ကလိမယ်

avatar

ဒီရက်ပိုင်း ထူးထူးခြားခြား ထူးဆန်းနေတာမျိုးတွေ သိပ်မတွေ့ရပေ။ မတွေ့ဆို ကိုယ်တိုင်လည်း သိပ်ပြီး ဖွေဖွေ ရှာရှာ မလုပ်ဖြစ်တာလည်း ပါမည်။ Hive မှာကော၊ ကျနော့် phone အတွက် custom ROM ကော၊ Magisk module အသစ်အဆန်းတွေကောပေါ့။ ဒီရက်ပိုင်း custom ROM ကတော့ အသစ် မထွက်လာသေးပေ။ Lineage Os နှင့် Evolution X တို့သာ ထွက်ထား၏။ နှစ်ခုလုံးကတော့ Android 14 base တွေ ဖြစ်၏။ Alpha Droid တခုတော့ ထပ်ထွက်ထားသေး၏။

Android 14 base custom ROM တခု ဖြစ်သည့် Matrixx project ကို စမ်းသုံးကြည့်တုန်းက အဆင်မပြေ ခဲ့သဖြင့် Android 14 custom ROM တွေကို ထပ်ပြီး စမ်းကြည့်ဖို့ မရဲ ဖြစ်နေသေး၏။ ဆိုခဲ့ဖူးသည့် အတိုင်း firmware တင်ရတာက မကြာ၊ မခက် data backup လုပ်နေရတာက အချိန်ကုန်ပြီး စိတ်ပျက်စရာ ကောင်း၏။ အချိန်တခု စောင့်ပြီးမှပဲ Android 14 custom ROM တွေကို သုံးတော့မည်။ လောလောဆယ်တော့ Android 13 custom ROM လေးကိုပဲ ဆက်သုံးနေပါဦးမည်။

Magisk module တွေကတော့ အသစ်တွေ ရှိပါ၏။ မိမိ သုံးနေသည့် custom ROM နှင့် သင့်တော်သည့် Magisk module မျိုးတော့ ဖြစ်ဖို့ လို၏။ သင့်တော်တာမျိုး ရှိရင်လည်း ကိုယ်က အသုံးလို၊ ကိုယ်နှင့် သင့်တော်သော module မျိုး ဖြစ်ဖို့လို၏။ သို့မှာ အသုံးပြု ဖြစ်မည် မဟုတ်လား။

ခုနောက်ပိုင်းတော့ ယခင်လောက် module တွေ အများကြီး မသုံးဖြစ်တော့ပေ။ ကိုယ်တကယ် ကြိုက်ပြီး အသုံးလည်းတည့် အသုံးလည်းဝင်သည့် module မျိုးတွေပဲ ရွေးချယ် သုံး ဖြစ်တော့၏။ မရှိ မဖြစ် သုံးဖြစ်နေသည့် module ကတော့ အခု ၂၀ ထက်တော့ မပိုပေ။

Android 14 custom ROM သုံးကြည့်ပြီး အဆင်မပြေလို့ Android 13 custom ROM ပြန်တင်တော့ Magisk အစား Kernel SU သုံးမလို့ တွေးလိုက်သေး၏။ သို့ပေမယ့် အကြောင်း ကြောင်းကြောင့် မသုံးဖြစ်ဘဲ Magisk ပဲ ပြန်သွင်း ဖြစ်သွား၏။ ခုဆို A patch ဆိုသည့် root method တခုလည်း ပေါ်ထွက်လာပြီ ဖြစ်၏။ ၃ ခုလုံးကတော့ systemless root တွေ ဖြစ်၏။ Magisk မှာတောင် မူလ Magisk နှင့် မူလကောင်ကို အဆင့်မြှင့်ထားသည့် Magisk Delta ဆိုပြီး ရှိသေး၏။

မကလိရတာ ကြာလို့ ထင်ပါရဲ့၊ ဘာလျှောက်စမ်းကြည့်ရင် ကောင်းမလဲဟု တွေးတော နေမိ၏။ ရှာကြည့် လိုက်ပါဦးမယ်။ နည်းနည်း ဆန်းတာလေးတွေ့တော့လည်း စမ်းကြည့်တာပေါ့။



0
0
0.000
5 comments