစားသွားဖို့ ရှိ၏။ နက်ဖြန် မနက် ၁၂ နာရီဆိုတော့ တနည်းအားဖြင့် ဒီနေ့မှာ ၂ ပွဲ၊ နက်ဖြန်မှာ ၂ ပွဲဟု ပြောလို့ရမည်။ ပွဲစဉ် အားလုံးကတော့ ပွဲကောင်းတွေ ချည်းပင်။ Man City vs New Castle, Chelsea vs Leicester, Man United vs Liverpool တို့ ဖြစ်၏။

အသည်းကျော် United တို့ Liverpool နှင့် ကွာတားဖိုင်နယ် အဆင့်မှာတင် တွေ့ဆုံနေခဲ့ပြီ ဖြစ်၏။ လက်ရှိ ကစားဟန်၊ ကစားကွက်ပိုင်းမှာ Liverpool က အဖက်ဖက်က သာလွန်နေ၏။ နို့ပေမယ့် ကိုယ်တွေကလည်း အကောင်းဆုံး ကြိုးစားကြမှာမို့ အခွင့်အရေးတော့ ရှိနေပါသေး၏။ ပြီး အိမ်ကွင်း Old Trafford မှာ ကစားရမှာမို့ အိမ်ကွင်း အားသာချက်တော့ ရှိနေသေး၏။

FA Cup သည် United အတွက် ဒီရာသီ တခုထဲ တလုံးထဲသာ ကျန်သော ဖလား ဖြစ်၏။ အဆိုပါ မျှော်လင့်ချက် အိပ်မက်လေး ဆက်မက်ခွင့် ရ၊ မရကတော့ မကြာမီ သိရတော့မည် ဖြစ်၏။ Liverpool ကို ဖြတ်ကျော်ပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားနိုင်ပါစေကြောင်း အားပေးလိုက်ကြပါစို့။



0
0
0.000
2 comments