ကျောက်ခဲ ရေညှစ်

avatar

fb_img_1638790212152.jpg

တခါတလေ ဘာရေးရမှန်း မသိ။ တော်တော်ကြာ တခါ ထိုသို့ ဖြစ်လေ့ ရှိ၏။ တခါတလေကျ ရေးစရာ ရှိပေမယ့် ထို အကြောင်းအရာ ကို မရေးချင်သေးတာမျိုး ဖြစ်တတ်ပြန်၏။ ခုလည်း ရေးစရာ အကြောင်းအရာ ၂ ခု၊ ၃ ခုလောက် ရှိသော်လည်း မရေးချင်သေးဘဲ ရေးစရာ မရှိ ရေးစရာ ရှာမိနေတတ်၏။ လုပ်စရာကို ပစ်ထားပြီး တမင်ကို အလုပ်မရှိ အလုပ်ရှာမိနေခြင်း ဖြစ်မယ် ထင်၏။ ကျနော်ကား တခါတလေမှာ ထိုကဲ့သို့သော လူမျိုး ဖြစ်၏။ တခြား မပြောနဲ့ ရိုက်ထားသည့် ပုံလေးတွေ ရှိနေတာတောင် Dbuzz မှာ ပိုစ့် မတင်ဖြစ်နေပေ။

ခုတလော စိတ်က နေလို့ သိပ်မကောင်း နေ။ အမှန်တော့ ပျင်းနေတာလည်း ပါတာပေါ့လေ။ ပျင်းတာကလည်း အဆန်း ရေးစရာ ရှိတဲ့ဟာကို မရေးဘဲ မရှိတဲ့ဟာကို မရမက ဖြဲရှာနေမိသည်ကိုး။ စိတ်မပါခြင်းနှင့် ပျင်းရိခြင်းက တပါတည်း တပေါင်းတစီးထဲ ရောက်လာလေတော့၏။ သူတို့ ကျနော့်ထံမှာ အကြာကြီး မနေဖို့တော့ မျှော်လင့် မိ၏။ ခက်တာက သူတို့ အကြောင်းကို သိနေတော့လည်း အနည်းငယ်တော့ စိတ်ပူမိ၏။ မပြောကောင်း ပြောကောင်း အကြာကြီး နေနေရင် ခက်သား မဟုတ်လား။

သွား နှုတ်ပြီးသည့်ရက်ကစလို့ ထိုသို့ ဖြစ်နေခြင်း ဖြစ်၏။ အပျင်း အစား သွားတွေကို သွားနှုတ် ဖြစ်သည် ထင်၏။ ကျနော်နှင့် အပျင်းက ခွဲမရသည့် ဖွားဖက်တော် တွေ ဖြစ်မြင်ထင်။ ဒါပေမယ့် ခုဟာက အရင် ပျင်းသည့် အချိန်တွေ တုန်းကလို မဟုတ်။ ရေးဖို့ မပျင်း၊ ရေးစရာ မရှိတာလည်း မဟုတ်၊ ရေးဖို့ ရှိတာကို မရေးဘဲ မရှိသည့် အကြောင်း အရာကို ရောင်းချင်နေခြင်း ဖြစ်မည်ထင်၏။ ကြောင်တောင်တောင် မောင်ပင်။

img_0.79792691324353.jpg

တခါတလေ ကျနော်တို့က ထိုသို့ပင် ဖြစ်မည်ထင်၏။ ရှိတာကို မေ့ထားပြီး မရှိတာကို တမ်းတမိနေတာမျိုး ဖြစ်မည်။ ထမင်းချည်းချည်း စားနေရသဖြင့် တခါတလေ ခေါက်ဆွဲတို့ ဘာဂါတို့ ပြောင်းစားချင်နေသလားတော့ မသိ။ ဒါပေမယ့် ခုဟာက အစားအစာမှ မဟုတ်ဘဲ။ စာ၊ အကြောင်း အရာ မလား။

ကဒွန်က အတော် ပျင်းတတ်တာပဲဟု မိတ်ဆွေတို့ ပြောကြမည်ထင်၏။ ကျနော့်မှာ ပျင်းနည်းပေါင်း သောင်းခြောက်ထောင် ရှိ၏။ အမေကတော့ မကြာခဏ ငပျင်းကောင်ဟု သမုတ်လေ့ ရှိ၏။ အမေ့စကားပဲ ထပ်စီးသွားလေ သလားတော့ မသိ၊ မကြာခဏ မကြာမကြာ ပျင်းပျင်းနေတော့၏။ ခုတင်ပဲ မရှိတာကို အရှိ လုပ်ချင်နေသည် မဟုတ်လား။



0
0
0.000
14 comments
avatar

ခေါ်သင့်တယ် ငပျင်းခေါင် 😂

0
0
0.000
avatar

ပျင်းတာ အမည်တာဆိုးတာပါဆို သက်သာသဗျ။
!LOL

0
0
0.000
avatar

ပျင်းနည်း​တွေကို အခန်းဆက်​ရေးပါလား ကိုဒွန်😁😄!LOL

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@suhlaing, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

လုပ်လိုက်ရတော့မလားဗျ။

0
0
0.000
avatar

ငုယင် လေးတေနဲ့ မတွေ့သေးလို့ ပျင်းနေတာပါ...!LOL😁😁😁

0
0
0.000
avatar

တစ်ခါတစ်လေ ကျွန်တော်လည်း ဘာပျောက်လို့ ပျောက်နေတယ်မသိဘူး။ ရှာလို့ကိုတွေ့ဘူး 😁😁 !LOL

0
0
0.000
avatar

အဲ့လို ဖြစ်နေကြ ဖြစ်သွားတော့ မရှာ ဖြစ်၊ မရှာချင်တော့ဘူး
လွှတ်ပေးထားလိုက်မိရော

0
0
0.000