ကျောင်း

avatar

fb_img_1638790212152

အိမ်က တူလေးနဲ့ တူမလေး အတွက် ကျောင်းစုံစမ်းရတာလည်း အမော။ ပြီးခဲ့သော ၅ လပိုင်း အကုန်၊ ၆ လပိုင်း လောက် ကတည်းက စုံးစမ်းနေခဲ့ရ၏။ စကစ လက်အောက်ခံ ကျောင်းများကို မအပ်လိုရကား NUG အသိအမှတ်ပြုကျောင်းတွေကို စုံစမ်းရတော့၏။

FOEIM တို့ K4U တို့ ဧရာဝတီဖယ်ဒရယ်စကူးတို့ အစရှိသဖြင့်ပေါ့။ အားလုံးထဲမှာ K4U ကတော့ အတော်လေး နာမည်ပို ထွက်၏။ ကျောင်း၏ အင်္ဂလိပ်စာ သင်ရိုးကြောင့်လည်း ဖြစ်မည် ထင်၏။ လက်ရှိ သင်ရိုးကိုမှ နိုင်ငံတကာ သင်ရိုးတွေနဲ့ တွဲဖက် သင်ကြားပေးသဖြင့် ကျောင်းကို လူသိ ပိုများ၏။ ထို့ပြင် လူသိများ ထင်ရှားသူများကလည်း ကျောင်းအကြောင်းကို အလျဥ်းသင့်သလို ပြောပေးကြရာမှာ K4U ကား အတော်လေး လူသိများ လူကြိုက်များလာခဲ့၏။

ထိုကျောင်းမှာ ထားထားသည့် ကျောင်းသား မိဘများ၏ feedback များအရ ကျောင်း၏ သင်ကြားမှုကလည်း တကယ်ကို ကောင်းမွန် အဆင်ပြေသည်ကို တွေ့နိုင်၏။ ထို့ကြောင့်လည်း ယခု ကျောင်းအပ် ကာလမှာ K4U မှာ အပ်သည့် ကျောင်းသူ ကျောင်းသားများ သိန်းချီသွားခဲ့၏။ စိတ်မကောင်းစရာက ကျောင်းက သောင်းဂဏန်းလောက်သာ လက်ခံနိုင်၏။ အပ်သူက များနေသဖြင့် ကျောင်းတက်ခွင့် ရမရကတော့ ကံနှင့်သာ ဆိုင်တော့ပေမည်။

img_0.07149924114009398

သို့နှင့် K4U မှာ မရလျှင်ဆိုပြီး FOEIM မှာပါ အပ်ထားလိုက်၏။ တကျောင်း မရ၊ တငျောင်းပေါ့။ K4U ကတော့ တပတ်လောက်နေမှ အကြောင်း ပြန်မည် ဆို၏။ FOEIM ကတော့ form ဖြည့်ပြီး နာရီပိုင်း အကြာမှာ mail ပို့လာခဲ့၏။ ကျောင်းလခရယ်လို့ မဟုတ်ပေမယ့် သင်ကြားပေးသည့် ဆရာ၊ ဆရာမများ အတွက် data support တော့ ကောက်ခံ၏။ Data ခ ပေးသွင်းရလို့ ဆိုတာထက် K4U ကို ပိုကြိုက်နေရကား K4U က အကြောင်း ပြန်တာကို စောင့်လိုက်မယ် တွေးထား၏။ K4U မရမှ FOEIM ကို data support လွှဲလိုက်မယ်ပေါ့။

အဲ့ဒီမှာ အချိန်တွေက ကမောက်ကမ ဖြစ်ကုန်တော့၏။ K4U က ကနဦး 10 ရက်၊ 11 ရက်မှာ အကြောင်းပြန်ပေးမည် ဆိုပြီးခါမှ 14 ရက်၊ 15 ရက်မှ အကြောင်း ပြန်မည်ဆိုပြီး ရက်ရွှေ့လိုက်၏။ ခက်ပြီး။ FOEIM က သတ်မှတ် ထားပေးသည့် data လွှဲရက်နဲ့ တိုက်နေခဲ့ပြီ။ မတက်နိုင် FOEIM ကို mail ပို့ထားလိုက်၏။ ရက်စောင့်ပေးလို့ ရလားပေါ့။

K4U က မရပေ။ သို့နှင့် FOEIM မှာ ငွေလွှဲဖို့ သွား ပြန်စစ်ရ၏။ data လွှဲပြီးကြောင်း စလစ်နဲ့အတူ ဖြည့်ပေးဖို့ ပေးထားသည့် form က ဝင်မရပေ။ သွားပြီထင်၏။ သို့နှင့် page messager ကို သွားမေးကြည့်တော့ auto reply ကနေ မူလတန်း အလယ်တန်းက ကျောင်းသားဦးရေ ပြည့်သွားပြီဟု အကြောင်း ပြန်၏။ ရင်မောရပါ၏။ ခုတော့ နှစ်ခုလုံး လွတ်သွားခဲ့ပြီ။



0
0
0.000
7 comments
avatar

ဟုတ်တယ် ကျောင်းအပ် ရတာ မလွယ်ဘူးဖြစ်နေတာပေါ့...!LOLZ !MEME

0
0
0.000