ခရီးဆက်ဆဲ

avatar

Hive က ခုထိတော့ ပြန် တက် မလာသေးပေ။ ပုံကျသွားအောင် အရိုက်ခံထားရသည့် သူတယောက်နှယ် တော်တော်နဲ့ကို ပြန်ထ မလာနိုင်သေးပေ။ အင်းခု တခေါက် ရိုက်ချက်ကလည်း ပြင်းသကိုး။ FTX ဂယက်က တော်ရုံမှ မဟုတ်ဘဲကိုး။ ထိုကိစ္စ ကြောင့်ပင် crypto market ကြီးက ကမောက်ကမတွေ ဖြစ်ကုန်ရတော့၏။ စျေးတွေ ဇောက်ထိုး ဆင်းကုန်၏။ စျေးကား တက်ရ ခက် (ကြာ) သလောက်၊ ကျသည့် နေရာမှာတော့ လွယ် (မြန်) လွန်းလှ၏။ ကျနေချိန်မှာ ဝယ်ထားချင်သူများအဖို့ အဆင်ပြေပေမယ့် မဝယ်နိုင်သေးသူ ကျနော်တို့လို သူများ အဖို့မှာတော့ မချင့်မရဲနဲ့ ငြီးတွား နေရုံသာ။

တနေ့က Group ထဲ ကိုဟင်က Gathering လုပ်သည့် အချိန်ကို မေးတော့ နေ့ရက် အချိန်ကို ပြောပြရင်းက ထိုစဥ်က အကြောင်းတွေကို ပြန် သတိရမိသေး၏။ 2018 ကတည်းက ဆိုပေမယ့်လည်း ပြန်တွေးကြည့်မိတော့ မနေ့ တနေ့က အလားပင်။ အပြင်မှာ မရင်းနှီး မဆုံဖူးဘဲ online ကနေသာ သိရှိရသည့် လူအများကြီးကို အပြင်မှာ တစုတဝေးထဲ ဆုံရလိမ့်မယ်လို့ တခါသားမှ မတွေးခဲ့ဖူးပေ။

ပထမ အကြိမ် ပုဂံ gathering ကို ပြောက ကသက်ကို အလိုလို သတိရမိလေ၏။ သူနဲ့ MSC (MHC) သည် ခွဲမရသည့် အရာတွေဖြစ်ချေ၏။ ငဗစ်နဲ့ ငစစ်ကြောင့် နောက်ထပ် gathering တွေလည်း မလုပ်နိုင်တော့ပေ။ ပုဂံ gathering အပြီးမှာ နောက်တကြိမ်ကို ကျနော်၏ တောင်ကြီး သို့မဟုတ် ဒိုမီလေး၏ ရွှေကူမြို့မှာ လုပ်ကြမယ်ဟု တေးထားခဲ့ကြ၏။ ခုထိတော့ အကောင်အထည် မဖော်နိုင်သေးပေ။ ခေတ်ကောင်း အခြေအနေကောင်းကို ပြနိစောင့်ရပေလိမ့်ဦးမည်။

ငဗစ်နဲ့ ငစစ်၏ ဒဏ်ကြောင့် ကျနော်တို့ Community လေးလည်း လူတွေ နည်းသွားခဲ့တော့၏။ နောက်နှစ်တွေ အဆင်ပြေလို့ gathering လုပ်ဖြစ်လျှင်တောင် လူ ရှိပါ့မလား၊ လာကြပါ့မလားလို့ တွေးပူနေမိ၏။ Hive စျေးလည်း အထိုက်အလျောက် ဖြစ်နေခဲ့လျှင်တော့ မဆိုးပေ။ ဒီလူ ဒီလူတွေ ထပ်ပြီး ဆုံနိုင်ဖို့ လိုသည် မဟုတ်လား။ MSC ကနေ စခဲ့လိုက်တာ MHC အထိ ကျနော်တို့ အတူတကွ ဖြတ်သန်းလာခဲ့ ကြ၏။ ဆက်ပြီးတော့လည်း အတူတကွ ရှိနေပေလိမ့်ဦးမည်။ ဆင်းသွားသူတွေလည်း ရှိသလို ထပ်ပြီး တက်လာသူတွေလည်း ရှိ၏။ မည်သို့ပင် ဆိုစေ ကျနော်တို့ MHC ရထားကြီးကတော့ ဖြည်းဖြည်း မှန်မှန် ဆက်လက် ခုတ်မောင်းနေဦးမည် ဖြစ်၏။



0
0
0.000
8 comments
avatar

Hive ရထားကြီး စီးလျှက်ပါလေ။
!LOLZ
!MEME
!PIZZA

0
0
0.000
avatar

Did you hear about the Scooby Doo villain who became an Olympic swimmer?
He would have won, if it weren't for all those medaling kids!

Credit: reddit
@donjaun, I sent you an $LOLZ on behalf of @htwegyi

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/6)

0
0
0.000