ကျောင်းအပ်လို့ ရပြီ

avatar

fb_img_1638790212152

ကျောင်းက အပ်မရ ဖြစ်ပြီထင်၏။ တရက်သားက အပ်ထားသည့် နှစ်ခုလုံးကလည်း ရသလို၊ မရသလိုနှင့်။ မရဖို့ကတော့ များသွားခဲ့ပြီ။ ဘယ်လို လုပ်ရမယ်မှန်းလည်း မသိတော့ပေ။ တရက်သား အမတဝမ်းကွဲ အိမ်လာလည်တော့ သူ့သားကိုလည်း K4U မှာ အပ်ထားကြောင်း ပြော၏။ ပြီးတက်ခွင့်လည်း ရသည်တဲ့။ ကျောင်းက အကြောင်းပြန်ပေးမည့်ရက်က ၁၄၊ ၁၅ ရက် ဖြစ်၏။ ထိုရက်တွေမှာ မဆက်သွယ်လာလို့ အမက တက်ခွင့်မရဘူးလို့ပဲ ထင်ထားခဲ့၏။ ဒါပေမယ့် ၁၇ ရက်နေ့မှ ဆက်သွယ်လာခဲ့သည် ဆို၏။

အမတဝမ်းကွဲနဲ့ စကား ပြောကြည့်ပြီးနောက် မျှော်လင့်ချက် ရေးရေးလေး ပြန်ရှိလာသလိုလိုပင်။ ဒါပေမယ့် နောက်ရက်မှာ တင်လာသည့် K4U ၏ ပိုစ့်တခုကတော့ အနှီ ခပ်ရေးရေး မျှော်လင့်ချက်လေး ပျောက်ကွယ်သွားတော့၏။ ကျောင်းသား ဆက်သွယ်သည့် ကိစ္စ အလုံးစုံ ပြီးသွားပြီ ဖြစ်ကြောင်းနှင့် ထပ်မံ ဆက်သွယ်စရာ အကြောင်း မရှိတော့ကြောင်းပေါ့။ ထိုပိုစ့် ဖတ်ပြီး ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေခဲ့၏။

img_0.07149924114009398

တခြား NUG အသိအမှတ်ပြု ကျောင်းတွေ လိုက်ရှာ ပြန်တော့လည်း အကုန်လုံးက လူတွေ ပြည့်ကုန်ခဲ့ပြီ။ ကျောင်းအားလုံးက တပြိုင်ထဲ နီးပါး အပ်တာ လက်ခံကြသည်ကိုး။ ပြီး အခြေအနေ အရ အကန့်အသတ်နဲ့သာ လက်ခံပေးနိုင်၏။ အပ်သူ များပြီး တက်ခွင့်ရသူက အတော်လေး နည်းခဲ့၏။ ဘာလုပ် ရမယ်မှန်း မသိ ဖြစ်နေချိန် ဧရာဝတီဖယ်ဒရယ်စကူး က ရက်ပိုင်းလောက်နေလျှင် ကျောင်းသူ ကျောင်းသား အကန့်အသတ်နဲ့ ထပ်မံ လက်ခံပေးမယ် ပြောထား၏။

ထိုရက်ကို စောင့်ပြီး ရအောင် အပ်ရမည်။ နှစ်ရက်လောက်နေတော့ ကျောင်းသား လက်ခံပေးသည့် form လေးတင်ထား ပေးပြီး အပ်နိုင်ကြောင်း ပြောထား၏။ ကျနော်လည်း ခပ်မြန်မြန် form ဖြည့်လိုက်၏။ ရမရကတော့ ကံပေါ့။ ကံကောင်းချင်တော့ ဒီနေ့ အပ်ပြီး နောက်နေ့ ညနေမှာ ဧရာဝတီဖယ်ဒရယ်စကူးမှ သက်ဆိုင်ရာ ဆရာမက ဆက်သွယ်လာပေး၏။ ကလေး နှစ်ယောက်လုံး တက်ခွင့် ရကြောင်း ပေါ့။ အမယ်လေး တော်ပါသေးရဲ့။ ခုမှ ရင်ထဲက အလုံးကြီး ကျသွားတော့၏။

သက်ဆိုင်ရာ သင်ကြားရေး Group တွေထဲ တပါတည်း ထည့်ပေး၏။ နောက်နေ့ အတန်းချိန်မှာ ဝင်ရောက် သင်ကြားရမည် ဖြစ်ကြောင်း တပါတည်း မှာ၏။ အဆင်ပြေ သွားခဲ့လို့ တော်ပါသေး၏။



0
0
0.000
5 comments
avatar

ခုတော့ စာသင်ယူနိုင်ပြီ ဝမ်းသာပါတယ်
!PIZZA

0
0
0.000
avatar

ကျောင်းအပ်လို့ရသွားတာ ဝမ်းသာစရာပါ...!LOLZ !MEME

0
0
0.000