How I Click

တနှစ်တိတိ ပျက်ရက် မရှိ ကလစ် နိုင်ခဲ့သဖြင့် ဝမ်းသာ ဂုဏ်ယူမိ၏။ ပျက်ရက် မရှိ ကလစ်နိုင်ဖို့ကိုသာ တစိုက်မတ်မတ်တွေးပြီး ကလစ်ခဲ့၏။ စစချင်းသာ မလွယ်ဘူးလို့ ထင်ရတာပါ။ နည်းလမ်းရသွားရင်က လွယ်သွားရော။ ဒါတောင် ကျနော်က တမင် အချိန်သက်သက် ပေးပြီး ကလစ်ခြင်း မဟုတ်ပေ။ တခုခု လုပ်နေရင်းက ကလစ်ခြင်း ဖြစ်၏။ အားရင် အားသလို၊ အချိန်ရရင် ရသလို ကလစ်လေ့ ရှိ၏။

အမေ့ကို ချက်ပြုတ်ဖို့ ကူညီပေးနေရင်းလည်း ကလစ်၏။ အဝတ်ကို အဝတ်လျှော်စက်ထဲ လှည့်နေ၊ ထည့်ထားရင်းလည်း ကလစ်၏။ သူငယ်ချင်း အိမ်တွေ ဘာတွေ သွားလည်တဲ့အခါမျိုးမှာလည်း စကားပြောရင်း ကလစ်၏။ Futsal ကွင်းမှာတောင် အချိန် ရရင် ရသလိုလေး ကလစ်၏။ သူငယ်ချင်းတွေနဲ့ အပြင်ဘာညာ ဆိုင်ထိုင်ဖြစ်ရင်လည်း အခြေအနေ အချိန်အခါကို ကြည့်ပြီး ကလစ် ဖြစ်၏။

သီးသီးသန့်သန့် ကလစ်ဖြစ်တာကတော့ ညဘက်ပိုင်း ဖြစ်၏။ laptop ကနေ YouTube ကြည့်၊ ဒါမှ မဟုတ် ရုပ်ရှင်ကြည့်ရင်း ကလစ် ဖြစ်၏။ ဘောလုံးပွဲ ရှိတဲ့ရက်တွေဆိုရင်တော့ ဘောလုံးပွဲကြည့်ရင်း ကလစ် ဖြစ်၏။ ထိုသို့ လုပ်ရာကနေ multitasking skill တွေတောင် တိုးတက်လို့ လာခဲ့၏။ ဘာပဲ ပြောပြော ဘယ်လိုပဲ ဖြစ်ဖြစ် ကလစ်နိုင်ဖို့က အဓိက မလား။

တချို့ရက်တွေဆို တနေ့ကုန် မဝင် ဖြစ်ဘဲ ညမှ ဝင်ဖြစ်သည့် ရက်တွေလည်း ရှိ၏။ target မပြည့်လို့ မစိမ်းဘဲ ဝါနေသည့် ရက်အချို့လည်း ရှိခဲ့၏။ points 10 ကျော်ပဲ ရသည့်ရက်တွေလည်း ရှိခဲ့သလို points 400 ကျော်သည့် ရက်မျိုးတွေလည်း ရှိခဲ့၏။ အများအားဖြင့်တော့ target ပြည့်မှီအောင် အဝါရောင် ကျော်လွန်၍ အစိမ်းရောင်ထိ ဖြစ်အောင် ရောက်အောင် ကလစ်နိုင်ခဲ့၏။

ခုပုံစံလေးကို ဆက်ထိန်းထားပြီး အချိန်ရရင် ရသလို ကလစ်နေဦးမှာ ဖြစ်၏။ ကိုယ်တတ်နိုင်သည့်ဘက်ကနေ ပါဝင်နေဦးမှာ ဖြစ်၏။ မြေပြင်က သူရဲကောင်းတွေလို ဘယ်လို တိုက်ပွဲ ဝင်ခဲ့တာပေါ့ဟု ပြောပြစရာ မရှိပေမယ့် ဘယ်လို ကလစ်ခဲ့တာပေါ့ ဆိုပြီး ပြောပြလို့ ရသွားပြီပေါ့လေ။



0
0
0.000
6 comments
avatar

!hiqvote

0
0
0.000
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) but the mana is too low. Try again later.

As a consolation, @donjaun gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103
0
0
0.000