Germany Did it

မနေ့ မနက် ၇ နာရီခွဲမှာ ကစားသည့် Haiti vs Scotland ပွဲစဉ်မှာတော့ Scotland က ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ Scotland အတွက် အနိုင်ဂိုးကို ပထမပိုင်း ၂၉ မိနစ်မှာ သွင်းယူသွားခဲ့ခြင်း ဖြစ်၏။ ဒုတိယပိုင်းမှာလည်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိဘဲ ၀-၁ ဖြင့်သာ ပွဲပြီးသွားခဲ့လေ၏။
မနက် ၁၀ နာရီခွဲမှာ ကစားသည့် Australia vs Turkey ပွဲစဉ်မှာတော့ Australia က ၂-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပထမပိုင်း ၂၇ မိနစ်နှင့် ဒုတိယပိုင်း ၇၅ မိနစ်တို့မှာ သွင်းယူသွားခဲ့ခြင်း ဖြစ်လေ၏။
လောလောဆယ် ကမ္ဘာ့ဖလား၏ ဂိုးအများဆုံး ပွဲစဉ်ကတော့ Germany vs Curacao ပွဲ ဖြစ်လေ၏။ Germany က ၇-၁ ဖြင့် အနိုင်ရသွားခဲ့၏။ အဖွင့်ဂိုးက ၆ မိနစ်မှာ သွင်းယူ၏။ ၂၁ မိနစ်မှာ Curacao က ပြန်လည် ချေပ၏။ ဘယ်ဆိုးလို့တုံး ရှိသေး ၃၈ မိနစ်နှင့် ၄၅+၅ မိနစ်တို့မှာ Germany တို့က ၂ ဂိုးထပ်မံ သွင်းယူပြီး ၃-၁ ဖြင့် ပထမပိုင်း ပြီးသွားခဲ့လေ၏။

ဒုတိယပိုင်း ၄၇၊ ၆၈၊ ၇၈၊ ၈၈ မိနစ်တို့မှာ ၄ ဂိုး ထပ်မံ သွင်းယူပြီး ၇-၁ ဖြင့် ပွဲပြီးသွားခဲ့လေ၏။ လက်ရှိမှာ FIFA အဆင့် သတ်မှတ်ချက် အဆင့် ၁၀ အသင်းက အဆင့် ၈၂ အသင်းကို မညှာမတာ ဂိုးမိုးတွေ ရွာပစ်ပလိုက်တာဟု ပြောရမည်ထင်။
ဒီနေ့ မနက် ၂ နာရီခွဲမှာတော့ Netherlands vs Japan တို့ ယှဉ်ပြိုင်ကစား၏။ ပထမပိုင်းမှာ ဘယ်သူမှ ဂိုးမသွင်းနိုင်ကြပဲ ၀-၀ ဖြင့် ပြီးသွားခဲ့၏။ ဒုတိယပိုင်း မိနစ် ၅၀ မှာ Netherlands တို့ ဦးဆောင်ဂိုး ရသွား၏။ ၅၇ မိနစ်မှာ Japan တို့က ချေပဂိုး ပြန်လည်သွင်းယူ၏။ ၆၄ မိနစ်မှာ Netherlands တို့ ဒုတိယ ဦးဆောင်ဂိုး သွင်းယူ၏။ ဒါပေမဲ့ အဆိုပါ ဦးဆောင်ဂိုးကို ၈၈ မိနစ်မှာ Japan က ချေပနိုင်ခဲ့ပြန်၏။ တဖက် ၂ ဂိုးစီဖြင့် သရေကျသွားခဲ့လေ၏။
လက်ရှိ အုပ်စု ပွဲစဉ်များ ကစားပြီးသလောက်မှာ အိမ်ရှင် အသင်းအပြင် အာရှက အသင်းတွေ အတော်လေး အခြေအနေကောင်းနေတာကို တွေ့ရ၏။ ဒီမနက် Netherlands vs Japan ပွဲမှာဆို Japan အသင်း၏ ကစားပုံက အတော်လေး ကောင်း၏။ ဦးဆောင်ဂိုးတွေ ပေးလိုက်ရပေမဲ့ နောက်ကနေ ချေပဂိုးတွေ ပြန်လည်လို့ သွင်းယူနိုင်၏။ South Korea ဆိုရင်လည်း ဦးဆောင်ဂိုး သွင်းခါထားရသည့် အနေအထားကနေ ချေပဂိုး အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့၏။ Qatar ဆိုရင်လည်း Switzerland ကို သရေ ကစားထားနိုင်ခဲ့၏။ ဒီနှစ်က အာရှအသင်းတွေ၏ နှစ်များ ဖြစ်နေမလား။
(photos from FIFA World Cup)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPအာရှသားတွေ ဖလား ရမည့်နှစ်လေလားပေါ့။
!LOLZ
!MEME
ရစေချင်ပေမဲ့ လွယ်တော့ မလွယ်။