Get Well Soon

avatar

လွန်ခဲ့သော နှစ်ပတ်လောက်က Sport talk social community မှာ ပိုစ့်တင် ဖြစ်ခဲ့၏။ အပတ်စဥ် စနေ တနင်္ဂနွေ နေ့တွေမှာ တင်မယ် မှန်းထားပေမယ့် မတင် ဖြစ်ခဲ့ပေ။ STS မှာ ပိုစ့်တင်လျှင် sts tokens ရ၏။ ဒါပေမယ့် post voting ကတော့ အတော်လေး နည်းလှ၏။ တခါတလေဆို vote တောင် မရှိတာမျိုးတွေ ဖြစ်တတ်၏။ ကိုယ့် မိတ်ဆွေ လူရင်းတွေကြောင့်သာ vote လေး စိုစိုပြေပြေ ရှိသေး၏။

တကြော့ပြန် ပြန်ရေးတင်မယ် အားခဲထားပြီးမှ ပထမ တပိုစ့်မှာတင် တန့်သွားခဲ့ရ၏။ မြန်မာ လိုချည်းပဲ ရေးလို့ကလည်း မရပြန်ဘူးကိုး။ English လိုလေး ဘာလေး နည်းနည်းပါးပါးကလည်း ထည့်ရေးဦးမှ ရသည် မဟုတ်လား။ ကြိုးစား ပန်းစား ရေးပြီး တင်ကြည့်ပေမယ့် အဆိုပါ Community က ဟုတ်ကို မဟုတ်ပေ။ ကျနော်တို့ Hive Myanmar Community တောင် သူ့ထက် ဟုတ်သေး၏။ သို့နှင့် ထပ်ရေးမယ် ဆိုပြီး ရှေ့ပိုစ့်မှာ ပြောခဲ့ပေမယ့် ထပ် မရေး ဖြစ်တော့ ပြန်ပေ။

လက်ရှိမှာတော့ မူလမိခင် Hive Myanmar Community နဲ့ Rabona official Community မှာပဲ ရေးတင် ဖြစ်၏။ Blockchain gaming Community ဖက်ကို ပြန်လှည့်ရင် ကောင်းမလားဟုလည်း တွေးမိသေး၏။ Dcrop ပြန်ဆော့ပြီး သွားရေးတင်လျှင်တော့ ရမည်။ ခက်တာက ကျနော် ဖြစ်၏။ မျက်နှာစာ အများကြီး ဖွင့်ပြီး မရေးနိုင်ပေ။ ခု နှစ်ခုနဲ့တင် တော်တော် အလုပ်ရှုပ်နေခဲ့ပြီ ဖြစ်၏။ ဒါတောင် တချို့ ရက်တွေမှာ Main LOA ကနေ update news, information တွေ ထွက်လာပါက loamyanmar ကနေ ပိုစ့်တင် ရတာတွေ ဘာတွေ ကရှိသေး၏။

ဒါပေမယ့် သွားပြီး တင်ကြည့်ဖို့ တေးထားသည့် Community လေးတွေတော့ ရှိ၏။ Shadow hunter နှင့် Beer Community ဖြစ်၏။ တနေ့နေ့တော့ သွားပြီး တင်ကြည့်ဦးမည်။ ဒီလိုပဲ ရေကြည်ရာ မြက်နုရာလေး ရှာရင်းပေါ့လေ။

ထိုသို့ ပြောမှ Rabona founder ကြီး နေပြန်မကောင်းသေးဘူးထင်။ ခုထိ စာလည်းမလာ သတင်းလည်း မကြား။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ vote ပေးဖို့ ကိုယ်စားလေး ဘာလေး ခွဲပေးခဲ့ ထားပေးခဲ့လျှင် မကောင်းပေဘူးလား။ ကိုယ်ချင်းမစာ မနာ ပြောခြင်းတော့ မဟုတ်ပေ။ အဆိုပါ founder ကြီး မြန်မြန်သက်သာ ကျန်းမာလာစေဖို့ ကျနော်တို့ Rabona ဝိုင်းတော်သားတွေက ဆုတောင်း နေကြမှာ အမှန်ပင် ဖြစ်၏။



0
0
0.000
9 comments
avatar
(Edited)

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped donjaun (x1)
@donjaun(5/5) tipped @kachinhenry (x1)
kachinhenry tipped donjaun (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar



@myothuzar you !PIMP, the HiQ Smart Bot has recognized your request and will start the trail now. !PIZZA


Delegate HP to @hiq.hive, BEE to @hiq.bee,
PHOTO to @hiq.photo, FUN to @hiq.fun,
ONEUP to @hiq.oneup or PIMP to @hiq.pimp
to support the HiQ Smart Bot and its trails,
and grab "massive" rewards!

If you have at least 10 HIQS staked
and your daily limit is not exceeded,
then juicy votes will follow!

Check out HiQ - The Hivestyle Magazine,
fomo into HiQs - The Support Token
& vote our fucking Witness!

This is a semi automatically created manual curation. !LOL
Currently this sexy Smart Bot is in the testing phase though.
For further questions, feel free to contact @hiq.redaktion via comment or Discord.

0
0
0.000
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

HiveFest⁷ Meetings Contest
HiveFest⁷ - Participate in the Balls of Steel tournament and get a new badge
New badge - LEO Power Up Day - September 15, 2022
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

မြန်မာ LOA ကော members အတော်လေး များလာပြီလား။ Group ဖွဲ့ထားသေးလား..? !PIZZA

0
0
0.000
avatar

Telegram မှာပဲ ရှိတယ် ကိုဟင်ဗျ။ Hive မှာတော့ Global loa community လုပ်ထားပြီးပြီဗျ။
!PIZZA

0
0
0.000